လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဖေဖော်ဝါရီ ၁၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် နှင့် ဖေဖော်ဝါရီလထုတ် နိုးလော့! အတွက် ဝေငှပုံကို သရုပ်ပြပါ။
၁၅ မိ– သာ၍လိုအပ်သောနေရာတွင် သင်အမှုဆောင်နိုင်သလော။ ဇူလိုင် ၁၅၊ ၂၀၀၃ ကင်းမျှော်စင်၊ စာမျက်နှာ ၂၀ ကိုအခြေခံ၍ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးရန်။ ဖွဲ့စည်းထားခြင်းစာအုပ်၊ စာမျက်နှာ ၁၁၁၊ အပိုဒ် ၁ မှစာမျက်နှာ ၁၁၂၊ အပိုဒ် ၁ အထိမှတ်ချက်များပါဝင်စေပါ။ သာ၍လိုအပ်သောနေရာသို့ ရွှေ့ပြောင်းခဲ့သူတစ်ဦးဦးအား တိုတိုတုတ်တုတ် လူတွေ့မေးမြန်းပါ။ မည်သည့်စိန်ခေါ်ချက်များကို သူတို့ရင်ဆိုင်ခဲ့ရသနည်း၊ ၎င်းတို့ကို မည်သို့ရင်ဆိုင်ကျော်လွှားခဲ့သနည်း။ အဘယ်ကောင်းချီးများ သူတို့ရရှိခဲ့သနည်း။
၂၀ မိ– ဓမ္မအမှုဆောင်များအဖြစ်သို့ တိုးတက်လာစေရန် လူသစ်များကိုကူညီပေးပါ။ ၁ မိနစ်ထက်မပိုစေဘဲ နိဒါန်းပျိုးပြီးနောက် ဒီဇင်ဘာ ၁၊ ၂၀၀၅ ကင်းမျှော်စင် စာမျက်နှာ ၃၁ မှလေ့လာရန်မေးခွန်းများကို အသုံးပြု၍ မေးဖြေဆွေးနွေးရန်။ စာပိုဒ် ၁၈ ကိုဆွေးနွေးပြီးနောက် အတွေ့အကြုံရှိကြေညာသူတစ်ဦးနှင့်အတူ တွဲအမှုဆောင်နေသည့် ကြေညာသူလူသစ်အား အိမ်ရှင်ကန့်ကွက်နေပုံကို သရုပ်ပြပါ။ ကြေညာသူလူသစ်၏ တုံ့ပြန်မှုမှာ ထိရောက်မှုမရှိသည့်အတွက် အိမ်ရှင်ကစကားစဖြတ်လိုက်သည်။ ပြန်ထွက်လာသောအခါ အတွေ့အကြုံရှိကြေညာသူက ကြေညာသူလူသစ်၏ ကြိုးစားအားထုတ်မှုကို လှိုက်လှိုက်လှဲလှဲချီးမွမ်းပြီးသည့်နောက် နောက်နောင် ထိုကဲ့သို့စကားစပြတ်စေနိုင်သူအား ပြန်လည်ပြောဆိုရန် ကျိုးကြောင်းဆင်ခြင်စာအုပ် မည်ကဲ့သို့အသုံးပြုနိုင်ပုံကို ပြသပေးသည်။
ဖေဖော်ဝါရီ ၁၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၂၅ မိ– “ခိုင်မြဲလှသည့်ယုံကြည်ခြင်းပင်!”a လုပ်ငန်းတော်ကြီးကြပ်မှူးကိုင်ရန်။ ပြီးခဲ့သည့်လုပ်ငန်းတော်နှစ်အတွင်း အသင်းတော်၏ပြီးမြောက်ခဲ့ရာများကို အားရှိစဖွယ်ပြန်လည်သုံးသပ်ခြင်းဖြင့် နိဂုံးချုပ်ပါ။
ဖေဖော်ဝါရီ ၂၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဖေဖော်ဝါရီလအတွက် လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းများပေးရန် ကြေညာသူများကို လှုံ့ဆော်ပေးပါ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ မိသားစုဝင်တစ်ဦး သို့မဟုတ် အိမ်နီးချင်းတစ်ဦးကိုဖိတ်ခေါ်ရန် သတိရအောက်မေ့ပွဲဖိတ်စာ အသုံးပြုပုံကို သရုပ်ပြပါ။
