ငယ်ရွယ်သူများရနိုင်သည့်အခွင့်အရေးတစ်ခု
၁ ယခုမိဘဖြစ်နေကြသူများစွာသည် သမ္မာတရားတွင် ကြီးပြင်းလာသောကလေးများအနေနှင့် သူတို့ရရှိခဲ့သည့်အခွင့်အရေးတစ်ခု—မဂ္ဂဇင်းနေ့လုပ်ငန်း—ကိုတမ်းတသတိရကြသည်။ ယင်းလုပ်ငန်းကို အသင်းတော်အားလုံးတွင် ၁၉၄၉ ခုနှစ်၌ စတင်ခဲ့သည်။ တစ်ပတ်လျှင်တစ်ရက် လမ်းများပေါ်၊ တစ်အိမ်မှတစ်အိမ်၊ တစ်ဆိုင်မှတစ်ဆိုင်နှင့် အခြားနည်းများဖြင့် ကင်းမျှော်စင် နှင့် နိုးလော့! ဖြန့်ဝေခြင်းကို ယောက်တိုင်းအာရုံစိုက်ရန်ဖြစ်သည်။ အထူးသဖြင့် ငယ်ရွယ်သောကြေညာသူများသည် ဤလုပ်ငန်းတွင်ပါဝင်ရန် စောင့်မျှော်ခဲ့ကြသည်၊ အကြောင်းမှာ ယင်းလုပ်ငန်းသည် သူတို့အား အသင်းတော်ရှိလူကြီးများကဲ့သို့ လုပ်ငန်းတစ်ခုတည်းတွင် ပါဝင်ခွင့်ရရှိစေသည်။ သင် ကလေးဘဝက ဤသို့ပင်ဖြစ်သလော။
၂ သင့်ကလေးများကို ပါဝင်စေပါ– တံခါးဝတွင် ကျမ်းစာဆွေးနွေးမှုတစ်ခုကိုအစပြုရန် အဆင်သင့်မဖြစ်သေးသော အလွန်ငယ်ရွယ်သည့်ကလေးများပင် မဂ္ဂဇင်းများကိုဝေငှနိုင်သည်။ ယင်းသို့ပြုရန် တိုတုတ်သည့်ဝါကျအနည်းငယ်ဖြင့် ရိုးရိုးကလေးတင်ဆက်နည်းတစ်ခုကိုသာ သိထားဖို့လိုသည်။ မျက်နှာဖုံးရုပ်ပုံကို တိုတိုတုတ်တုတ်ပြောပြရုံဖြင့်ပင် လုံလောက်ပေမည်။ အိမ်ရှင်များစွာသည် ကျွန်ုပ်တို့၏လူငယ်များထံမှ ဂျာနယ်များကို လိုလိုလားလားလက်ခံကာ ဤလူငယ်များ၏ရိုးသားမှုနှင့် အမူအကျင့်ကောင်းအကြောင်း ချီးမွမ်းလေ့ရှိကြသည်။ ဤလုပ်ငန်းသည် အကူအညီအနည်းငယ်ရရုံဖြင့် ကလေးများကောင်းစွာလုပ်နိုင်သည့်အရာဖြစ်ကာ နိုင်ငံတော်သတင်းဖြန့်ချိရာတွင် များစွာအထောက်အကူပြုသည်။ ကလေးများကြီးပြင်းလာသည်နှင့်အမျှ မိဘတို့သည် သူတို့၏သက်သေခံခြင်းစွမ်းရည် ဆက်၍ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးလိုကြမည်မှာအမှန်ပင်။
၃ မဲန်နွယ်လ် သည် အသက်သုံးနှစ်အရွယ်တွင် တစ်အိမ်မှတစ်အိမ်စတင်ဟောပြောခဲ့သည်။ သူ့မိဘများက သူ့အား တိုတုတ်သည့်တင်ဆက်မှုတစ်ခုကို အလွတ်ကျက်မှတ်ရန် သင်ပေးသည်။ သူသည် မိဘတို့နှင့်အတူတွဲ၍ ထက်သန်စွာဟောပြောကာ မဂ္ဂဇင်း၊ ဘရိုရှာနှင့် ဝေစာများစွာကိုဝေငှသည်။ သူသည် အလွတ်သဘောလည်း သက်သေခံသည်။ တစ်ခါက အပန်းဖြေရန် သူ့မိဘများက ပန်းခြံတစ်ခုသို့ သူ့အားခေါ်သွားသည့်အခါ သူသည် ထိုတွင်ရှိသည့် အခြားသူတို့အား ဝေစာအချို့ဝေငှရန် အစပြုလုပ်ဆောင်ခဲ့သည်။ အလွန်ငယ်သေးသော်လည်း ဓမ္မအမှုအတွက် မဲန်နွယ်လ် ၏အားတက်သရောရှိမှုသည် သူ၏မိဘများနှင့် အသင်းတော်တစ်ခုလုံးအတွက် စစ်မှန်သောအားပေးမှုရင်းမြစ်တစ်ခုဖြစ်သည်။—သု. ၂၂:၆။
၄ ၂၀၀၀ ပြည့်နှစ်ယေဟောဝါသက်သေတို့၏ပြက္ခဒိန် ပေါ်တွင် စနေနေ့တိုင်းကို “မဂ္ဂဇင်းနေ့” အဖြစ်သတ်မှတ်ထားသည်။ မိဘတို့၊ သင်တို့၏ကလေးများအား ဤလုပ်ငန်းတော်အခွင့်အရေးတွင် အတတ်နိုင်ဆုံးမှန်မှန်ပါဝင်ရန် ကူညီပေးခြင်းဖြင့် ဤလုပ်ငန်းကို ပြန်လည်စိတ်ဝင်စားကြရန် ကျွန်ုပ်တို့အကြံပြုပါသည်။