မတ်အတွက်လုပ်ငန်းတော်စည်းဝေးများ
မတ် ၁ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။
၁၇ မိ– “ခရစ်တော်၏သေခြင်းဆိုင်ရာအထိမ်းအမှတ်ပွဲကို ကမ္ဘာချီကျင်းပခြင်း။” မေးဖြေရန်။ ဖေဖော်ဝါရီ ၁၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၁-၁၂၊ အပိုဒ် ၁၀-၁၄ မှမှတ်ချက်များကို ပါဝင်စေပါ။ ကျွန်ုပ်တို့အတွက် ရွေးနုတ်ဖိုးကိုစီမံပေးရန် ယေဟောဝါ၏ကြီးမားသည့်မေတ္တာက ကိုယ်တော်အား မည်သို့လှုံ့ဆော်ပေးခဲ့ကြောင်း အလေးထားတင်ပြပါ။
၂၀ မိ– ဧပြီနှင့်မေတွင် အရန်ရှေ့ဆောင်ရန် လှုံ့ဆော်ပေးသည့်အကြောင်းရင်းများ။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးကာ အရန်ရှေ့ဆောင်ခြင်းကို အလေးအနက်သုံးသပ်ကြရန် အားလုံးကိုတိုက်တွန်းပါ။ ဇန်နဝါရီ ၁၉၉၉ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၇ တွင်တင်ပြထားသည့်အတိုင်း မှန်မှန်နှင့်အရန်ရှေ့ဆောင်များအတွက် တောင်းဆိုထားသည့်နာရီပြုပြင်မှုများကို သုံးသပ်ပါ။ ဤပြုပြင်မှုက များစွာသောသူတို့အား အချိန်ပြည့်လုပ်ငန်းတော်အခွင့်အရေးတွင် ပို၍ပါဝင်နိုင်စေသင့်သည်။ ခရစ်တော်၏ပူဇော်သကာကို ကျွန်ုပ်တို့လေးမြတ်ခြင်းက အခြားသူများအားဟောပြောရာတွင် ကြိုးစားအားထုတ်ရန် ကျွန်ုပ်တို့ကိုမည်သို့လှုံ့ဆော်ပေးကြောင်း ရှင်းပြပါ။ (၂ ကော. ၅:၁၄၊ ၁၅) ဤနှစ်သတိရအောက်မေ့ပွဲသည် ဧပြီလ၏ပထမနေ့တွင် ကျရောက်သည်။ လုပ်ငန်းတော်လုပ်ဆောင်မှုကို တိုးတက်စေရန် တစ်လလုံးလုံးပေးဆက်ဖို့ နိုင်ငံတော်ကြေညာသူအားလုံးအတွက် စေ့ဆော်မှုကောင်းတစ်ရပ်ပါတကား! အရန်ရှေ့ဆောင်လုပ်ငန်းနှင့်သက်ဆိုင်သော ဖေဖော်ဝါရီ ၁၉၉၇ နှင့် မတ် ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်များမှ ရွေးချယ်ထားသည့် ပေါ်လွင်ချက်များကို သုံးသပ်ပါ။ ပြင်ဆင်ပေးထားသည့် နမူနာအချိန်ဇယားများကို အခြေအနေနှင့်လိုက်လျောညီထွေဖြစ်ရန် ပြောင်းလဲနိုင်သည့်နည်းများကို သုံးသပ်ပါ။ ဓမ္မအမှုတွင် အခြားသူများနှင့်အတူပါဝင်ရန် အခွင့်အရေးများစွာရရှိစေသည့် ဒေသခံလုပ်ငန်းတော်အစီအစဉ်များကို သုံးသပ်ပါ။ အစည်းအဝေးပြီးနောက် အရန်ရှေ့ဆောင်လျှောက်လွှာများ ရယူထားကြရန် ကြေညာသူများကို အားပေးပါ။
