ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၅ စာ. ၈
  • သင်၏ဓမ္မအမှုတွင် မဂ္ဂဇင်းများဝေငှပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်၏ဓမ္မအမှုတွင် မဂ္ဂဇင်းများဝေငှပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • မဂ္ဂဇင်းလုပ်ငန်းအတွက် အချိန်ကန့်သတ်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • မဂ္ဂဇင်းများက နိုင်ငံတော်ကိုကြေညာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ကင်းမျှော်စင် နှင့် နိုးလော့ကို ကောင်းစွာအသုံးပြုခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၂/၀၅ စာ. ၈

သင်၏ဓမ္မအမှုတွင် မဂ္ဂဇင်းများဝေငှပါ

၁၊ ၂။ ကင်းမျှော်စင် နှင့် နိုးလော့ သည် လူတို့၏အသက်တာကို မည်သို့ထိမိစေခဲ့ပြီနည်း။

၁ “စိတ်ဝင်စားဖို့ကောင်းတယ်၊ အခန့်သင့်ဖြစ်တယ်၊ အားရှိစေတယ်။” “ကျွန်မဖတ်ဖူးသမျှဂျာနယ်တွေထဲမှာ . . . အားရစရာအကောင်းဆုံးဂျာနယ်တွေဖြစ်တယ်။” ဤမှတ်ချက်များက ကင်းမျှော်စင်၊ နိုးလော့! တို့နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းရှိ စာရှုသူများ မည်သို့ယူမှတ်ကြသည်ကို ကောင်းစွာဖော်ပြ၏။ မှန်ပါသည်၊ ကျွန်ုပ်တို့၏မဂ္ဂဇင်းများသည် “လူအပေါင်းတို့” ထံသတင်းကောင်းရောက်ရှိစေရာတွင် တန်ဖိုးမဖြတ်နိုင်သောကိရိယာများဖြစ်ကြောင်း ထင်ရှားခဲ့ပေပြီ။—၁ တိ. ၂:၄။

၂ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် သူစိတ်ဝင်စားသည့် အကြောင်းအရာပါသော နိုးလော့! မဂ္ဂဇင်းတစ်စောင်ကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူသည် သူ၏ရာသက်ပန်ယုံကြည်ချက်ဖြစ်သော သုံးပါးပေါင်းတစ်ဆူကို ဆန်းစစ်ရန်လှုံ့ဆော်ပေးသည့် ဆောင်းပါးတစ်ခုပါသော တွဲဖက်ထုတ်ဝေသည့် ကင်းမျှော်စင် ကိုလည်းဖတ်သည်။ ယင်းက သူ၏စိတ်ဝင်စားမှုကို နှိုးဆွပေး၏။ ခြောက်လကြာပြီးနောက် သူ နှစ်ခြင်းခံခဲ့သည်။ နောက်အမျိုးသားတစ်ဦးသည် မဂ္ဂဇင်းများကို ပုံမှန်လက်ခံသော်လည်း ယင်းတို့ကို တစ်ခါမျှမဖတ်ချေ။ အခြားတစ်ဖက်တွင်မူ သူ၏ဇနီးသည် သက်သေခံများကိုရှောင်သော်လည်း သူ၏ခင်ပွန်းထားခဲ့သောမဂ္ဂဇင်းများကို ဖတ်သည်။ ဖြောင့်မတ်သူများနှင့်ပြည့်နေမည့် မြေကြီးပရဒိသုဆိုင်ရာ ကျမ်းစာကတိတော်က သူမ၏နှလုံးကိုထိမိစေခဲ့သည်။ အချိန်တန်သော် သူမ၊ သူမ၏သားနှင့် ညီမတို့သည် ယေဟောဝါ၏ကျေးကျွန်များဖြစ်လာကြသည်။

၃။ မဂ္ဂဇင်းများကို အစုံလိုက်ဝေငှခြင်း၏အကျိုးကျေးဇူးကား အဘယ်နည်း။

၃ ယင်းတို့ကို အစုံလိုက်ဝေငှပါ– အထက်ပါဥပမာများကဖော်ပြသည့်အတိုင်း ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို မည်သူဖတ်ရှုမည်၊ မည်သည့်အရာက သူတို့၏စိတ်ဝင်စားမှုကို နှိုးဆွပေးမည်တို့ကို ကျွန်ုပ်တို့တပ်အပ်မသိနိုင်ချေ။ (ဒေ. ၁၁:၆) ထို့ကြောင့် ကျွန်ုပ်တို့၏တင်ဆက်မှုတွင် ယေဘုယျအားဖြင့် မဂ္ဂဇင်းတစ်စောင်ကိုသာ အသားပေးဖော်ပြမည်ဖြစ်သော်လည်း ကင်းမျှော်စင် နှင့် နိုးလော့! တို့ကို အစုံလိုက်ဝေငှခြင်းသည် အကျိုးရှိ၏။ အချို့သောအခြေအနေများတွင် လည်ပတ်မှုတစ်ခု၌ သီးခြားမဂ္ဂဇင်းလထုတ်များစွာကိုဝေငှရန် သင့်လျော်ပေမည်။

