လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇွန် ၁၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ မေ ၁၅ ကင်းမျှော်စင် နှင့် ဇွန် ၈ နိုးလော့ အတွက် တင်ဆက်ပုံကို သရုပ်ပြရန် စာမျက်နှာ ၈ ပါအကြံပြုချက်များကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြုပါ။ အခြားလက်တွေ့ကျသော တင်ဆက်မှုများကို အသုံးပြုနိုင်သည်။ တင်ဆက်မှုတစ်ခု၌ အလွတ်သဘောသက်သေခံရသည့်အခြေအနေအချို့တွင် မဂ္ဂဇင်းများဝေငှနေပုံကို သရုပ်ပြပါ။
၁၅ မိ– နှစ်ခြင်းမခံရသေးသောကြေညာသူများဖြစ်လာရန် အခြားသူများကို ကူညီပါ။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၇၉-၈၁ ကိုအခြေခံ၍ အကြီးအကဲတစ်ဦး ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အသင်းတော်နှင့်အတူ လယ်ကွင်းလုပ်ငန်းတွင်ပါဝင်ရန် ကျမ်းစာတောင်းဆိုချက်များကို ကျမ်းစာသင်သားတစ်ဦး ပြည့်မီ,မမီ ပိုင်းဖြတ်သည့်အစီအစဉ်ကို ဆွေးနွေးပါ။ နှစ်ခြင်းမခံရသေးသည့် ကြေညာသူများအဖြစ် အရည်အချင်းပြည့်မီသော ကျမ်းစာသင်သားများအား တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် စတင်ပါဝင်ရန် ကျွန်ုပ်တို့လေ့ကျင့်ပေးနိုင်ပုံကို နောက်အပတ်တွင် သုံးသပ်ကြမည်။
၂၀ မိ– “ဟောပြောခြင်းက ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့ကိုကူညီပေး။”a ညွှန်းထားသောကျမ်းချက်များနှင့်စပ်လျဉ်း၍ အချိန်ရသရွေ့ မှတ်ချက်ပေးကြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။
သီချင်း ၁၄၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဇူလိုင် ၂၀၀၃ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ မှအဓိကအချက်များကို သုံးသပ်ပါ။ နိုင်ငံခြားဘာသာစကားတစ်ခုဖြင့် စာအုပ်စာတမ်းကို ကြေညာသူများ မည်သို့ရယူနိုင်ကြောင်း ရှင်းပြပါ။ ဤအချက်အလက်များသည် ဒေသခံရပ်ကွက်နှင့် မည်သို့သက်ဆိုင်ကြောင်း ဆွေးနွေးပါ။ နိုင်ငံခြားဘာသာစကား ပစ္စည်းများကို တစ်ခုတည်းအတွက်ဖြစ်လျှင်ပင် မလိုလားအပ်သောကြန့်ကြာမှုမရှိစေဘဲ လိုအပ်သည့်စာအုပ်စာတမ်းရရှိနိုင်ရန် စာအုပ်စာတမ်းအမှုထမ်းမှတစ်ဆင့် တောင်းခံသင့်သည်။
၁၅ မိ– ဘုရားသခင့်နှုတ်ကပါဌ်တော်သည် တန်ခိုးပါ၍အစွမ်းထက်၏။ (ဟေဗြဲ ၄:၁၂) နိုဝင်ဘာ ၁၅၊ ၂၀၀၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၁၊ အပိုဒ် ၁၃-၁၇ ကိုအခြေခံ၍ ဟောပြောရန်။ ကျမ်းစာသွန်သင်ချက်က လူတို့၏ဘဝလမ်းစဉ်ကို ပြောင်းလဲရန် မည်သို့လှုံ့ဆော်ပေးနိုင်ကြောင်း ဖော်ပြသည့် တွေ့ ကြုံမှုများကို ပြောပြပါ။ (က၀၀ ၁/၁ စစ. ၃-၅) ဓမ္မအမှု၏ကဏ္ဍတိုင်းတွင် ကျမ်းစာကို ကောင်းစွာအသုံးပြုကြရန် အားလုံးကို တိုက်တွန်းပါ။
