မတ် ၃၀ အပတ်အတွက်ဇယား
မတ် ၃၀ တွင်စမည့်အပတ်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
lv-Bu အခန်း ၃ ¶၈-၁၅၊ စ. ၃၀ မှ လေးထောင့်ကွက်
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ထွက်မြောက်ရာ ၁-၆
နံပါတ် ၁– ထွက်မြောက်ရာ ၁:၁-၁၉
နံပါတ် ၂– တို့တစ်တွေ ဆုတောင်းဖို့ ယေရှုသင်ပေးတယ် (lr-Bu အခန်း ၁၂)
နံပါတ် ၃– ယနေ့ အံ့ဖွယ်ကုသမှုသည် ဘုရားသခင့်စွမ်းအားတော်အားဖြင့်လော (rs-Bu စ.၂၅ ¶၁-၄)
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။ အောက်မေ့ရာပွဲနှင့်ပတ်သက်၍ မည်သည့် နောက်ဆုံးကြေညာချက်ကိုမဆို ကြေညာပါ။
၁၅ မိ– အောက်မေ့ရာပွဲတက်ရောက်သော စိတ်ဝင်စားသူများအား ကူညီရန် ပြင်ဆင်ပါ။ လုပ်ငန်းတော်ကြီးကြပ်မှူး ဟောပြောရန်။ ကျမ်းစာသင်သားများ၊ မလှုပ်ရှားသောကြေညာသူများ၊ မိတ်ဆွေများနှင့် မိသားစုဝင်များကဲ့သို့သော အောက်မေ့ရာပွဲတက်ရောက်သည့် အခြားသူများအား ကူညီရာတွင် ၎င်းတို့လုပ်ဆောင်နိုင်ရာများကို ကြေညာသူများအား သတိပေးနှိုးဆော်ပါ။ (မတ် ၂၀၀၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၆ ကိုကြည့်ပါ။) အောက်မေ့ရာပွဲတက်ရောက်ခဲ့သူ စိတ်ဝင်စားသူတစ်ဦးနှင့် ကျမ်းစာသင်အံမှုတစ်ခု မည်သို့စတင်နိုင်ပုံကို တိုတုတ်သောသရုပ်ပြတစ်ခု ပါဝင်စေပါ။ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့မှ စတင်သည့် အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်းနှင့်ပတ်သက်၍ အားလုံးကို သတိပေးနှိုးဆော်ပါ။ ယင်းကို မည်သို့ ပြုလုပ်နိုင်ပုံနှင့်ပတ်သက်၍ လက်တွေ့ကျအကြံပြုချက်များ ပေးထားပါမည်။
၁၀ မိ– သင့်ကလေး၏နှလုံးထဲတွင် ဘုရားသခင်ကိုချစ်သောမေတ္တာ ပြုစုပျိုးထောင်ပေးနိုင်ပုံ။ စက်တင်ဘာ ၁၅၊ ၂၀၀၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၂၀ ကိုအခြေခံကာ မေးဖြေဆွေးနွေးရန်။
၅ မိ– “လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှုများကို မှန်ကန်စွာ မှတ်တမ်းသွင်းပါ။” မေးဖြေဆွေးနွေးရန်။