၂၀ မိ– “ရွေးနုတ်ဖိုးကို ကျေးဇူးတင်လေးမြတ်စိတ်ဖြင့် သတိရအောက်မေ့နေပါ။”b အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို ဖတ်ပြီး မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။
၁၅ မိ– နောက်ဆုံးထုတ်မဂ္ဂဇင်းများကို ဝေငှရန်ပြင်ဆင်ပါ။ ပရိသတ်နှင့်ဆွေးနွေးရန်။ မတ် ၁၊ ကင်းမျှော်စင်နှင့် မတ်လ နိုးလော့!တို့ကို အကျဉ်းချုပ်သုံးသပ်ပြီးနောက် ရပ်ကွက်တွင် လူတို့မည်သည့်ဆောင်းပါးကို အဘယ်ကြောင့် စိတ်ဝင်စားနိုင်ကြောင်း ပရိသတ်ကိုမေးပါ။ ဖော်ပြသုံးသပ်ရန်ရည်ရွယ်သည့် ဆောင်းပါးရှိ သတ်သတ်မှတ်မှတ်အချက်အချို့ကို ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ စကားစမြည်စတင်ပြောဆိုရန် မည်သည့်မေးခွန်းကို အသုံးပြုနိုင်သနည်း။ ဆောင်းပါးရှိ မည်သည့်ကျမ်းချက်ကိုဖတ်ပြနိုင်သနည်း။ အကြံပြုချက်များကိုအသုံးပြု၍ မတ် ၁၊ ကင်းမျှော်စင်နှင့် မတ်လ နိုးလော့!တို့ကို မည်ကဲ့သို့ဝေငှနိုင်ကြောင်း သရုပ်ပြပါ။
မတ် ၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ “အောက်မေ့ရာပွဲနှိုးဆော်ချက်များ” လေးထောင့်ကွက်ရှိ အဓိကအချက်တို့ကို ပြန်လည်သုံးသပ်ပါ။
၂၀ မိ– မတ်လတွင် ကျမ်းစာသင်အံမှုတစ်ခု စတင်နိုင်မည်လော။ ပရိသတ်နှင့်ဆွေးနွေးရန်။ မတ်လသည် ကျမ်းစာသင်အံမှုများစတင်ရန်ရည်ရွယ်ချက်ဖြင့် ပြန်လည်ပတ်မှုများကို သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ဝေငှရန် အလွန်ကောင်းသောလဖြစ်ပေမည်။ ၎င်းစာအုပ်၏ထူးခြားချက်အချို့ကို ပြန်လည်သုံးသပ်ပါ။ သတိရအောက်မေ့ပွဲဖိတ်စာ ဝေငှခဲ့ချိန်က စိတ်ဝင်စားကြောင်းတင်ပြသူထံ ပြန်လည်ပတ်ချိန်တွင်နှင့် မတ် ၂၂ ရက်နောက်ပိုင်း ထိုသူကိုမဂ္ဂဇင်းများပေးပြီး ပြန်လည်ပတ်ချိန်တွင် ၎င်းစာအုပ်မည်ကဲ့သို့ဝေငှနိုင်ပုံတို့ကို ဆွေးနွေးပါ။ (km-Bu ၃/၀၆ စ. ၁၊ ပိုဒ်. ၃ ကိုရှု) တင်ဆက်မှု တစ်ခုနှစ်ခုကို သရုပ်ပြပါ။
၁၅ မိ– မေးခွန်းများဖြေဆိုသောအခါ ကျမ်းစာကိုအသုံးပြုပါ။ ဓမ္မအမှုကျောင်းစာအုပ်၊ စာမျက်နှာ ၁၄၃–၄ ကိုအခြေခံကာဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကြေညာသူတစ်ဦးသည် ဒေသခံရပ်ကွက်တွင် ကြားရလေ့ရှိသည့်မေးခွန်းတစ်ခု အမေးခံရရာ ကျမ်းစာကိုအသုံးပြု၍ ပြန်လည်ဖြေဆိုသည့် တိုတုတ်သောသရုပ်ပြတစ်ခု ပါဝင်စေပါ။
[အောက်ခြေမှတ်ချက်]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။