သီချင်း ၄၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၂၀ မိ– “လာကြရန်ဖိတ်ခေါ်လော့။” မေးဖြေရန်။ စိတ်ဝင်စားသူလူသစ်များကို အသင်းတော်စည်းဝေးများသို့ လမ်းညွှန်ပေးရန် အစဉ်လိုအပ်ကြောင်း အလေးထားတင်ပြပါ။ အသိပညာစာအုပ်၊ စာမျက်နှာ ၁၅၉၊ အပိုဒ် ၂၀ နှင့် စာမျက်နှာ ၁၆၁-၃၊ အပိုဒ် ၅-၈ ပါအကြောင်းအရာကိုသုံး၍ စိတ်ဝင်စားသူတစ်ဦးနှင့်ဆွေးနွေးသည့်အခန်းကို သရုပ်ပြပါ။ ဧပြီ ၁ ရက်တွင် သတိရအောက်မေ့ပွဲကိုတက်ရန် ကျမ်းစာသင်သားများနှင့် အခြားစိတ်ဝင်စားသူများကိုကူညီဖို့ အထူးကြိုးစားကြရန် ယောက်တိုင်းကိုတိုက်တွန်းပါ။ ဖိတ်စာတစ်စောင်ကိုပြပြီး ယင်းကို ထိရောက်စွာ မည်သို့အသုံးပြုနိုင်ကြောင်း ရှင်းပြပါ။ ဤအပတ်တွင် သတိရအောက်မေ့ပွဲဖိတ်စာများကို အားလုံး စဝေသင့်သည်။
၁၅ မိ– “အသင်းတော်အစည်းအဝေးများတွင်—မိသားစုဝင်များ အပြည့်အဝပါဝင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်ပုံ။” မိသားစုတစ်စုဆွေးနွေးရန်။ သူတို့သည် ဆောင်းပါးပါအဓိကအချက်များကို တင်ပြပြောဆိုကြစဉ် မိမိတို့သည် မိသားစုတစ်စုအနေနှင့် အစည်းအဝေးများအတွက် မည်သို့ပြင်ဆင်နိုင်ကြောင်း ဆွေးနွေးကြသည်။ အစည်းအဝေးများတွင် ပါဝင်ရန် တစ်ဦးကိုတစ်ဦးကူညီနိုင်သည့်နည်းများနှင့် အချိန်မီရောက်ရှိရန် လုပ်ဆောင်ရမည့်အရာများကို သူတို့ဆွေးနွေးကြသည်။
သီချင်း ၆၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၁၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ “သင်တက်ရောက်မည်လော” ကိုသုံးသပ်ပါ။
၁၅ မိ– “ဓမ္မအမှုထမ်းများ တန်ဖိုးရှိလုပ်ငန်းကို ဆောင်ရွက်ကြ။” အရည်အချင်းရှိသော ဓမ္မအမှုထမ်းတစ်ဦးဟောရန်။ ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၅၇-၉ တွင်သုံးသပ်ထားသည့် အဓိကအချက်များကို သုံးသပ်ပါ။ အသင်းတော်ကိုအကူအညီပေးရန် ဓမ္မအမှုထမ်းများကို ဒေသခံတွင် မည်သို့အသုံးပြုကြောင်း ရှင်းပြပါ။
၂၀ မိ– ၁၉၉၉ နှစ်ချုပ်စာအုပ်ကိုပျော်မွေ့ခံစားခြင်း။ လင်မယားနှစ်ဦးဆွေးနွေးရန်။ နှစ်ချုပ်စာအုပ်ကို ၁၉၂၇ တွင်စာအုပ်အသွင်ဖြင့် ပထမဆုံးပုံနှိပ်ထုတ်ဝေခဲ့ကြောင်း၊ နှစ်ပေါင်း ၇၀ ကျော်အထိ ယေဟောဝါသက်သေများ၏ ကမ္ဘာတစ်ဝန်းမှမှတ်တမ်းကို ထည့်သွင်းဖော်ပြခဲ့ကြောင်း လင်ဖြစ်သူကရှင်းပြသည်။ သူတို့သည် စာမျက်နှာ ၃၁ ရှိ “၁၉၉၈ စုစုပေါင်းအရေအတွက်များ” ၏ပေါ်လွင်ချက်များကို သုံးသပ်ကြသည်။ ထို့နောက် စာမျက်နှာ ၃-၅ ရှိ “အုပ်ချုပ်ရေးအဖွဲ့မှစာ” ကိုဆွေးနွေးကာ အားပေးထားသည့်အတိုင်း မည်သို့လုပ်ဆောင်ကြမည်ကို မှတ်ချက်ပေးကြသည်။