၂၀ မိ– “တိုးတက်သော ကျမ်းစာသင်အံမှုများ ကျင်းပခြင်း—အပိုင်း ၁၀။”b လေ့ကျင့်နေပုံကိုပြသည့် သရုပ်ပြတစ်ခု ပါဝင်စေပါ။ တင်ဆက်မှုတစ်ခုကို သင်သား လေ့ကျင့်သည့်အခါ ကျမ်းစာသင်ပေးသူက အိမ်ရှင်အဖြစ်သရုပ်ဆောင်ပြီး တွေ့ ကြုံလေ့ရှိသောကန့်ကွက်ချက်တစ်ခု တင်ပြသည်၊ သင်သားသည် မည်သို့ပြောဆိုရမည်ကို မသေမချာဖြစ်နေရာ ယင်းအား ကိုင်တွယ်ပုံကို ကျမ်းစာသင်ပေးသူက ရှင်းပြသည်။ ထို့ပြင် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် စတင်ပါဝင်သည့်အခါ သူတို့ရရှိခဲ့သည့် လေ့ကျင့်မှုနှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရန် တစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။
သီချင်း ၂၀၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဇွန်လလယ်ကွင်းလုပ်ငန်း မှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြု၍ ဇွန် ၁ ကင်းမျှော်စင် တင်ဆက်ပုံကို သရုပ်ပြပါ။ အခြားလက်တွေ့ကျသော တင်ဆက်မှုတစ်ခုကို အသုံးပြုနိုင်သည်။ သရုပ်ပြပြီးနောက် အိမ်ရှင်၏စိတ်ဝင်စားမှုကို နှိုးဆွပေးရန် အသုံးပြုခဲ့သည့် နိဒါန်းများကို ပြန်ဖော်ပြပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– ဇူလိုင်နှင့် ဩဂုတ်တွင် ဘရိုရှာများကို ဝေငှခြင်း။ ကြားညှပ်စာရွက်ကိုအခြေခံ၍ ဟောပြောကာ ပရိသတ်နှင့်ဆွေးနွေးရန်။ ဇန်နဝါရီ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ မှ အဓိကအချက်များနှင့်အတူ စာမျက်နှာ ၃ ရှိလေးထောင့်ကွက်ကို ပေါ်လွင်စေကာ ကြားညှပ်စာရွက်အား အသုံးပြုပုံကို အကျဉ်းချုံးရှင်းပြပါ။ ဦးဆုံးအကြိမ်သွားရောက်ချိန်တွင် ဘရိုရှာများဝေငှရန် ဒေသခံရပ်ကွက်အတွက် သင့်လျော်သည့် အကြံပြုချက်များကို ဆွေးနွေးပါ။ တင်ဆက်မှုနှစ်ခု၊ သုံးခုကို သရုပ်ပြပါ။ အနည်းဆုံး သရုပ်ပြတစ်ခုတွင် လူငယ်ကြေညာသူတစ်ဦးအား အသုံးပြုပါ။
သီချင်း ၁၉၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၄ တွင်စမည့်အပတ်
၁၀ မိ–ဒေသကြေညာချက်များ။
၁၅ မိ–မိသားစုဇယားတစ်ခုမှ သင် အကျိုးရရှိနေသလော။ မေ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်မှ အကြံပြုချက်များကို ပြန်သုံးသပ်ပြီး အကြံပြုချက်များကို လက်တွေ့ကျင့်သုံးရန် သူတို့ပြုလုပ်ခဲ့ကြသည့် ကြိုးစားမှုများနှင့် ထိုသို့ပြုလုပ်ခြင်းမှ ရရှိခဲ့သည့် အကျိုးကျေးဇူးတို့နှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။
၂၀ မိ– “လူအများရှိရာနေရာများတွင် ထိရောက်စွာသက်သေခံခြင်း။”c ဒေသခံရပ်ကွက်နှင့်သက်ဆိုင်စေပါ။ သင့်လျော်သည့်အခါ ကျေးဇူးပြု၍ဆက်လိုက်ပေးပါ (S-43) ပုံစံကိုအသုံးပြုကြရန် ကြေညာသူများကို နှိုးဆော်ပါ။—ဖေဖော်ဝါရီ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ၊ စ. ၆ ကိုရှု။
သီချင်း ၁၂၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။