ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၃ စာ. ၈
  • ရှေ့ဆောင်ဓမ္မအမှု၏ ကောင်းချီးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေ့ဆောင်ဓမ္မအမှု၏ ကောင်းချီးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ရှေ့ဆောင်များကို အားပေးထောက်ခံကြောင်း တင်ပြခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ရှေ့ဆောင်များ အပ်နှင်းခံရပြီး ကောင်းချီးများရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ရှေ့ဆောင်လုပ်ငန်းက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ပိုခိုင်ခံ့စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၈/၀၃ စာ. ၈

ရှေ့ဆောင်ဓမ္မအမှု၏ ကောင်းချီးများ

၁၊ ၂။ အဘယ်ကောင်းချီးများသည် ရှေ့ဆောင်ဓမ္မအမှုနှင့် အနီးကပ်ဆက်စပ်နေသနည်း၊ အဘယ်ကြောင့်နည်း။

၁ “တခြားသူတွေကို သမ္မာတရားဝေမျှပေးရာကနေ ရရှိလာတဲ့ ကျေနပ်ရောင့်ရဲမှုမျိုးကို အခြားဘယ်အလုပ်ကမှ မရရှိစေနိုင်ဘူးဆိုတာ ကျွန်တော်သိတယ်” ဟုရှေ့ဆောင်တစ်ဦးကဆို၏။ နောက်တစ်ဦးက ဤသို့ဖော်ပြသည်– “တစ်နေ့တာရဲ့အဆုံးတိုင်းမှာ နှစ်ခြိုက်စွာအိပ်ပျော်သွားပြီး ကျွန်မရဲ့နှလုံးသားက ရွှင်လန်းမှုနဲ့ပြည့်နေတယ်။” ဤရှေ့ဆောင်များသည် ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများကို ခံစားခဲ့ကြရသည့် ညီအစ်ကိုညီအစ်မများကိုယ်စား ထိုသို့ပြောဆိုကြသည်။—သု. ၁၀:၂၂။

၂ အသက်ကယ်တင်သော ဘုရားသခင့်နှုတ်ကပါဌ်တော်အသိပညာကို ဆည်းပူးရန် အခြားသူများအား ကူညီပေးခြင်းသည် စစ်မှန်သောကျေနပ်မှုရရှိစေ၏။ (တ. ၂၀:၃၅; ၁ သက်. ၂:၁၉၊ ၂၀) “သူတို့၏အသက်တာကို ပြောင်းလဲသွားအောင်လှုံ့ဆော်ပေးသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်၏အစွမ်းထက်ပုံကို တွေ့မြင်ရခြင်းသည် စိတ်လှုပ်ရှားဖွယ်ရာဖြစ်ပြီး ယုံကြည်ခြင်းကို ခိုင်ခံ့စေပါသည်” ဟုသက်တမ်းရင့်ရှေ့ဆောင်တစ်ဦးက ရေးသည်။ မှန်ပါသည်၊ လူတို့ကိုကူညီရန်နှင့် ကျမ်းစာသင်အံမှုများကျင်းပရန် မိမိတို့ကိုယ်ကိုအသုံးတော်ခံခြင်းဖြင့် ရှေ့ဆောင်များသည် ဤကဲ့သို့သောကောင်းချီးများကို ခံစားကြရမည်ဖြစ်သည်။

၃၊ ၄။ ရှေ့ဆောင်ခြင်းက ယေဟောဝါကိုမှီခိုအားထားရန် လူတစ်ဦးအား မည်သို့သွန်သင်ပေးသနည်း၊ ယင်းက ဝိညာဉ်ရေးတွင် တိုးတက်လာရန် သူ့အား မည်သို့ကူညီပေးသနည်း။

၃ ယေဟောဝါကို မှီခိုအားထားခြင်း– ဓမ္မအမှုကိုထမ်းဆောင်စဉ် ဘုရားသခင့်ဝိညာဉ်တော်ကို နေ့စဉ် မှီခိုအားထားခြင်းက ရှေ့ဆောင်များအား “ဝိညာဉ်အသီး” သီးရန်ကူညီပေးကာ အကာအကွယ်ဖြစ်စေသည်။ (ဂလ. ၅:၁၆၊ ၂၂၊ ၂၃) ထို့အပြင် ရှေ့ဆောင်များသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အမြဲအသုံးပြုခြင်းကြောင့် သမ္မာတရားကို ကာကွယ်ရန်နှင့် အခြားသူများကို ခွန်အားပေးရန် ကျမ်းစာကို ကျွမ်းကျင်စွာအသုံးပြုတတ်လာကြသည်။ (၂ တိ. ၂:၁၅) ဆယ်စုနှစ်နှင့်ချီ၍ ရှေ့ဆောင်လုပ်ခဲ့သောညီအစ်ကိုတစ်ဦးက ဤသို့ဆိုသည်– “ရှေ့ဆောင်ခြင်းက နက်နဲတဲ့ကျမ်းစာအသိပညာရရှိဖို့ ကျွန်တော့်ကို အကူအညီပေးတယ်။ ရရှိတဲ့အသိပညာကို ယေဟောဝါနဲ့ ကိုယ်တော့်ရည်ရွယ်တော်မူချက်တွေကို လူများစွာသိရှိဖို့ အကူအညီပေးရာမှာ အသုံးပြုခဲ့တယ်။” အလွန်အားရစရာပင်!

