ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၀ စာ. ၈
  • မပျက်မကွက်ပြန်သွားပါလေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မပျက်မကွက်ပြန်သွားပါလေ!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြန်လည်ပတ်မှုများက ကျမ်းစာသင်အံမှုများရရှိစေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ပြန်လည်ပတ်မှုများပြုလုပ်ရန် ရဲစွမ်းသတ္တိရှိပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • မလွဲမရှောင် ပြန်လည်ပတ်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • “တလိုတလားရှိ” သူများကို ကူညီပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၄/၀၀ စာ. ၈

မပျက်မကွက်ပြန်သွားပါလေ!

၁ “စကားပြောလို့အရမ်းကောင်းတာပဲ! အဲဒီကိုပြန်လည်ပတ်ဖို့ မှတ်ထားရမယ်။” သင်သည် ထိုစကားမျိုးကိုပြောပြီး နောင်တွင် ထိုသူနေထိုင်သည့်နေရာကို မေ့သွားဖူးသလော။ ထိုသို့ဖြစ်လျှင် မပျက်မကွက်ပြန်သွားစေနိုင်သည့် တစ်ခုတည်းသောနည်းမှာ ယင်းကိုရေးမှတ်ထားခြင်းဖြစ်ကြောင်း သင်သိပါသည်။

၂ အားလုံးကိုရေးမှတ်ထားပါ– စိတ်ဝင်စားသူတစ်ဦးနှင့်စကားပြောဆိုရသည်ကို သင်မှတ်မိနေတုန်း လည်ပတ်မှုနှင့်ပတ်သက်သော သက်ဆိုင်သည့်အချက်အလက်အားလုံးကို ခဏလေးအချိန်ယူ၍ ရေးမှတ်ပါ။ ထိုသူ၏နာမည်နှင့် သူ့ကိုသင်မှတ်မိနိုင်မည့်ပုံတို့ကို ရေးမှတ်ထားပါ။ သူ၏လိပ်စာကိုရေးမှတ်ထားပါ၊ ယင်းကိုမှန်းဆခြင်းမပြုပါနှင့်၊ သင်ရေးမှတ်သည့်အရာ မှန်ကန်ကြောင်းသေချာစေရန် စစ်ဆေးပါ။ သင်ပြောခဲ့သည့်အကြောင်းအရာ၊ ဖတ်ခဲ့သည့် မည်သည့်ကျမ်းချက်မဆိုနှင့် ဝေငှခဲ့သည့်စာပေတို့ကို ရေးမှတ်ပါ။

၃ နောက်တစ်ခါလည်ပတ်သည့်အခါ ဖြေဆိုရန် ထိုသူကိုမေးခွန်းတစ်ခုမေးခဲ့လျှင် ယင်းကိုရေးမှတ်ထားပါ။ ထိုသူ၊ သူ၏မိသားစု သို့မဟုတ် သူ၏ဘာသာနှင့်ပတ်သက်၍ တစ်ခုခုကိုသင်သိထားသလော။ သိထားလျှင် ယင်းကို ရေးမှတ်ထားပါ။ သို့ပြုလျှင် နောက်တစ်ကြိမ်သွားသည့်အခါ ၎င်းနှင့်ဆိုင်သည့် သင်၏ဖွင့်ဟချက်များသည် ထိုသူအပေါ် သင်၏ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုကို ထင်ရှားစေပါမည်။ နောက်ဆုံး၌ သင်ဦးဆုံးအကြိမ်သွားခဲ့သည့် ရက်နှင့်အချိန်၊ သင်ပြန်လာမည်ဟု ပြောခဲ့သည့်အချိန်တို့ကို ပါဝင်စေပါ။ မှတ်စုများကောင်းကောင်းထားခြင်းဖြင့် သင်သည် ကောင်းစွာမှတ်မိနေမည်ဖြစ်ပြီး ပြန်လာမည်ဟု သင်ပေးခဲ့သည့်ကတိကို မေ့စရာအကြောင်းနည်းပေမည်။—၁ တိ. ၁:၁၂။

၄ သင့်မှတ်တမ်းပြည့်စုံသည်နှင့် ယင်းကို အမြဲအရန်သင့်ဖြစ်နေစေရန် ကျန်သင့်လယ်ကွင်းလုပ်ငန်းသုံးပစ္စည်းများ—လွယ်အိတ်၊ ကျမ်းစာအုပ်၊ ကျိုးကြောင်းဆင်ခြင် စာအုပ်နှင့် စာအုပ်စာတမ်း—တို့နှင့်အတူထားပါ။ လူမတွေ့ခဲ့သည့်အိမ်များအား သီးခြားဖြစ်သောတစ်အိမ်မှတစ်အိမ်မှတ်တမ်းများတွင် မှတ်သားကာ၊ ပြန်လည်ပတ်မှုများကိုမှတ်ထားရန် သီးသန့်တစ်ရွက်အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်၏။ အမှန်မှာ၊ တိကျမှန်ကန်သည့် ပြန်လည်ပတ်မှုမှတ်တမ်းမည်မျှပင်ထားပါစေ အရေးကြီးသည်မှာ မပျက်မကွက်ပြန်သွားဖို့ဖြစ်သည်!

၅ ထိုသူအကြောင်းစဉ်းစားပါ– ဓမ္မအမှုအတွက်ပြင်ဆင်သည့်အခါ သင့်ပြန်လည်ပတ်မှုမှတ်စုများကို ပြန်သုံးသပ်ပါ။ တစ်ဦးစီအကြောင်းနှင့် နောက်တစ်ခါလည်ပတ်သည့်အခါ မည်သည့်ချဉ်းကပ်နည်းကိုသုံးလျှင် အကောင်းဆုံးဖြစ်မည်တို့ကို စဉ်းစားပါ။ အိမ်တွင်းကျမ်းစာသင်အံမှုကို ထိုသူစိတ်ဝင်စားလာရန် မည်သို့ပြုရမည်ကို စဉ်းစားပါ။ ထိုကဲ့သို့စီစဉ်ထားခြင်းက သတင်းကောင်း၏ဓမ္မအမှုဆောင်တစ်ဦးအနေနှင့် သင်၏သီးပွင့်မှုကိုတိုးများစေနိုင်ကာ ဤသို့ဖြင့် သင့်ပျော်ရွှင်မှုတိုးများလာမည်ဖြစ်သည်။—သု. ၂၁:၅က။

၆ ထို့ကြောင့် နောက်တစ်ခါ နားထောင်သူတစ်ဦးကိုတွေ့လျှင် အလွယ်တကူမှတ်မိနိုင်သည်ဟု မယူဆပါနှင့်။ ယင်းအစား ရေးမှတ်ထားပါ၊ သင့်မှတ်စုများကို ပြန်သုံးသပ်ပါ၊ ထိုသူအကြောင်းဆက်၍စဉ်းစားနေကာ မပျက်မကွက်ပြန်သွားပါ!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