သီချင်း ၁၈၆
ဘုရားဝတ်ကိုရွှင်လန်း
၁။ ဝိညာဉ်အသီး ရွှင်လန်းဖွယ်ကို၊
ခံနိုင်ရည်တွက်တို့လို
ခိုင်မြဲစိတ်ချစွာယုံကြည်မှ၊
ပျော်ရွှင်ခံစားပြည့်ဝ
ယာယီပျော်ရွှင်ရာမဟုတ်ပါ၊
စဉ်မြဲလိုအပ်လျက်သာ
ထိုကြောင့်ဖတ်ရ “ရွှင်ပျော်” “ရွှင်ပျော်”၊
မှုတ်သွင်းဘုရားမိန့်တော်
၂။ ရွှင်လန်းဖွယ်ရာကြောင်းများစွာရှိ၊
ဘုရားနှင့်သားတော်သိ
သူတို့သက်သေများဖြစ်ရကြ၊
တစ်လုံးတစ်ဝရှိကြ
တစ်နေ့သောခါ သိရ ရွှင်ပျ၊
ဘုရားအား ချီးမွမ်းကြ
ရှင်ပြန်လာသူများဟေးဒီးစ်မှ၊
ဘုရားလမ်းစဉ်လိုက်ကြ
၃။ ဘုရားချီးမွမ်းတိုးပွားရွှင်လန်း၊
မှုတော်ရောင့်ရဲစွာထမ်း
စိတ်ကိုကောင်းစွာထိန်းသိမ်းပေးလေ၊
ရန်ငြိုးစိတ်မမွေးစေ
နိုးကြားစိတ်ထားတို့များလိုလား၊
နေကုန်ချီးမွမ်းဘုရား
ဆောက်တည်မှုပြုသောအရာများ၊
စဉ်းစားအမှားရှောင်ရှား
၄။ လင်းတရားလမ်းစဉ် တို့လျှောက်သွား၊
စိတ်ညှဉ်းဆဲခံရငြား
ကိုးကွယ်ရာဝတ်စစ်မှန်ပြုကြ၊
စိတ်ပျော်ရွှင်မှုဆုရ
ထင်ရှား ပေါ်လွင် ယေဟောဝါ ကျွန်၊
တို့ဟောပြောရာကျေပွန်
တို့ခံစားရာပြည့်ဝလျှံကျ၊
ခြားသူဝေမျှ ရွှင်ပျ