သီချင်း ၆၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဧပြီတွင် အရန်ရှေ့ဆောင်ကြမည့်သူများ၏အမည်ကို ကြေညာပါ။ လျှောက်လွှာတင်ရန် နောက်မကျလွန်းသေးကြောင်း ရှင်းပြပါ။ ဧပြီလအတွက်ရေးဆွဲထားသည့် လုပ်ငန်းတော်အတွက် စည်းဝေးများ၏အချိန်ဇယားတစ်ခုလုံးကို ပြောပြပါ။ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၁၉၉၉ နှင့် ၁၉၉၉ ပြက္ခဒိန်တွင်ဖော်ပြထားသည့်အတိုင်း မတ် ၂၇-ဧပြီ ၁ အတွက်စီစဉ်ထားသည့် သတိရအောက်မေ့ပွဲကျမ်းစာဖတ်ရှုခြင်းကို လိုက်နာကြဖို့ အားလုံးကိုတိုက်တွန်းပါ။
၁၅ မိ– သတိရအောက်မေ့ပွဲအတွက် ပြင်ဆင်ပါ။ ဟောပြောရန်။ အားလုံးသည် ကျမ်းစာသင်သားများနှင့် အခြားစိတ်ဝင်စားသူများအား သတိရအောက်မေ့ပွဲကို တက်ရောက်ရန်ကူညီပေးဖို့ အစီအစဉ်များပြုလုပ်သင့်သည်။ တက်ရောက်သူလူသစ်များသည် အထိမ်းအမှတ်များကို မည်သူတို့သုံးဆောင်မည်ဖြစ်ကြောင်း သို့မဟုတ် ဤအထိမ်းအမှတ်ပွဲကျင်းပခြင်း၏အရေးပါမှုတို့အကြောင်းကို နားလည်မည်မဟုတ်ပေ။ ဧပြီ ၁၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၆-၈ တွင်ဖော်ပြထားသည့်အရာများကို သုံးသပ်ကာ စိတ်ဝင်စားသူလူသစ်များအား ဤအထိမ်းအမှတ်ပွဲ၏ အဓိပ္ပာယ်နှင့်ရည်ရွယ်ချက်ကို နားလည်ရန် မည်သို့ကူညီပေးနိုင်ကြောင်း တင်ပြပါ။ “သတိရအောက်မေ့ပွဲ နှိုးဆော်ချက်များ” ကိုသုံးသပ်ကာ ဒေသခံသတိရအောက်မေ့ပွဲအစီအစဉ်များကို ဖော်ပြခြင်းဖြင့် နိဂုံးချုပ်ပါ။
၂၀ မိ– ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း။ အကြီးအကဲသည် ဤဘရိုရှာ (မြန်မာလိုရသောအခါ) ၏တန်ဖိုးနှင့် အသုံးပြုပုံကို အရည်အချင်းရှိ ကြေညာသူနှစ်ဦးသုံးဦးနှင့်ဆွေးနွေးသည်။ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် (ဤဘရိုရှာကို မြန်မာလိုရသည့်အခါ) ယင်းကို ကျွန်ုပ်တို့လေ့လာသောအခါ ဤဘရိုရှာနှင့် ပို၍အကျွမ်းတဝင်ရှိလာမည်။ သင်သည် ယင်းကို လယ်ကွင်းလုပ်ငန်းတွင် ထိရောက်စွာသုံးနေသလော။ အုပ်စုသည် အောက်ပါတို့ကိုဆွေးနွေးကြသည်– ဤအကြောင်းအရာကို