၄ မှန်မှန်ရှေ့ဆောင်များသည် အခြားနည်းများစွာဖြင့်လည်း ယေဟောဝါကို မှီခိုအားထားကြသည်။ မိမိတို့၏ရုပ်ပိုင်းလိုအပ်ရာများကိုစီမံရန် ကြိုးစားမှုများအပေါ် ကိုယ်တော်ကောင်းချီးပေးပုံကို တွေ့ မြင်ရစဉ် သူတို့၏ယုံကြည်ခြင်း ခိုင်ခံ့လာသည်။ ၅၅ နှစ်တိုင်တိုင် အမှုဆောင်ခဲ့သည့် အသက် ၇၂ နှစ်ရှိသော မှန်မှန်ရှေ့ဆောင်တစ်ဦးက ဤသို့ဆို၏– “ယေဟောဝါဟာ ကျွန်တော့်ကို ဘယ်တော့မှစိတ်မပျက်စေခဲ့ဘူး။” ထို့အပြင် ရှေ့ဆောင်များသည် အသက်တာကို ရိုးရှင်းစွာထားခြင်းဖြင့် ဘဝ၏စိုးရိမ်ပူပန်မှုများစွာမှ မိမိတို့ကိုယ်ကို ကာကွယ်ကြသည်။ ထိုသို့ကာကွယ်မှုရခြင်းသည် သင့်အတွက် နှစ်သက်စရာဖြစ်သလော။—မ. ၆:၂၂; ဟေဗြဲ ၁၃:၅၊ ၆။

၅။ ရှေ့ဆောင်ခြင်းက လူတစ်ဦးအား ယေဟောဝါထံချဉ်းကပ်ရန် မည်သို့ကူညီပေးသနည်း။

၅ ဘုရားသခင်ထံချဉ်းကပ်ခြင်း– ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးသည် တန်ဖိုးအရှိဆုံး ပိုင်ဆိုင်ရာတစ်ခုဖြစ်၏။ (ဆာ. ၆၃:၃) ယေဟောဝါကိုချစ်ခြင်းကြောင့် ဓမ္မအမှုတွင် ကျွန်ုပ်တို့ အပြည့်အဝပါဝင်သောအခါ ထိုဆက်ဆံရေးသည် ပိုမိုကောင်းမွန်လာသည်။ (ယာ. ၄:၈) ၁၈ နှစ်ကျော်အမှုဆောင်ခဲ့သည့် ရှေ့ဆောင်တစ်ဦးက ဤသို့ဆို၏– “ရှေ့ဆောင်လုပ်ငန်းဟာ ‘ယေဟောဝါရဲ့ ကောင်းမြတ်တော်မူခြင်းအကြောင်းကို မြည်းစမ်း’ ကြည့်ခွင့်ရစေပြီး ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်နဲ့ ဆက်ဆံရေးကိုလည်း ပိုပြီးခိုင်မာအောင် နေ့စဉ်ရက်ဆက် တည်ဆောက်ပေးပါတယ်။”—ဆာ. ၃၄:၈။

၆။ ရှေ့ဆောင်များတွင် အဘယ်အရာရှိရမည်နည်း၊ ရှေ့ဆောင်များအပြင် မည်သူများလည်း အကျိုးခံစားကြရသနည်း။

၆ ရှေ့ဆောင်များသည် ထိုသို့လုပ်ဆောင်နိုင်ဖို့ အခြေအနေရှိရမည့်အပြင် ခိုင်မာသောယုံကြည်ခြင်း၊ ဘုရားသခင်နှင့် အိမ်နီးချင်းအပေါ် စစ်မှန်သောမေတ္တာနှင့် စွန့်လွှတ်မှုများပြုလိုစိတ်လည်းရှိရမည်။ (မ. ၁၆:၂၄; ၁၇:၂၀; ၂၂:၃၇-၃၉) သို့သော် နေရာအနှံ့ရှိ ရှေ့ဆောင်များ၏ ရွှင်ပျသောမျက်နှာများက သက်သေထူသကဲ့သို့ ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများသည် များစွာသာလွန်ထူးကဲသည်။ (မာလ. ၃:၁၀) ဤကောင်းချီးများသည် ရှေ့ဆောင်များအတွက်သာ ကန့်သတ်မထားပေ၊ ရှေ့ဆောင်များပြသည့် မွန်မြတ်သောစိတ်ဓာတ်မှ ၎င်းတို့၏မိသားစုများနှင့် အသင်းတော်လည်း များစွာအကျိုးခံစားကြရသည်။—ဖိ. ၄:၂၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