မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဩဂုတ် ၁၅
“နာမည်ကောင်းကို လူအများ တန်ဖိုးထားကြတယ်။ တချို့ကျတော့ သူတို့သေပြီးတဲ့နောက် ဘယ်လိုအောက်မေ့ခံရမလဲဆိုတာကိုတောင် သိချင်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဒေသနာ ၇:၁ [ကဘ] ကိုဖတ်ပါ။] လူနဲ့ရော ဘုရားသခင်နဲ့ပါ နာမည်ကောင်းရရှိနိုင်ပုံကို ဒီ ကင်းမျှော်စင် က ဆွေးနွေးထားတယ်။”
နိုးလော့! ဩဂုတ် ၂၂ [လိပ်]
“မိတ်ဆွေ ဒါမှမဟုတ် မိတ်ဆွေရဲ့မိသားစုဝင်တစ်ဦး အနိုင်ကျင့်ခံခဲ့ရဖူးတယ်ဆိုရင် အဲဒါဟာ ဘယ်လောက်စိတ်သောကရောက်စေနိုင်သလဲဆိုတာ မိတ်ဆွေသိမှာပါ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီလထုတ် နိုးလော့! က အနိုင်ကျင့်ခံရသူတွေအတွက် လက်တွေ့ကျတဲ့အကြံပြုချက်တွေကို ဖော်ပြထားတယ်။ ဒီလိုပြဿနာတွေ လုံးဝမရှိတဲ့အသက်တာမျိုး ရရှိမယ့်အချိန်တစ်ချိန်နဲ့ပတ်သက်တဲ့ ဘုရားကတိတော်ကိုလည်း ဆွေးနွေးထားတယ်။” မိက္ခာ ၄:၄ ဖတ်ပါ။
ကင်းမျှော်စင် စက်. ၁
“လူသားတွေရဲ့ ဘာသာတရားအမျိုးမျိုးဟာ ပန်းတိုင်တစ်ခုတည်းကို ဦးတည်နေတဲ့ လမ်းအသွယ်သွယ်သာဖြစ်တယ်လို့ လူအများက ယူမှတ်ကြတယ်။ အခြားသူတွေကတော့ စစ်မှန်တဲ့ဘာသာ တစ်ခုတည်းရှိတယ်လို့ ယုံကြည်ကြတယ်။ အဲဒီအကြောင်းကို မိတ်ဆွေတွေးတောဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကိစ္စကို နားလည်အောင်ရှင်းပြပေးတဲ့ ရှေးပုံဥပမာတစ်ခုကို ဒီမဂ္ဂဇင်းက ဆန်းစစ်ထားတယ်။” မဿဲ ၁၃:၂၄-၃၀ ကိုပေါ်လွင်စေပါ။
နိုးလော့! စက်. ၂၂ [လိပ်]
“ဖက်ရှင်ခေတ်ရေစီးကြောင်းဟာ အခုခေတ် လူများစွာရဲ့အသက်တာကို များစွာသြဇာလွှမ်းမိုးထားတယ်။ တချို့က လူတွေဟာ ဝတ်စားဆင်ယင်မှုနဲ့ အပြင်ပန်းအသွင်အပြင်တွေကို အလေးထားလွန်းတယ်လို့ ယူဆကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] နိုးလော့! က ဖက်ရှင်နဲ့ပတ်သက်တဲ့ မျှတတဲ့အမြင်တစ်ခုကို ဖော်ပြတယ်။” ကောလောသဲ ၃:၁၂ ကိုဖတ်ပါ။