ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၈ စာ. ၃-၄
  • သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို ဝေငှနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို ဝေငှနိုင်ပုံ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာမဂေဒုန်
  • သမ္မာကျမ်းစာ
  • သေခြင်း/ရှင်ပြန်ထမြောက်ခြင်း
  • ထာဝရအသက်
  • မိသားစု
  • အိုးအိမ်
  • ယေဟောဝါဘုရားသခင်
  • ယေရှုခရစ်
  • ဆုတောင်းခြင်း
  • ဘာသာရေး
  • ဝမ်းနည်းကြေကွဲမှု/ဆင်းရဲခက်ခဲမှု
  • စစ်/ငြိမ်းချမ်းရေး
  • အကြံပြုထားသောလယ်ကွင်းလုပ်ငန်းတင်ဆက်မှုများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဘုရားသခင့်ထံတော်မှအသိပညာက မေးခွန်းများစွာကိုဖြေကြားပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • သင်တွေ့ရှိသောစိတ်ဝင်စားသူများထံ ပြန်သွားခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ထိုးထွင်းဉာဏ်ဖြင့် ဟောပြောခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၅/၀၈ စာ. ၃-၄

သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို ဝေငှနိုင်ပုံ

ဤကြားညှပ်စာရွက်တွင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို ဝေငှနိုင်ပုံနှင့်ပတ်သက်သည့် အကြံပြုချက်အမျိုးမျိုးပါရှိသည်။ အထိရောက်ဆုံးဖြစ်နိုင်ရန် သင့်ကိုယ်ပိုင်စကားဖြင့်တင်ဆက်ပါ၊ ရပ်ကွက်ရှိလူတို့ထံ သင့်ချဉ်းကပ်ပုံကို အလိုက်သင့်ပြောင်းလဲပါ၊ စာအုပ်တွင်ပါသော ကျမ်းစာဆွေးနွေးမှုစတင်စေနိုင်သည့် အချက်များနှင့် အကျွမ်းတဝင်ရှိနေပါ။ သင့်ရပ်ကွက်တွင်လက်တွေ့ကျသည့် အခြားတင်ဆက်နည်းများကိုလည်း အသုံးပြုနိုင်သည်။​—၂၀၀၅၊ ဇန်နဝါရီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စ. ၈ ကိုရှု။

အာမဂေဒုန်

◼ “လူအတော်များများက ‘အာမဂေဒုန်’ ဆိုတဲ့စကားကိုကြားလိုက်တာနဲ့ သိမ်းရုံးဖျက်ဆီးမှုကြီးလို့ပဲ ထင်ကြတယ်။ တကယ်တော့ အာမဂေဒုန်ဆိုတာ ကျွန်တော်တို့စောင့်မျှော်နေသင့်တဲ့အရာဖြစ်တယ်ဆိုတာ သိရရင် မိတ်ဆွေအံ့သြသွားမလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဗျာဒိတ် ၁၆:​၁၄၊ ၁၅ ကိုဖတ်ပါ။] အာမဂေဒုန်ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ဘယ်လိုအသက်တာမျိုးရရှိမယ်ဆိုတာကို ဒီမှာ ဒီလိုပြောထားတယ်။” စာမျက်နှာ ၈၂-၄ ကိုဖွင့်ကာ အပိုဒ် ၂၁ ကိုဖတ်ပြပါ။

သမ္မာကျမ်းစာ

◼ “သမ္မာကျမ်းစာက ဘုရားသခင့်နှုတ်တော်ထွက်ဖြစ်တယ်လို့ လူတွေပြောလေ့ရှိကြတယ်။ လူတွေရေးခဲ့တဲ့စာအုပ်က ဘယ်လိုလုပ် ဘုရားသခင့်နှုတ်တော်ထွက် ဖြစ်နိုင်မှာလဲဆိုပြီး မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ၂ ပေတရု ၁:၂၁ နှင့် စာမျက်နှာ ၁၉-၂၀ ပါ အပိုဒ် ၅ ကိုဖတ်ပြပါ။] ဒီမေးခွန်းတွေနဲ့ပတ်သက်တဲ့ ကျမ်းစာရှင်းပြချက်ကို ဒီစာအုပ်မှာတွေ့နိုင်တယ်။” စာမျက်နှာ ၆ ပါမေးခွန်းများကိုပြပါ။

