မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇွန် ၁၅
“ကျွန်တော်တို့အများစုဟာ ဘဝတစ်လျှောက်လုံး အလုပ်နဲ့ပဲ အချိန်ကုန်နေကြတယ်။ တချို့က အဲဒါကို ကောင်းချီးလို့ယူမှတ်ကြတယ်၊ တချို့ကတော့ ကျိန်စာသင့်တာလို့ ယူမှတ်ကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဒေသနာ ၂:၂၄ ကိုဖတ်ပါ။] အလုပ်အကိုင်အပေါ် မျှတတဲ့အမြင်ရှိဖို့ သမ္မာကျမ်းစာက ကျွန်တော်တို့ကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းက ဖော်ပြတယ်။ အလုပ်အကိုင်နဲ့ဆက်စပ်နေတဲ့ ဖိစီးမှုကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကိုလည်း ဆွေးနွေးထားတယ်။”
နိုးလော့! ဇူလိုင် ၈
“‘ကမ္ဘာဂြိုဟ်ကို ကယ်တင်နိုင်မလား’ ဆိုတဲ့မေးခွန်းကို မိတ်ဆွေဘယ်လိုဖြေမလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကမ္ဘာ့သယံဇာတတွေဟာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် လျော့ပါးလာနေတယ်။ ဒါပေမဲ့ အားရှိစရာ ဒီကတိပြုချက်ကို သတိပြုပါ။ [ဆာလံ ၁၀၄:၅] ကျွန်တော်တို့ရဲ့ကမ္ဘာဂြိုဟ်ဟာ မကြာခင် ဘယ်လို လုံးဝနာလန်ထူလာမယ်ဆိုတာ ဒီလထုတ် နိုးလော့! က ရှင်းပြတယ်။”
ကင်းမျှော်စင် ဇူလိုင် ၁
“အောင်မြင်နေပုံပေါက်ပေမဲ့ ဘဝမှာ တစ်ခုခုလိုနေတယ်လို့ ခံစားနေရတဲ့လူတွေအကြောင်း ကျွန်တော်တို့အားလုံး သိကြတယ်။ သူတို့ဘာကိုရှာနေကြတယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် မဿဲ ၅:၃၊ ကဘ ဖတ်။] အတွင်းငြိမ်သက်မှုရရှိဖို့ ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးလိုအပ်ရာကို ဖြည့်ဆည်းပေးဖို့လိုတယ်ဆိုတဲ့ အရေးကြီးတဲ့သော့ချက်ကို ဒီမဂ္ဂဇင်းက ဆွေးနွေးထားတယ်။”