ကြေညာချက်များ
▪ စက်တင်ဘာတွင်ဝေငှရန်စာပေ– ထာဝရအသက်ရစေသောအသိပညာ။ အောက်တိုဘာ– ကင်းမျှော်စင်နှင့် နိုးလော့!တစ်စောင်ချင်းစီ။ ပြန်လည်ပတ်မှုများတွင် စိတ်ဝင်စားမှုတွေ့လျှင် နှစ်စဉ်ကြေးကမ်းလှမ်းနိုင်သည်။ နိုဝင်ဘာ– ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း သို့မဟုတ် ထာဝရအသက်ရစေသောအသိပညာ။ ဒီဇင်ဘာ– ထာဝရအသက်ရစေသောအသိပညာ။
▪ ဓမ္မအမှုတွင်ပါဝင်သောအခါ နားမကြားသူများကို သင် တွေ့ကောင်းတွေ့ပေမည်။ သင့်နယ်မြေတွင်လုပ်ဆောင်နေသော လက်ဟန်ခြေဟန်ပြစကားပြောအုပ်စု သို့မဟုတ် အသင်းတော်တစ်ခုရှိလျှင် မြန်မာနိုင်ငံရှိအသင်းတော်အားလုံးထံသို့ရေးသော အသင်းမ၏ အောက်တိုဘာ ၁၅၊ ၁၉၉၈ ရက်စွဲပါစာတွင် ပေးထားသည့်ညွှန်ကြားချက်ကို လိုက်နာသင့်သည်။ ၎င်းစာက ဤသို့ရှင်းပြသည်– “သင့်အသင်းတော်ရပ်ကွက်တွင်ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ လက်ဟန်ခြေဟန်ပြစကားအပါအဝင် အခြားဘာသာစကားပြောသူများကို မှတ်သားထားရန် ကျေးဇူးပြု၍ ဆက်လိုက်ပေးပါပုံစံကို အသုံးပြုပါမည်။ ယေဘုယျအားဖြင့် နိုင်ငံတော်သတင်းကို စိတ်ဝင်စားမှုမပြသူအတွက်ပင် ဤရည်ရွယ်ချက်အတွက် အသုံးပြုသင့်သည် . . . ကျေးဇူးပြု၍ ဆက်လိုက်ပေးပါပုံစံကို ဖြည့်စွက်ပြီးနောက် အသင်းတော်အတွင်းရေးမှူးကို တိုက်ရိုက်ပေးသင့်သည် သို့မဟုတ် နိုင်ငံတော်ခန်းမရှိ လယ်ကွင်းလုပ်ငန်းမှတ်တမ်းသေတ္တာတွင် ထည့်သင့်သည်။” ကြေညာသူတစ်ဦးစီသည် ဤနည်းဖြင့် ပူးပေါင်းလုပ်ဆောင်ရန် နိုးကြားနေခြင်းဖြင့် လက်ဟန်ခြေဟန်ပြစကားပြောအသင်းတော်များသည် မိမိတို့၏နယ်မြေတွင်ရှိသည့် နားမကြားသူများ၏စာရင်းကိုပြုစုနိုင်ပါမည်။
▪ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို စက်တင်ဘာ ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစော စစ်ဆေးသင့်သည်။ ယင်းသို့ပြုပြီးနောက် အသင်းတော်အားကြေညာပေးပါ။
▪ ပြန်ဝင်ချင်စိတ်ရှိသည့် နှင်ထုတ်ခံရသူ သို့မဟုတ် ပေါင်းသင်းမှု ရပ်စဲခံခဲ့ရသူများနှင့်ပတ်သက်၍ ဧပြီ ၁၅၊ ၁၉၉၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၂ ပါညွှန်ကြားချက်များကိုလိုက်လျှောက်ကြရန် အကြီးအကဲများကို နှိုးဆော်ပါသည်။
▪ အသင်းတော်နှင့်ပူးပေါင်းသူများသည် ကင်းမျှော်စင်နှင့် နိုးလော့!အတွက် ကိုယ်ပိုင်နှစ်စဉ်ကြေးအပါအဝင် နှစ်စဉ်ကြေးအသစ်နှင့် နောက်နှစ်အတွက်ပြန်ယူခြင်းတို့ကို အသင်းတော်မှတစ်ဆင့်ပို့ပေးရမည်။
