ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၉ စာ. ၇
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရေးပေါ်ဆေးကုသမှုအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ယုံကြည်ခြင်းအတွက် စိန်ခေါ်ချက်ဖြစ်သောဆေးဘက်ဆိုင်ရာအခြေအနေကိုရင်ဆိုင်ရန် အသင့်ရှိပြီလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • သင့်သားသမီးများကို သွေးအလွဲသုံးခြင်းမှ ကာကွယ်ပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • သွေးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၉/၉၉ စာ. ၇

မေးခွန်းသေတ္တာ

▪ အရေးပေါ်ကိစ္စအတွက် သင်ပြင်ဆင်ထားသလော။

ခေတ်သစ်လောကတွင် “အချိန်နှင့် ကြိုတင်မမြင်နိုင်သောဖြစ်ရပ်” သည်သွေးသွင်းရန်ဖိအားပေးမှုအပါအဝင် ဆေးဘက်ဆိုင်ရာအရေးပေါ်ကိစ္စတစ်ခုကို ပေါ်ပေါက်စေရန် ပေါင်းစပ်လေ့ရှိသည်။ (ဒေ. ၉:၁၁၊ ကဘ) ကျွန်ုပ်တို့သည် ထိုကဲ့သို့ဖြစ်ပျက်လာနိုင်သည့်ကိစ္စတစ်ခုအတွက် ပြင်ဆင်ထားနိုင်ရန် ယေဟောဝါသည် မိမိ၏အဖွဲ့အစည်းမှတစ်ဆင့် နည်းများစွာဖြင့် အကူအညီပေးထားသည်၊ သို့သော် ကျွန်ုပ်တို့အပိုင်းကိုလုပ်ဆောင်ရန် ကိုယ်တော်မျှော်လင့်တော်မူသည်။ သင့်အားကူညီရန် စာရင်းတစ်ခုကို အောက်တွင်ဖော်ပြထားသည်။

• လက်ရှိကြိုတင်ဆေးဘက်ဆိုင်ရာညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်ကို အချိန်တိုင်းယူဆောင်သွားပါ။

• သင့်သားသမီးများသည် လက်ရှိစိစစ်ရေးကတ်ကို ယူဆောင်သွားကြောင်း သေချာစေပါ။

• သင့်ကလေးအတွက်ကုသမှုနှင့်စပ်လျဉ်း၍ ဆရာဝန်များ၊ တရားသူကြီးများနှင့် မည်သို့ကျိုးကြောင်းဆင်ခြင်ပြောဆိုရမည်ကို ပြင်ဆင်လေ့ကျင့်ပေးသည့် အောက်တိုဘာ ၁၉၉၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်ကို ပြန်သုံးသပ်ပါ။

• သွေးအစိတ်အပိုင်းများ၊ သွေးအစား အခြားကုထုံးများနှင့်ပတ်သက်သည့် ဆောင်းပါးများကိုသုံးသပ်ပါ။ (အကြံပြုထားသည့်ဆောင်းပါးများ– ကင်းမျှော်စင်၊ အောက်တိုဘာ ၁၊ ၁၉၉၄၊ စာမျက်နှာ ၃၁; ဇွန် ၁၊ ၁၉၉၀၊ စာမျက်နှာ ၃၀-၁ [လိပ်]; မတ် ၁၊ ၁၉၈၉၊ စာမျက်နှာ ၃၀-၁ [လိပ်]; နိုးလော့!၊ ဒီဇင်ဘာ ၈၊ ၁၉၉၄၊ စာမျက်နှာ ၂၃-၇ [လိပ်]; ဩဂုတ် ၈၊ ၁၉၉၃၊ စာမျက်နှာ ၂၂-၅ [လိပ်]; နိုဝင်ဘာ ၂၂၊ ၁၉၉၁၊ စာမျက်နှာ ၁၀ [လိပ်]; နှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ အောက်တိုဘာ ၁၉၉၂ နှင့် နိုဝင်ဘာ ၁၉၉၀ ကြားညှပ်များ။ ၎င်းတို့ကို အသင့်ရရှိနိုင်ရန်အတွက် ဖိုင်တစ်ခုတွင်သိမ်းထားပါ။)

