ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၅ စာ. ၄
  • လူများနိုင်သ၍ များများထံရောက်ရှိခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူများနိုင်သ၍ များများထံရောက်ရှိခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ ကမ္ဘာအနှံ့လှုပ်ရှားတက်ကြွနေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ‘သတင်းကောင်းအတွက် အရာခပ်သိမ်းကိုပြုလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • လမ်းခရီးကို ယေဟောဝါပြင်ဆင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • သတင်းကောင်း ဟောပြောနည်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၇/၀၅ စာ. ၄

လူများနိုင်သ၍ များများထံရောက်ရှိခြင်း

၁။ အစောပိုင်းခရစ်ယာန်များသည် လူများနိုင်သ၍များများထံ သတင်းကောင်းရောက်ရှိရန် မည်သို့ပြုလုပ်ခဲ့ကြသနည်း။

၁ ယေရှု၏အစောပိုင်းနောက်တော်လိုက်များသည် နိုင်ငံတော်သတင်းပျံ့နှံ့ရန် ထက်ထက်သန်သန် ကြိုးစားခဲ့ကြသည်။ သူတို့သည် လူများနိုင်သ၍များများထံ သတင်းကောင်းရောက်ရှိရန် လက်တွေ့ကျသောနည်းများကို အသုံးပြုခဲ့ကြသည်။ ခရစ်ယာန်ကျမ်းရေးသူများသည် ရောမအင်ပါယာ၏ နိုင်ငံတကာသုံးစကားဖြစ်သည့် အများသုံးဂရိစကားဖြင့် ၎င်းတို့၏ မှုတ်သွင်းခံကျမ်းများကို ရေးသားခဲ့ကြသည်။ ထို့ပြင် ဒုတိယနှင့် တတိယရာစုရှိ ထက်သန်သောဟောပြောသူများသည် ကိုးကားချက်များကို ဖွင့်ဖတ်ရန် ကျမ်းလိပ်ထက် အသုံးပြုဖို့ ပိုလွယ်သည့် ကိုဒက်ခ်စ်ခေါ် ရှေးလက်ရေးကျမ်းစာအုပ်ကို အသုံးပြုရာတွင် ရှေ့တန်းမှပါဝင်ခဲ့ကြပေမည်။

၂၊ ၃။ (က) ဟေရှာယ ၆၀:၁၆ သည် မျက်မှောက်ခေတ်တွင် မည်သို့ပြည့်စုံလျက်ရှိသနည်း။ (ခ) စင်ကြယ်သောဝတ်ပြုရေးကို တိုးမြှင့်ရန် နည်းပညာကို မည်သို့အသုံးပြုလျက်ရှိသနည်း။

၂ နည်းပညာအသုံးပြုခြင်း– ပရောဖက်ဟေရှာယအားဖြင့် ယေဟောဝါ ဤသို့ကြိုဟောခဲ့သည်– “သင်သည် တစ်ပါးအမျိုးသား [တိုင်းနိုင်ငံ] တို့၏နို့ကို စို့ရလိမ့်မည်။” (ဟေရှာ. ၆၀:၁၆) ဤပရောဖက်ပြုချက်၏ မျက်မှောက်ခေတ်ပြည့်စုံချက်တွင် ယေဟောဝါ၏ကျေးကျွန်များသည် ဟောပြောခြင်းလုပ်ငန်းကို တိုးမြှင့်ရန် တိုင်းနိုင်ငံများ၏ အဖိုးတန်ဥစ္စာအင်ခွင်များကို အသုံးပြုနေသည်။ ဥပမာ၊ စီးပွားရေးလောကတွင် ရုပ်ရှင်ထုတ်လုပ်မှုမအောင်မြင်သေးသည့် ၁၉၁၄ ခုနှစ်တွင် ကျမ်းစာကျောင်းသားများက “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကို စတင်ပြသခဲ့သည်။ ရောင်စုံ၊ အသံအပြည့်အစုံနှင့်အတူ ရှစ်နာရီကြာသော ရုပ်ရှင်နှင့် ရုပ်သေတင်ဆက်မှုသည် သန်းနှင့်ချီသောသူတို့ကို အစွမ်းထက်မြက်စွာ သက်သေခံခဲ့သည်။

