ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၈ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • မတ် ၁၀ တွင်စမည့်အပတ်
  • မတ် ၁၇ တွင်စမည့်အပတ်
  • မတ် ၂၄ တွင်စမည့်အပတ်
  • မတ် ၃၁ တွင်စမည့်အပတ်
  • ဧပြီ ၇ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၃/၀၈ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

မတ် ၁၀ တွင်စမည့်အပတ်

သီချင်း ၁၃၁

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၆ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်တော်သည့်အခြားတင်ဆက်နည်းများကို အသုံးပြု၍ မတ် ၁ ကင်းမျှော်စင်နှင့် မတ် နိုးလော့!တို့ကို သတိရအောက်မေ့ပွဲဖိတ်စာနှင့်အတူ ဝေငှပုံကို သရုပ်ပြပါ။

၂၀ မိ– အဘယ့်ကြောင့် အတူတကွ စည်းဝေးရသနည်း။ မတ် ၁၊ ၁၉၉၈၊ ကင်းမျှော်စင် စာမျက်နှာ ၁၄-၁၉ ကိုအခြေခံ၍ ဟောပြောကာ ပရိသတ်နှင့် ဆွေးနွေးရန်။ အသင်းတော်အစည်းအဝေးများကို တက်ရောက်သောကြောင့် မည်ကဲ့သို့အကူအညီဖြစ်စေကြောင်း၊ အစည်းအဝေးများပုံမှန်တက်ရောက်ရန် အတားအဆီးများကို မည်ကဲ့သို့အောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

၁၅ မိ– “ယေဟောဝါကို ကျွန်ုပ်တို့ပေးဆက်နိုင်။”a အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၈

မတ် ၁၇ တွင်စမည့်အပတ်

သီချင်း ၁၄၄

၁၀ မိ– ဒေသကြေညာချက်များ။ လာမည့်လုပ်ငန်းတော်စည်းဝေးသို့ မတ် ၁ ကင်းမျှော်စင်နှင့် မတ်နိုးလော့! တို့ကိုယူဆောင်လာရန်နှင့် ဒေသခံရပ်ကွက်အတွက် သင့်လျော်သည့် တင်ဆက်ပုံများကို ဆွေးနွေးမည်ဖြစ်၍ ကြိုတင်ပြင်ဆင်လာရန် ပရိသတ်ကို သတိပေးပါ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။

၁၅ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးကိုင်ရန်။ ဆောင်းပါးတစ်ခုလုံးကို ဖတ်၍ဆွေးနွေးပါ။

၂၀ မိ– “အောက်မေ့ရာပွဲတက်ရောက်သူများကို မည်သို့ကူညီပေးနိုင်သနည်း။”b စာပိုဒ် ၅ ကိုဆွေးနွေးစဉ် အောက်မေ့ရာပွဲတက်ရောက်သူ ဧည့်သည်တစ်ဦးနှင့် ကျမ်းစာသင်အံမှုတစ်ခု မည်ကဲ့သို့စတင်နိုင်ကြောင်း တိုတိုတုတ်တုတ် သရုပ်ပြပါ။

သီချင်း ၂၁၄

မတ် ၂၄ တွင်စမည့်အပတ်

သီချင်း ၁၁၁

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။

၁၅ မိ– နောက်ဆုံးထုတ်မဂ္ဂဇင်းများ ဝေငှပုံကိုပြင်ဆင်ပါ။ ပရိသတ်နှင့်ဆွေးနွေးရန်။ မတ် ၁ ကင်းမျှော်စင်နှင့် မတ်နိုးလော့!ကို အကျဉ်းချုံးသုံးသပ်ပြီးနောက် လယ်ကွင်းတွင် လူများမည်သည့်ဆောင်းပါးကို အဘယ်ကြောင့် စိတ်ဝင်စားနိုင်ကြောင်း ပရိသတ်အားမေးပါ။ တင်ဆက်ရန်ရည်ရွယ်ထားသည့် ဆောင်းပါး၏သတ်သတ်မှတ်မှတ် အချက်များကိုဖော်ပြရန် ပရိသတ်အားဖိတ်ခေါ်ပါ။ စကားစမြည်စတင်ပြောဆိုရန် မည်သည့်မေးခွန်းကို မေးနိုင်သနည်း။ ဆောင်းပါးရှိမည်သည့်ကျမ်းချက်ကို ဖတ်ပြနိုင်သနည်း။ ဒေသခံရပ်ကွက်အတွက် အကြံပြုထားသည့် တင်ဆက်နည်းများကိုအသုံးပြုကာ မတ် ၁ ကင်းမျှော်စင်နှင့် မတ်နိုးလော့! မည်ကဲ့သို့ဝေငှနိုင်ပုံကို သရုပ်ပြပါ။