◼ “ဒီနေ့ခေတ်လူတွေက တစ်ခါနဲ့မှမတူအောင် သတင်းအချက်အလက်တွေကို ပိုပြီးရရှိနေကြပြီ။ ဒါပေမဲ့ အောင်မြင်ပျော်ရွှင်တဲ့ဘဝမျိုး ရရှိဖို့ ကူညီပေးနိုင်တဲ့အကြံဉာဏ်တွေကို ဘယ်မှာရနိုင်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ၂ တိမောသေ ၃:​၁၆၊ ၁၇ နှင့် စာမျက်နှာ ၂၃ ပါ အပိုဒ် ၁၂ ကိုဖတ်ပြပါ။] ဘုရားသခင်နှစ်သက်တဲ့အပြင် ကျွန်တော်တို့ကိုလည်း အကျိုးပြုမယ့်နည်းနဲ့ ဘယ်လိုအသက်ရှင်နိုင်တယ်ဆိုတဲ့အကြောင်းကို ဒီစာအုပ်ကရှင်းပြတယ်။” စာမျက်နှာ ၁၂၂-၃ ပါ ဇယားကွက်နှင့်ရုပ်ပုံကိုပြပါ။

သေခြင်း/ရှင်ပြန်ထမြောက်ခြင်း

◼ “လူသေပြီးနောက် ဘာဖြစ်သွားသလဲဆိုတာကို လူအတော်များများ စဉ်းစားကြတယ်။ အဲဒါကိုသိနိုင်မယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဒေသနာ ၉:၅ နှင့် စာမျက်နှာ ၅၈-၉ ပါ အပိုဒ် ၅-၆ ကိုဖတ်ပြပါ။] ကျမ်းစာမှာပါတဲ့ ရှင်ပြန်ထမြောက်ခြင်းကတိတော်က သေလွန်သွားတဲ့သူတွေအတွက် ဘယ်လိုအဓိပ္ပာယ်ရှိမလဲဆိုတဲ့အကြောင်းကိုပါ ဒီစာအုပ်မှာ ရှင်းပြထားတယ်။” စာမျက်နှာ ၇၅ ပါရုပ်ပုံကိုပြပါ။

◼ “ကျွန်တော်တို့ချစ်ရတဲ့သူတစ်ယောက် ဆုံးပါးသွားတဲ့အခါ သူ့ကိုပြန်တွေ့ချင်တာက သဘာဝပဲ။ မိတ်ဆွေလည်း အဲဒီလိုပဲမဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းစာမှာပါတဲ့ ရှင်ပြန်ထမြောက်ခြင်းကတိတော်ကြောင့် လူအတာ်များများ နှစ်သိမ့်မှုရရှိခဲ့ကြတယ်။ [ယောဟန် ၅:​၂၈၊ ၂၉ နှင့် စာမျက်နှာ ၇၁-၂ ပါ အပိုဒ် ၁၆-၁၇ ကိုဖတ်ပြပါ။] ဒီမေးခွန်းတွေကိုလည်း ဒီအခန်းမှာဖြေဆိုပေးထားတယ်။” စာမျက်နှာ ၆၆ ပါ နိဒါန်းမေးခွန်းများကိုပြပါ။

ထာဝရအသက်

◼ “လူအတော်များများက ကျန်းမာရေးကောင်းပြီး အသက်ရှည်ချင်ကြတယ်။ အဲဒီလိုသာဖြစ်နိုင်မယ်ဆိုရင် မိတ်ဆွေ ထာဝစဉ်အသက်ရှင်ချင်မလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဗျာဒိတ် ၂၁:​၃၊ ၄ နှင့် စာမျက်နှာ ၅၃-၄ ပါ အပိုဒ် ၁၇ ကိုဖတ်ပြပါ။] ကျွန်တော်တို့ ဘယ်လိုထာဝရအသက်ရနိုင်တယ်၊ ဒီကတိတော် တကယ်ပြည့်စုံလာတဲ့အခါ ဘယ်လိုအသက်တာမျိုးရရှိမယ်ဆိုတာတွေကို ဒီစာအုပ်မှာရှင်းပြထားတယ်။”

မိသားစု

◼ “ကျွန်တော်တို့အားလုံးက ပျော်ရွှင်တဲ့မိသားစုဘဝမျိုး ပိုင်ဆိုင်ချင်ကြတယ်။ မိတ်ဆွေလည်း အဲဒီလိုပဲမဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မိသားစုပျော်ရွှင်မှုအတွက် မိသားစုဝင်ယောက်တိုင်း လုပ်ဆောင်နိုင်မယ့်အရာတစ်ခုအကြောင်းကို ကျမ်းစာမှာဖော်ပြထားတယ်။ အဲဒါကတော့ ဘုရားသခင်ကိုတုပပြီး မေတ္တာပြဖို့ဖြစ်တယ်။” ဧဖက် ၅:​၁၊ ၂ နှင့် စာမျက်နှာ ၁၃၅ ပါ အပိုဒ် ၄ ကို ဖတ်ပြပါ။