လူများစွာ အဘယ်ကြောင့် စိတ်ဝင်စားကြသနည်း။ မှားယွင်းသောဘာသာရေးသွန်သင်ချက်များနှင့်ဆန့်ကျင်လျက် ဤဘရိုရှာသည် မည်သည့်မျှော်လင့်ချက်ကို ပေါ်လွင်စေသနည်း။ စိတ်ဝင်စားမှုကို နှိုးဆွပေးရန် နောက်ကျောမျက်နှာဖုံးရှိမေးခွန်းများကို ကျွန်ုပ်တို့မည်သို့အသုံးပြုနိုင်သနည်း။ ဤဘရိုရှာကိုဝေငှရန် မည်သည့်အခွင့်အလမ်းများရှိနေသနည်း။ စာမျက်နှာ ၂၇၊ အပိုဒ် ၁၄ ရှိကျမ်းချက်များကိုသုံး၍ တင်ဆက်ပုံတစ်ခုကို သရုပ်ပြပါ။ ဤဘရိုရှာကို ကောင်းစွာအသုံးချရန် နိုးနိုးကြားကြားရှိနေကြဖို့ အားလုံးကိုတိုက်တွန်းပါ။
သီချင်း ၉၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၉ တွင်စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ မတ်လအတွက် လယ်ကွင်းမှတ်တမ်းများပေးကြရန် အားလုံးကို ဆော်သြပါ။ ဧပြီလအတွင်း ကင်းမျှော်စင်နှင့် နိုးလော့!ကို ကျွန်ုပ်တို့ဝေငှကြမည်။ နောက်ဆုံးထုတ်မဂ္ဂဇင်းများကိုပြကာ အလေးပေးတင်ပြနိုင်သည့်ဆောင်းပါးများကို အကြံပြုပြီး တိကျသောစိတ်ဝင်စားစရာအချက်အချို့ကို ဖော်ပြပါ။ အားလုံးသည် တောင်းဆိုဘရိုရှာကို တစ်ပါတည်းယူဆောင်ကာ စိတ်ဝင်စားသူများနှင့် ကျမ်းစာသင်အံမှုများစရန် ယင်းကိုအသုံးပြုသင့်သည်။
၁၅ မိ– ဒေသလိုအပ်ရာများ။
၁၈ မိ– သွန်သင်ချက်ကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။ အကြီးအကဲတစ်ဦးဟောရန်။ ကျွန်ုပ်တို့၏သဘောထား၊ ပြုမူနေထိုင်ပုံ၊ ပေါင်းသင်းဆက်ဆံမှု သို့မဟုတ် အသင်းတော်လုပ်ငန်းများတွင်ပါဝင်ခြင်းနှင့်စပ်လျဉ်းသည့် သွန်သင်ချက်ကို ကျွန်ုပ်တို့အားလုံးခံယူကြသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် သွန်သင်ချက်ကို ခုခံချေပ သို့မဟုတ် ဗွေယူတတ်ကြသည်။ သွန်သင်ချက်ကို လိုလိုလားလားလက်ခံကျင့်သုံးခြင်းသည် ကျွန်ုပ်တို့၏ဝိညာဏကောင်းစားရေးအတွက် အရေးပါနိုင်သည်။ ကျွန်ုပ်တို့သည် သွန်သင်ချက်ကို လက်ခံတန်ဖိုးထားသင့်သည့် အကြောင်းရင်းများကို ပေါ်လွင်စေသည့် အရေးပါသောအကြောင်းအချက်များကို သုံးသပ်ပါ။—ဧပြီ ၁၊ ၁၉၈၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၇-၃၀ [လိပ်] ရှု။
သီချင်း ၁၁၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။