သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၆ ခုနှစ် ဩဂုတ် ၂၈ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၆ ခုနှစ် ဇူလိုင် ၃ မှ ဩဂုတ် ၂၈ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆–၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ကြည့်မြင်ဆက်သွယ်ခြင်းက သွန်သင်သူကောင်းများဖြစ်လာရန် မည်သို့ကူညီပေးသနည်း။ (မ. ၁၉:၂၅၊ ၂၆; တ. ၁၄:၉၊ ၁၀) [ပက စ. ၁၂၄ အပိုဒ် ၃–စ. ၁၂၅ အပိုဒ် ၃]
၂။ ပင်ကိုသဘာဝကျမှုသည် အဘယ်ကြောင့်အရေးကြီးသနည်း။ လယ်ကွင်းဓမ္မအမှုတွင် ယင်းကိုတင်ပြနိုင်ရန် အဘယ်အရာကကူညီပေးနိုင်သနည်း။ [ပက စ. ၁၂၈ အပိုဒ် ၁-၅၊ လေးထောင့်ကွက်]
၃။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် သန့်ရှင်းသပ်ရပ်မှုရှိသင့်သနည်း။ [ပက စ. ၁၃၁ အပိုဒ် ၁-၃]
၄။ ကျိုးနွံစိတ်နှင့်သမ္မာသတိစိတ်က ကျွန်ုပ်တို့၏ ဝတ်စားဖြီးလိမ်းပုံကို မည်သို့သြဇာသက်ရောက်သင့်သနည်း။ (၁ တိ. ၂:၉၊ ၁၀) [ပက စ. ၁၃၁ အပိုဒ် ၄–စ. ၁၃၂ အပိုဒ် ၁]
၅။ ကျွန်ုပ်တို့၏ ကိုယ်အသွင်အပြင်သည် လောကကိုချစ်သည့်အသွင်မဆောင်ရန် အဘယ်ကျမ်းစာမူများကို လိုက်လျှောက်သင့်သနည်း။ [ပက စ. ၁၃၃ အပိုဒ် ၂-၃]
တာဝန်နံပါတ် ၁
၆။ စာဖတ်ခြင်းမှရသော အကြီးမားဆုံးအကျိုးကျေးဇူးကား အဘယ်နည်း။ [ပက စ. ၂၁ အပိုဒ် ၃]
၇။ လူတစ်ဦးသည် ပညာရှိသူလော၊ မိုက်မဲသူလောဆိုသည်ကို မည်သို့ခွဲခြားသတ်မှတ်နိုင်မည်နည်း။ (သု. ၁၄:၂) [က၀၄ ၁၁/၁၅ စ. ၂၆ အပိုဒ် ၅]
၈။ ‘သိနားလည်သောသူ’ အတွက် အသိပညာသည် အဘယ်ကြောင့်ရလွယ်သနည်း။ (သု. ၁၄:၆) [က၀၄ ၁၁/၁၅ စ. ၂၈ အပိုဒ် ၄-၅]
၉။ လေ့လာမှုဆိုသည်မှာ အဘယ်နည်း။ [ပက စ. ၂၇ အပိုဒ် ၃]
၁၀။ ယေဟောဝါ၏ ဖန်ဆင်းခြင်းလက်ရာတော်များကို ဆင်ခြင်သုံးသပ်ခြင်းက ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်သင့်သနည်း။ [က၀၄ ၁၁/၁၅ စ. ၈ အပိုဒ် ၄]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ရှေးအချိန်က အတိုင်းမသိများပြားသည့် မိန်းမတို့အား ‘ဝမ်းမြောက်စရာသတင်း ကြားပြော’ စေသော “အမိန့်တော်” ကို ယေဟောဝါမည်သို့ပေးခဲ့သနည်း။ ယင်းသည် ယနေ့ မည်သို့ သက်ဆိုင်သနည်း။ (ဆာ. ၆၈:၁၁)
၁၂။ အဘယ်အရာက အာသပ်အား မှန်ရာကိုလုပ်ဆောင်ခြင်းမှ ရပ်လုနီးပါးဖြစ်စေခဲ့ပြီး သူ၏တွေးခေါ်ပုံကို မည်သို့ပြုပြင်ပြောင်းလဲခဲ့သနည်း။ (ဆာ. ၇၃:၂၊ ၃၊ ၁၇)
၁၃။ ဣသရေလလူမျိုးကိုပေးသော မန္နမုန့်ကို “ကောင်းကင်ဆန်စပါး” နှင့် “ကြီးမြတ်သောသူတို့၏အစာ” ဟု အဘယ်ကြောင့် ခေါ်ထားသနည်း။ (ဆာ. ၇၈:၂၄၊ ၂၅)
၁၄။ ‘အမြင့်ဆုံးသောဘုရားသခင်၏ ကွယ်ကာရာဌာနတော်’ ကားအဘယ်နည်း။ ထိုတွင် ကျွန်ုပ်တို့ မည်သို့ “နေ” ထိုင်နိုင်မည်နည်း။ (ဆာ. ၉၁:၁၊ ၂)
၁၅။ ယေဟောဝါရှေ့တော်၌ မိမိသစ္စာရှိကျေးကျွန်တို့၏သေခြင်းသည် မည်သည့်နည်းဖြင့်အဖိုးကြီးသနည်း။ (ဆာ. ၁၁၆:၁၅)