အိုးအိမ်

◼ “ဒေသအတော်များများမှာ သင့်တော်တဲ့ဈေးနဲ့ အိမ်ခြံမြေ တစ်လုံးရဖို့ အရမ်းခက်ခဲလာပြီ။ တစ်နေ့ကျရင် လူတိုင်း အိမ်ကောင်း ရာကောင်းရရှိမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဟေရှာယ ၆၅:​၂၁၊ ၂၂ နှင့် စာမျက်နှာ ၃၄ ပါ အပိုဒ် ၂၀ ကိုဖတ်ပြပါ။] ဘုရားသခင်ရဲ့ ဒီကတိတော် ဘယ်လိုပြည့်စုံလာမယ်ဆိုတဲ့အကြောင်းကို ဒီစာအုပ်မှာ ရှင်းပြထားတယ်။”

ယေဟောဝါဘုရားသခင်

◼ “ဘုရားသခင်ကိုယုံကြည်တဲ့ လူအတော်များများက ဘုရားနဲ့ရင်းနှီးချင်ကြတယ်။ ဘုရားသခင်ဆီချဉ်းကပ်ပါလို့ ကျမ်းစာမှာဖိတ်ခေါ်ထားတာကို မိတ်ဆွေသိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ယာကုပ် ၄:၈ နှင့် စာမျက်နှာ ၁၆ ပါ အပိုဒ် ၂၀ ကိုဖတ်ပြပါ။] ကိုယ့်ရဲ့ကိုယ်ပိုင်ကျမ်းစာကို အသုံးပြုပြီး ဘုရားသခင်အကြောင်း ပိုသိရှိလာနိုင်အောင် ဒီစာအုပ်က ကူညီပေးတယ်။” စာမျက်နှာ ၈ မှ နိဒါန်းမေးခွန်းများကိုပြပါ။

◼ “ဘုရားသခင့်နာမတော် ရိုသေလေးမြတ်ခြင်းရှိပါစေလို့ လူအတော်များများ ဆုတောင်းကြတယ်။ အဲဒီနာမက ဘာလဲလို့ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ယေရမိ ၃၃:၂ နှင့် စာမျက်နှာ ၁၉၅ ပါ အပိုဒ် ၂-၃ ကိုဖတ်ပြပါ။] ယေဟောဝါဘုရားသခင်အကြောင်း၊ လူသားတွေနဲ့ပတ်သက်တဲ့ ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း ကျမ်းစာက ဘယ်လိုသွန်သင်တယ်ဆိုတာကို ဒီစာအုပ်မှာရှင်းပြထားတယ်။”

ယေရှုခရစ်

◼ “ကမ္ဘာတစ်ဝန်းမှာရှိတဲ့လူတွေက ယေရှုခရစ်အကြောင်း ကြားဖူးကြတယ်။ ကိုယ်တော်က ထူးချွန်တဲ့လူတစ်ယောက်ပါပဲလို့ တချို့ကပြောကြတယ်။ တချို့ကျတော့လည်း အနန္တတန်ခိုးရှင်ဘုရားသခင်လို့ ပြောကြတယ်။ ယေရှု ဘယ်သူဖြစ်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ယုံကြည်ချက်က အရေးကြီးတယ်လို့ မိတ်ဆွေထင်သလား။” တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ယောဟန် ၁၇:၃ နှင့် စာမျက်နှာ ၃၇-၈ ပါ အပိုဒ် ၃ ကိုဖတ်ပြပါ။ အခန်းခေါင်းစဉ်အောက်ရှိ နိဒါန်းမေးခွန်းများကို ပြပါ။

ဆုတောင်းခြင်း

◼ “ဆုတောင်းချက်တွေကို ဘုရားသခင် ဘယ်လိုဖြေကြားသလဲလို့ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ၁ ယောဟန် ၅:​၁၄၊ ၁၅ နှင့် စာမျက်နှာ ၁၇၀-၂ ပါ အပိုဒ် ၁၆-၁၈ ကိုဖတ်ပြပါ။] ဘုရားသခင်ဆီ ဘာကြောင့်ဆုတောင်းသင့်တယ်၊ ဘုရားသခင်နားညောင်းအောင် ဘာလုပ်ရမယ်ဆိုတာတွေကိုလည်း ဒီအခန်းမှာရှင်းပြထားတယ်။”