၄။ မဂ္ဂဇင်းလုပ်ငန်းကို ကျွန်ုပ်တို့ မည်သို့စီစဉ်နိုင်သနည်း။

၄ မဂ္ဂဇင်းလုပ်ငန်းတွင် တစ်ပတ်လျှင်တစ်ရက်ပါဝင်ရန် စီစဉ်ထားခြင်းသည် အကျိုးရှိ၏။ ယေဟောဝါသက်သေများ၏ ၂၀၀၅ ခုနှစ်ပြက္ခဒိန် တွင် စနေနေ့တိုင်းကို “မဂ္ဂဇင်းနေ့” အဖြစ်သတ်မှတ်ထားသည်။ မှန်ပါသည်၊ ဒေသနှင့် ကိုယ်ပိုင်အခြေအနေများမတူညီကြသောကြောင့် အချို့သူတို့သည် ကျွန်ုပ်တို့၏ဂျာနယ်များဝေငှခြင်းကို အထူးအာရုံစိုက်ရန် အခြားရက်တစ်ရက်ကို သီးသန့်ထားပေမည်။ ယင်းသည် သင့်ပတ်စဉ်ဇယား၏အစိတ်အပိုင်းတစ်ခုဖြစ်သလော။

၅။ မဂ္ဂဇင်းများဝေငှရန် မည်သည့်အခွင့်အရေးများတွင် ကျွန်ုပ်တို့ နိုးနိုးကြားကြားရှိနေသင့်သနည်း၊ ထိုသို့ပြုရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။

၅ ကိုယ်ပိုင်ပန်းတိုင်တစ်ခုထားပါ– မဂ္ဂဇင်းဝေငှခြင်းနှင့်စပ်လျဉ်းသည့် ကိုယ်ပိုင်လစဉ်ပန်းတိုင်တစ်ခုထားခြင်းက မဂ္ဂဇင်းဝေငှမှုကို ပိုမိုအာရုံစိုက်ရန် ကျွန်ုပ်တို့ကိုကူညီပေးနိုင်သည်။ သင်၌ မဂ္ဂဇင်းလမ်းကြောင်းတစ်ခုရှိသလော။ ဓမ္မအမှုတွင် သင်နှင့်တွေ့ဆုံသူများအား မဂ္ဂဇင်းများဝေငှသလော။ လမ်းပေါ်အမှုဆောင်ရာတွင်၊ စီးပွားရေးရပ်ကွက်တွင်နှင့် လူအများရှိသည့်နေရာများတွင် မဂ္ဂဇင်းများဝေငှနိုင်မည်လော။ သင်သည် ခရီးသွားသည့်အခါ၊ ဈေးသွားသည့်အခါနှင့် ဆေးခန်းကဲ့သို့ စောင့်ဆိုင်းရသောနေရာများသို့ သွားသည့်အခါများတွင် သင်နှင့်အတူ မဂ္ဂဇင်းများယူဆောင်သွားသလော။ ကင်းမျှော်စင် နှင့် နိုးလော့! မှအကျိုးကျေးဇူးခံစားရရန် အခြားသူများကိုကူညီပေးဖို့ သင့်လျော်သည့်အခွင့်အရေးတိုင်းကို ကောင်းစွာအသုံးချပါ။

၆။ မဂ္ဂဇင်းလထုတ်အဟောင်းများကို ကျွန်ုပ်တို့ မည်သို့ကောင်းစွာအသုံးပြုနိုင်သနည်း။

၆ ကျွန်ုပ်တို့တွင်ရှိသည့် မဂ္ဂဇင်းလထုတ်အဟောင်းများကိုဝေငှရန်လည်း ပန်းတိုင်ထားနိုင်သည်။ လထုတ်နေ့စွဲ၏ တစ်လနှစ်လအတွင်း မဂ္ဂဇင်းများကို မဝေငှရသော်လည်း အချက်အလက်များသည် တန်ဖိုးရှိနေဆဲပင်ဖြစ်၏။ ယင်းတို့ကို စိတ်ဝင်စားသူများအား ဝေငှပါ။ ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများသည် လူသန်းပေါင်းများစွာအတွက် “အခန့်သင့် . . . စကားတစ်ခွန်း” ဖြစ်ခဲ့ပေပြီ။ (သု. ၂၅:၁၁၊ ကဘ) နောက်ထပ်သန်းနှင့်ချီသောသူတို့ ယေဟောဝါကိုသိရှိကာ ဝတ်ပြုကိုးကွယ်လာရန် ကူညီပေးဖို့ ယင်းတို့ကို အသုံးပြုကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