ပျော်ရွှင်စွာကျင့်သုံးသူတစ်ဦးဖြစ်ပါ
၁ ယေရှုက မိမိရောက်ရှိချိန်အတွင်း လူအများစုသည် နောဧခေတ်ကကဲ့သို့ “သတိမဲ့နေကြ” မည်ဟုမိန့်ကြားခဲ့သည်။ (မ. ၂၄:၃၇-၃၉) ထို့ကြောင့် နိုင်ငံတော်သတင်းကောင်းကို လူအများစုနားထောင်ကြမည်မဟုတ်ဟု မျှော်လင့်စေသည်။ ကျွန်ုပ်တို့၏ဓမ္မအမှုကိုထမ်းဆောင်စဉ် ရွှင်လန်းသောစိတ်ဓာတ်ထိန်းသိမ်းထားရန် အဘယ်အရာက ကျွန်ုပ်တို့ကို ထောက်ကူပေးနိုင်သနည်း။—ဆာ. ၁၀၀:၂။
၂ ဦးဆုံး၊ ကျွန်ုပ်တို့၏သတင်းတရားနှင့် ဟောပြောခြင်းတာဝန်နှစ်ရပ်စလုံးသည် ဘုရားသခင်ထံမှဖြစ်ကြောင်း စွဲမှတ်ထားရန်လို၏။ ကျွန်ုပ်တို့အတတ်နိုင်ဆုံးကြိုးစားသည့်ကြားမှ ဓမ္မအမှုတွင်တုံ့ပြန်ခြင်းကင်းမဲ့မှုတစ်စုံတစ်ရာသည် စင်စစ်အားဖြင့် ယေဟောဝါကိုငြင်းပယ်ခြင်းဖြစ်၏။ ဟောပြောရာတွင် ကျွန်ုပ်တို့၏သစ္စာရှိမှုသည် ကိုယ်တော့်မျက်နှာသာတော်အပြုံးပန်းကိုရရှိစေကြောင်း သတိရခြင်းက ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျင့်သုံးသူများအနေနှင့် ကျွန်ုပ်တို့၏ရွှင်လန်းမှုနှင့်အတွင်းပျော်ရွှင်မှုကို ထိန်းသိမ်းထားရန် အကူအညီဖြစ်စေပါလိမ့်မည်။—ယာ. ၁:၂၅။
၃ ဒုတိယ၊ ယေဟောဝါ၏ကယ်တင်ခြင်းနည်းလမ်းကိုလက်ခံမည့်သူများ ယနေ့ထိတိုင်ရှိနေသေးသည်။ အများစုသည် ဥပေက္ခာပြုကြမည်ဖြစ်သော်လည်း ဆုံးခန်းကာလ၏အဆုံးပိုင်းဖြစ်သည့် ယခုအချိန်၌ပင် စုသိမ်းရမည့် သိုးကဲ့သို့သောသူများရှိနေသေးသည်။ ကျွန်ုပ်တို့သည် “မည်သူထိုက်တန်ကြောင်းစူးစမ်းရှာဖွေ” ရန် “မည်သည့်မြို့ရွာကိုမဆို” ဆက်၍ဟောနေ၊ သွားနေဖို့လိုသည်။—မ. ၁၀:၁၁-၁၃၊ သမ။
၄ အပြုသဘောထားကိုထိန်းသိမ်းထားပါ– မှားယွင်းသောဘာသာ၏ အလွန်ဆိုးရွားသည့်မှတ်တမ်းက အချို့သူတို့ကို စိတ်ပျက်စေခဲ့ပြီဖြစ်သည်။ အခြားသူတို့မူ ဤအစီအစဉ်စနစ်ကြောင့် “ပင်ပန်းအားလျော့” ခဲ့ကြပြီ။ (မ. ၉:၃၆၊ သမ) အများစုသည် အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံမှုကင်းမဲ့ခြင်းတို့၏ဖိစီးမှုခံရကြပေမည်။ ယင်းကိုနားလည်ထားခြင်းက ကျွန်ုပ်တို့၏လုပ်ငန်းတွင် စွဲစွဲမြဲမြဲရှိနေရန်ကူညီပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ရပ်ကွက်ရှိလူတို့နှင့် အသက်ဆိုင်ဆုံးဖြစ်သောပြဿနာများကို တင်ပြဆွေးနွေးသည့် စကားစမြည်ပြောဆိုမှုများဖြင့်အစပြုရန် ကြိုးစားပါ။ ဘုရားသခင့်နိုင်ငံတော်သည် တစ်ခုတည်းသောဖြေရှင်းနည်းဖြစ်ကြောင်းသိမြင်ရန် သူတို့ကိုကူညီပေးပါ။ သူတို့၏နှလုံးသို့ သတင်းကောင်းရောက်ရှိစေရန် ကျမ်းချက်များနှင့် စာပေတွင်ပါသည့်သတ်သတ်မှတ်မှတ်အချက်များကို အသုံးပြုပါ။—ဟေဗြဲ ၄:၁၂။
၅ “ယေဟောဝါ၏ရွှင်လန်းခြင်းသည် [ကျွန်ုပ်တို့၏] ရဲတိုက်ဖြစ်” ကြောင်း ဘုရားသခင့်နှုတ်ကပါဌ်စကားတော်ကို ပျော်ရွှင်စွာကျင့်သုံးသူတို့ အမြဲသတိရကြသည်။ (နေ. ၈:၁၀၊ ကဘ) ကျွန်ုပ်တို့၏ရွှင်လန်းမှုပျောက်ဆုံးသွားစရာမလိုပေ။ “ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သောမင်္ဂလာရောက်စေသတည်း။ မထိုက်တန်လျှင် သင်တို့ထံသို့ ပြန်လာစေသတည်း။” (မ. ၁၀:၁၃) ကျွန်ုပ်တို့သည် ယေဟောဝါ၏မြင့်မြတ်သောလုပ်ငန်းတွင် စိတ်ရှည်ရှည်ခံရပ်သည်နှင့်အမျှ ကျွန်ုပ်တို့၏ရွှင်လန်းမှုနှင့်ခွန်အားကို ကိုယ်တော် အားသစ်လောင်းပေးကာ ကျွန်ုပ်တို့၏သစ္စာရှိမှုကို ကောင်းချီးပေးတော်မူ၏။