၂၀ မိ– ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကျွန်ုပ်တို့ယူဆောင်လာကြ။ အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ ဇူလိုင် ၁၊ ၂၀၀၅၊ ကင်းမျှော်စင် စာမျက်နှာ ၁၈-၁၉၊ စာပိုဒ် ၁၀-၁၄ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောပြောရန်။ နိုင်ငံတော်သတင်းတရားကို ပထမဦးဆုံးအကြိမ်ကြားစဉ် ထိုသတင်းက နှစ်သိမ့်မှုနှင့်မျှော်လင့်ချက် မည်ကဲ့သို့ပေးခဲ့ကြောင်း မှတ်ချက်ပေးရန် ပရိသတ်အားဖိတ်ခေါ်ပါ။

သီချင်း ၂၉

မတ် ၃၁ တွင်စမည့်အပတ်

သီချင်း ၃၇

၁၀ မိ– ဒေသကြေညာချက်များ။ မတ်လလယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းများပေးရန် ကြေညာသူများကို သတိပေးပါ။

၁၅ မိ– “အုပ်ချုပ်ရေးအဖွဲ့ထံမှစာ” ကိုဆွေးနွေးပါ။ စာပိုဒ်အားလုံးကိုဖတ်ပါ။

၂၀ မိ– “ဓမ္မအမှုတွင်ပါဝင်စဉ် တစ်ဦးကိုတစ်ဦးတည်ဆောက်ပေးခြင်း”c

သီချင်း ၁၂၂

ဧပြီ ၇ တွင်စမည့်အပတ်

သီချင်း ၁၈၆

၁၀ မိ– ဒေသကြေညာချက်များ။

၂၀ မိ– နှစ်ခြင်းခံရန်အဘယ်ကြောင့် အချိန်ဆွဲနေသနည်း။ ဇူလိုင် ၁၊ ၂၀၀၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉-၃၀၊ စာပိုဒ် ၁၄-၁၇ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောပြောရန်။ ဆယ်ကျော်သက်အရွယ်တွင် နှစ်ခြင်းခံခဲ့သော ကြေညာသူတစ်ဦး သို့မဟုတ် နှစ်ဦးနှင့် တိုတိုတုတ်တုတ် လူတွေ့မေးမြန်းခန်း ပါဝင်စေပါ။ ငယ်ရွယ်စဉ်တွင် ဤကဲ့သို့ အရေးကြီးခြေလှမ်းကို တက်လှမ်းရန် ဘာကလှုံ့ဆော်ပေးခဲ့သနည်း။ အကာအကွယ်ဖြစ်စေသော ဝိညာဏရေးရာရင့်ကျက်မှုသို့ တိုးတက်လာရန် ၎င်းတို့၏နှစ်ခြင်းက မည်သို့အကူအညီပေးခဲ့သနည်း။

၁၅ မိ– “တိုက်ရိုက်ချဉ်းကပ်နည်းကို သင်စမ်းကြည့်ဖူးသလော။” ဟောပြော၍ပရိသတ်နှင့် ဆွေးနွေးရန်။ သရုပ်ပြတစ်ခု သို့မဟုတ် နှစ်ခုပါဝင်စေပါ။ လာမည့်အပတ်တွင် အနည်းဆုံးတစ်ကြိမ် တိုက်ရိုက်ချဉ်းကပ်နည်းကိုအသုံးပြု၍ ကျမ်းစာသင်အံမှုတစ်ခုစတင်ရန် ပရိသတ်ကိုအားပေးပါ။

သီချင်း ၂၂၅

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