၃ ယနေ့ ဘုရားသခင့်လူမျိုးသည် ကျမ်းစာနှင့် ကျမ်းစာစာပေများကို ဘာသာစကားရာနှင့်ချီ၍ ပုံနှိပ်ထုတ်ဝေရန် ထုတ်လုပ်မှုနှုန်းမြန်သည့် ပုံနှိပ်စက်များနှင့် ကွန်ပျူတာထိန်း ကိရိယာများကို အသုံးပြုကြသည်။ မြန်ဆန်သည့် ပို့ဆောင်ရေးနည်းစနစ်များက ကမ္ဘာ့ဝေးလံသောဒေသများသို့ ကျမ်းစာစာပေများပို့ပေးခြင်းဖြင့် ၂၃၅ နိုင်ငံရှိလူတို့ထံ သတင်းတရားရောက်ရှိစေသည်။ ယေဟောဝါသည် သမိုင်းတွင် ယခင်ကထက်ပို၍ လူများများ ကျမ်းစာသမ္မာတရားရရှိစေရန် ထိုသို့သောနည်းပညာကို လက်တွေ့အသုံးချဖို့ မိမိ၏ဝိညာဉ်တော်အားဖြင့် မိမိ၏ကျေးကျွန်များကို စေ့ဆော်ပေးခဲ့သည်။

၄။ အချို့သူတို့သည် လူများများထံ သတင်းကောင်းရောက်ရှိစေရန် ၎င်းတို့၏အသက်တာတွင် အဘယ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြသနည်း။

၄ ကိုယ်ရေးကိုယ်တာ ပြုပြင်ပြောင်းလဲမှုများ– စစ်မှန်သောဝတ်ပြုသူများသည် လူများများထံ သတင်းကောင်းရောက်ရှိစေရန် ကိုယ်ရေးကိုယ်တာ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ဖို့လည်း လှုံ့ဆော်ခံခဲ့ကြရပြီ။ များစွာသောသူတို့သည် ဟောပြောခြင်းလုပ်ငန်းတွင် ပိုမိုပါဝင်နိုင်ရန် မိမိတို့၏အသက်တာကို ရိုးရှင်းစေခဲ့ကြပြီ။ အချို့သူတို့သည် နိုင်ငံတော်ကြွေးကြော်သူများ သာ၍လိုအပ်သည့်နေရာများတွင် အမှုဆောင်ရန် လှုံ့ဆော်ခံခဲ့ကြရပြီ။ အခြားသူတို့မူ နိုင်ငံခြားဘာသာစကားတစ်ခုကို သင်ယူခြင်းဖြင့် မိမိတို့၏ဓမ္မအမှုကို တိုးချဲ့ခဲ့ကြသည်။

၅၊ ၆။ ဒေသခံရပ်ကွက်တွင် လူများနိုင်သ၍များများထံ ရောက်ရှိရန် အဘယ်အရာပြုလုပ်နိုင်သနည်း။

၅ ထို့ပြင် အိမ်တွင်လူရှိမည့် အချိန် နှင့် လူတို့ကိုတွေ့ရှိနိုင်သည့် နေရာ တွင် ဟောပြောခြင်းဖြင့် လူများများထံ သတင်းကောင်းရောက်ရှိနိုင်သည်။ သင့်ရပ်ကွက်ရှိလူတို့ကို နေ့ဘက်တွင် အိမ်၌တွေ့ရလေ့မရှိလျှင် ညနေခင်းများတွင် သက်သေခံရန် သင်၏ဇယားကို ပြုပြင်ပြောင်းလဲနိုင်မည်လော။ သက်သေခံ၍ရသည့် လူအများရှိရာနေရာများရှိသလော။ တယ်လီဖုန်းဖြင့်သက်သေခံခြင်းနှင့် စီးပွားရေးရပ်ကွက်တွင် အမှုဆောင်ခြင်းတို့ကို စမ်းကြည့်ဖူးသလော။ အလွတ်သဘောသက်သေခံရန် အခွင့်အရေးများရှာယူသလော။

၆ ယေဟောဝါ၏နာမတော်နှင့် နိုင်ငံတော်အကြောင်းကို အကြီးအကျယ်သက်သေခံခြင်းတွင် ကျွန်ုပ်တို့ပါဝင်ရခြင်းသည် အခွင့်ထူးပါတကား! လူများနိုင်သ၍များများထံ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ အသက်ပေးသမ္မာတရားကို ဆက်လက်ဝေမျှပေးနိုင်ကြပါစေ။—မ. ၂၈:၁၉၊ ၂၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