ဘာသာရေး

◼ “ကမ္ဘာ့ဘာသာရေးတွေက လူ့ပြဿနာတွေကိုဖြေရှင်းပေးမယ့်အစား အဲဒီပြဿနာတွေရဲ့တရားခံဖြစ်တယ်လို့ လူအတော်များများထင်နေကြတယ်။ ဘာသာရေးက လူတွေကို လမ်းမှန်ပေါ်ရောက်အောင် ပို့ပေးနေတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် မဿဲ ၇:​၁၃၊ ၁၄ နှင့် စာမျက်နှာ ၁၄၅-၆ ပါ အပိုဒ် ၅ ကိုဖတ်ပြပါ။] ဘုရားသခင်နှစ်သက်တဲ့ ဝတ်ပြုရေးကို ခွဲခြားသိမြင်စေတဲ့ အချက်ခြောက်ချက်ကို ဒီအခန်းမှာဖော်ပြထားတယ်။” စာမျက်နှာ ၁၄၇ ပါ အချက်များကိုပြပါ။

ဝမ်းနည်းကြေကွဲမှု/ဆင်းရဲခက်ခဲမှု

◼ “ဝမ်းနည်းဖွယ်အဖြစ်ဆိုးတစ်ခု ကြုံရတဲ့အခါ လူတွေကို ဘုရားသခင် တကယ်ဂရုစိုက်ရဲ့လား၊ သူတို့ရဲ့ဆင်းရဲခက်ခဲမှုတွေကို တွေ့ရဲ့လားဆိုပြီး လူအတော်များများ သံသယဖြစ်ကြတယ်။ မိတ်ဆွေကော အဲဒီလိုစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ၁ ပေတရု ၅:၇ နှင့် စာမျက်နှာ ၁၁ ပါ အပိုဒ် ၁၁ ကိုဖတ်ပြပါ။] လူတွေရဲ့ဆင်းရဲခက်ခဲမှုကို ဘုရားသခင် ဘယ်လိုအပြီးသတ်ဖယ်ရှားပေးမယ်ဆိုတာကို ဒီစာအုပ်မှာရှင်းပြထားတယ်။” စာမျက်နှာ ၁၀၆ ပါ နိဒါန်းမေးခွန်းများကို ပြပါ။

စစ်/ငြိမ်းချမ်းရေး

◼ “ငြိမ်းချမ်းရေးကို လူတိုင်းလိုလားကြတယ်။ ကမ္ဘာတစ်ခွင်လုံး ငြိမ်းချမ်းလာမယ်ဆိုတဲ့မျှော်လင့်ချက်က အိပ်မက်တစ်ခုပါပဲလို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဆာလံ ၄၆:​၈၊ ၉ ကိုဖတ်ပြပါ။] ဘုရားသခင်က သူ့ရဲ့ရည်ရွယ်ချက်ကို ဘယ်လိုပြည့်စုံစေမယ်၊ ကမ္ဘာတစ်ခွင်လုံးကို ဘယ်လိုငြိမ်းချမ်းစေမယ်ဆိုတာ ဒီစာအုပ်ကရှင်းပြတယ်။” စာမျက်နှာ ၃၅ ပါ ရုပ်ပုံကိုပြပြီး စာမျက်နှာ ၃၃-၄ ပါ အပိုဒ် ၁၇-၂၁ ကိုသုံးသပ်ပါ။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

အလှူငွေအစီအစဉ်အကြောင်း ဖော်ပြနိုင်ပုံ

“ကျွန်တော်တို့ရဲ့ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေနည်းနည်းပါဝင်ချင်တယ်ဆိုရင် ကျွန်တော်လက်ခံပါတယ်။”

“ကျွန်တော်တို့ရဲ့စာပေတွေက အခမဲ့ဖြစ်ပေမဲ့ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေနည်းနည်းပါဝင်ချင်တယ်ဆိုရင်တော့ လက်ခံပါတယ်။”

“ဒီလုပ်ငန်း ဘယ်လိုလည်ပတ်နေသလဲလို့ မိတ်ဆွေစဉ်းစားမိမယ်။ ကျွန်တော်တို့ရဲ့ကမ္ဘာချီလုပ်ငန်းအတွက် စေတနာအလျောက်ထည့်ဝင်တဲ့ အလှူငွေတွေကြောင့်ပါပဲ။ မိတ်ဆွေလည်း အလှူငွေနည်းနည်းပါဝင်ချင်တယ်ဆိုရင် ကျွန်တော်လက်ခံပါတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