• သင်သည် ကိုယ်ခန္ဓာပြင်ပမှသွေးလှည့်ပတ်ပေးသည့်စက်များအား အသုံးပြုခြင်းကိုခွင့်ပြုမပြု သို့မဟုတ် သွေးအစိတ်အပိုင်းများပါဝင်သည့် ထုတ်လုပ်ပစ္စည်းများကို သင်လက်ခံမခံ ဩတ္တပ္ပစိတ်ဖြင့်ဆုံးဖြတ်ပါ။ (သင်သည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ခိုင်မာသောကိုယ်စားလှယ်လွှဲစာကို ဖြည့်မည်ဆိုလျှင်—ယင်းသို့ပြုခြင်းသည်သင့်တော်ကာ—သင့်ကိုယ်ပိုင်အသိတရားရှိရှိရွေးချယ်သောကုသမှုကို အတိအလင်းဖော်ပြရန် ထိုပုံစံစာရွက်ပေါ်တွင် စီစဉ်ပေးထားသည်ကို သင်တွေ့ရပါလိမ့်မည်။)

• ဖြစ်နိုင်မည်ဆိုလျှင် ဆေးရုံမတက်မီ သင့်အား အကူအညီပေးနိုင်ရန် အကြီးအကဲများအား အသိပေးထားကာ လိုအပ်လျှင် ဆေးရုံဆက်သွယ်ရေးကော်မတီ (ဆဆတ) ကိုဆက်သွယ်ပါ။ ကလေးငယ်တစ်ဦး၏ကိစ္စတွင် ဆဆတကိုစောစောအကြောင်းကြားထားရန် အကြီးအကဲများအားပြောပါ။

သင် သွေးငြင်းပယ်ကြောင်းကို အတိအလင်းဖော်ပြပါ– ညီအစ်ကိုညီအစ်မအချို့သည် မိမိတို့သွေးမသွင်းလိုကြောင်းကို ကုသမည့်ဆရာဝန်များအား အချိန်ကပ်မှပြောပြကြကြောင်း မှတ်တမ်းများကဖော်ပြသည်။ ယင်းသည် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအပေါ် မမျှတရာရောက်ပြီး သွေးသွင်းခံရမည့်အန္တရာယ်ရှိစေသည်။ ဆရာဝန်များသည် သင်၏တိကျသောညွှန်ကြားချက်များကိုဖော်ပြထားကာ လက်မှတ်ထိုးထားသော စာရွက်စာတမ်းများဖြင့်ထောက်ခံထားသည့် သင့်ခံယူချက်များနှင့် ဆန္ဒများကိုသိမည်ဆိုလျှင် သူတို့အတွက် ကြန့်ကြာမှုမရှိဘဲ ဆက်လက်ဆောင်ရွက်ရန် အကူအညီဖြစ်စေကာ သွေးမဲ့ကုသမှုအတွက် သူတို့အား ထပ်ဆင့်ရွေးချယ်ခွင့်များရရှိစေလေ့ရှိသည်။

ဆေးဘက်ဆိုင်ရာအရေးပေါ်ကိစ္စသည် အချိန်အခါမရွေးပေါ်ပေါက်နိုင်သောကြောင့်၊ အများအားဖြင့် သင် လုံးဝမမျှော်လင့်သည့်အချိန်တွင် ပေါ်ပေါက်နိုင်ကာ သင့်ကိုယ်ကိုနှင့် သင့်သားသမီးများအား သွေးသွင်းခြင်းမှကာကွယ်ရန် ယခုပင် အရေးယူလုပ်ဆောင်ပါ။—သု. ၁၆:၂၀; ၂၂:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