▪ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသည့်စာအုပ်စာတမ်းများကို အသင်းမဖြည့်စွက်ပေးမည်မဟုတ်ပါ။ ကိုယ်ပိုင်စာပေစာတမ်းယူလိုသူအားလုံးသည် စာအုပ်စာတမ်းတာဝန်ခံညီအစ်ကိုအား အသိပေးနိုင်ရန် အသင်းတော်၏လစဉ်စာအုပ်စာတမ်းမှာယူသည့်စာရင်းကို အသင်းမသို့မပို့မီ ဦးစီးကြီးကြပ်မှူးသည် လစဉ်ကြေညာပေးရန် စီစဉ်ပေးပါမည်။ မည်သည့်စာအုပ်များသည် အထူးမှာယူရသည့်စာအုပ်များဖြစ်သည်ကို ကျေးဇူးပြု၍မမေ့ပါနှင့်။
▪ ၁၉၉၈ “ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများသည် တက်ရောက်သူအားလုံးအတွက် အမှန်ပင်ကောင်းချီးဖြစ်ခဲ့သည်။ တက်ရောက်ခဲ့သူများထဲတွင် အသင်းတော်များမှ ရက်ရောသည့်အလှူငွေများ၏အကူအညီဖြင့် မိမိတို့၏နေရင်းတိုင်းပြည်များသို့ ပြန်လည်ပတ်နိုင်ကြသောသာသနာပြုများနှင့် အပြည်ပြည်ဆိုင်ရာအမှုထမ်း ၂,၇၆၄ ယောက်ပါဝင်သည်။ ဤအစီအစဉ်၏ထောက်ပံ့မှုသည် အလွန်လေးမြတ်ခံခဲ့ရသည်။ ဤစည်းဝေးကြီးများ၏နိဂုံးနှင့်အတူ ယင်းရည်ရွယ်ချက်အတွက်လှူဒါန်းခဲ့ကြသော ကျန်ရှိသည့်ရန်ပုံငွေများကို ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအား ထောက်ပံ့ရန်အသုံးပြုပါမည်။
▪ ရရှိနိုင်သောစာအုပ်စာတမ်းများ–
အသိပညာ— မြန်မာ
ထာဝစဉ်အသက်ရှင်— (အကြီး) မြန်မာ၊ အင်္ဂလိပ်; (အသေး) အင်္ဂလိပ်၊ တယ်မီလ်
အကြီးမြတ်ဆုံးလူသား— တရုတ်၊ တယ်မီလ်၊ ဟင်ဒီ
သီချင်းစာအုပ်— (အကြီး) အင်္ဂလိပ်၊ တယ်မီလ်; (အသေး) အင်္ဂလိပ်၊ မြန်မာ
ကျိုးကြောင်းဆင်ခြင်— အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်
သီအိုကရက်တစ်ဓမ္မအမှုကျောင်း လမ်းညွှန်စာအုပ်— မြန်မာ
ဗျာဒိတ်ကျမ်း— တယ်မီလ်
ဖန်ဆင်းခြင်း— (အကြီး၊ အသေး) အင်္ဂလိပ်
လူငယ်များအမေး— အင်္ဂလိပ်၊ နပါလီ
ဘုရားသခင်ကိုလူသားများရှာပုံတော်— အင်္ဂလိပ်
နှစ်ချုပ်စာအုပ် (၁၉၉၉)— အင်္ဂလိပ်
ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း (၁၉၉၉)— မြန်မာ၊ တယ်မီလ်
ပြက္ခဒိန် (၁၉၉၉)— အင်္ဂလိပ်
ကမ္ဘာသစ်ဘာသာပြန်ကျမ်း— (အကြီး၊ အသေး) အင်္ဂလိပ်
ဘုရားသခင်သည်ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော၊ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်— နပါလီ
ဘုရားသခင်၏လမ်းညွှန်မှု—ပရဒိသုသို့သွားရာလမ်း (ဘရိုရှာ)— အင်္ဂလိပ်
ကမ္ဘာသားဘဝ— တယ်မီလ်
တောင်းဆို— လားဟူ