ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lr အခန်း ၁၂ စာ. ၆၇-၇၁
  • တို့တစ်တွေ ဆုတောင်းဖို့ ယေရှု သင်ပေးတယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တို့တစ်တွေ ဆုတောင်းဖို့ ယေရှု သင်ပေးတယ်
  • ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကြီးမြတ်သောဆရာထံမှ သင်ယူပါ
lr အခန်း ၁၂ စာ. ၆၇-၇၁

အခန်း ၁၂

တို့တစ်တွေ ဆုတောင်းဖို့ ယေရှု သင်ပေးတယ်

ညအချိန် ယေရှု တစ်ယောက်တည်း ဆုတောင်းနေစဉ်

ကလေးတို့ ယေဟောဝါဘုရားနဲ့ စကားပြောကြသလား။— ဘုရားသခင်က ကလေးတို့ကို စကားပြောစေချင်တယ်။ ဘုရားနဲ့ စကားပြောတာကို ဆုတောင်းတယ်လို့ ခေါ်တယ်။ ယေရှုဟာ ကောင်းကင်ဘုံစံ ဖခင်နဲ့ မကြာခဏ စကားပြောတယ်။ တစ်ခါတလေ ဘုရားသခင်နဲ့ စကားပြောချိန်မှာ တစ်ယောက်တည်း ရှိနေချင်တယ်။ တစ်ခါတုန်းက ယေရှုဟာ “ဆုတောင်းဖို့ တောင်ပေါ်ကို တစ်ယောက်တည်း တက်သွားတယ်။ ညနက်လာချိန်အထိ တစ်ယောက်တည်း ရှိနေတယ်” လို့ ကျမ်းစာက ဆိုတယ်။—မဿဲ ၁၄:၂၃။

ကလေးတို့ တစ်ယောက်တည်း ဘယ်ကို သွားပြီး ယေဟောဝါဆီ ဆုတောင်းမလဲ။— ညအိပ်ရာ မဝင်ခင် ဘုရားသခင်ဆီ နှစ်ကိုယ်ကြား စကားပြောနိုင်တယ်။ ယေရှုက “ဆုတောင်းတဲ့အခါ အခန်းထဲ ဝင်၊ တံခါးပိတ်ပြီး မမြင်နိုင်တဲ့အရပ်မှာ စံမြန်းတဲ့ အဖဘုရားဆီ ဆုတောင်းကြပါ” လို့ ပြောခဲ့တယ်။ (မဿဲ ၆:၆) ညတိုင်း အိပ်ရာမဝင်ခင် ယေဟောဝါဆီ ဆုတောင်းသလား။— ဆုတောင်းသင့်တယ်ကွဲ့။

လာဇရုရဲ့သင်္ချိုင်းဂူမှာ ယေရှု အသံကျယ်နဲ့ ဆုတောင်းနေစဉ်

ယေရှုဟာ တစ်ယောက်တည်း ရှိနေချိန်မှာကော . . . တခြားသူတွေနဲ့ ရှိနေချိန်မှာပါ ဆုတောင်းခဲ့

ယေရှုဟာ တခြားသူတွေနဲ့ ရှိနေချိန်မှာလည်း ဆုတောင်းတယ်။ မိတ်ဆွေလာဇရု  ဆုံးသွားတဲ့အခါ လာဇရုကို သင်္ဂြိုဟ်ထားတဲ့နေရာမှာ တခြားသူတွေနဲ့အတူ ဆုတောင်းခဲ့တယ်။ (ယောဟန် ၁၁:၄၁၊ ၄၂) တပည့်တွေနဲ့ အစည်းအဝေး လုပ်တဲ့အခါမှာလည်း ဆုတောင်းတယ်။ ဆုတောင်းချက်တွေနဲ့ ကျင်းပတဲ့ အစည်းအဝေးတွေကို ကလေးတို့ သွားကြသလား။— အစည်းအဝေးတွေမှာ လူကြီးတစ်ယောက် ဆုတောင်းလေ့ရှိတယ်။ သူဟာ ကလေးတို့ကိုယ်စား ဘုရားနဲ့ စကားပြောပေးနေတာ ဖြစ်လို့ သေသေချာချာ နားထောင်ရမယ်။ ဒါမှ “အာမင်” လို့ ပြောနိုင်မှာ။ ဆုတောင်းချက် အဆုံးမှာ “အာမင်” လို့ပြောတာ ဘာအဓိပ္ပာယ်လဲ သိသလား။— ဆုတောင်းချက်ကို ကြိုက်တယ်၊ သဘောတူတယ်၊ ကိုယ့်ဆုတောင်းချက်လို ဖြစ်စေချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

အစည်းအဝေး ဆုတောင်းချိန်မှာ မိသားတစ်စု နားထောင်နေစဉ်

အစည်းအဝေးတွေမှာ ဆုတောင်းတဲ့အခါ ဘာဖြစ်လို့ သေသေချာချာ နားထောင်ရမလဲ

ယေရှုဟာ အစာစားချိန်မှာလည်း ဆုတောင်းတယ်။ အစားအစာအတွက် ယေဟောဝါကို ကျေးဇူးတင်ကြောင်း ပြောတယ်။ ကလေးတို့ကော အစာမစားခင် ဆုတောင်းရဲ့လား။— အစာမစားခင် ယေဟောဝါကို ကျေးဇူးတင်ကြောင်း ပြောသင့်တယ်။ အတူတူ စားတဲ့အခါမှာ တစ်ယောက်ယောက်က ဆုတောင်းမှာပဲ။ ဒါပေမဲ့ တစ်ယောက်တည်း စားတဲ့အခါ၊ ဒါမှမဟုတ် ယေဟောဝါကို ကျေးဇူးမတင်တဲ့ လူတွေနဲ့အတူ အစာစားတဲ့အခါမှာကော။— အဲလိုအခါမျိုးမှာ ကိုယ့်ဘာသာကိုယ် ဆုတောင်းရမယ်။

အမြဲတမ်း အသံထွက် ဆုတောင်းရမှာလား။ အသံမထွက်ဘဲ ဆုတောင်းရင်ကော ယေဟောဝါ ကြားနိုင်သလား။— နေဟမိရဲ့ အဖြစ်အပျက်ကနေ အဖြေရနိုင်တယ်။ ယေဟောဝါကို ကိုးကွယ်သူ နေဟမိဟာ ပါးရှားဘုရင် အာတဇေရဇ်ရဲ့ နန်းတော်မှာ အမှုထမ်းတယ်။ တစ်နေ့ နေဟမိဟာ သူ့လူမျိုးရဲ့ မြို့တော် ဂျေရုဆလင်မြို့ရိုး ပြိုပျက်နေတဲ့ သတင်းကို ကြားရလို့ ဝမ်းနည်းပက်လက် ဖြစ်နေတယ်။

နေဟမိ အသံတိတ် ဆုတောင်းနေစဉ်။ ကျောင်း နေ့လည်စာ မစားခင် လူငယ်လေး အသံတိတ် ဆုတောင်းနေစဉ်

ဘယ်လိုအချိန်တွေမှာ နေဟမိလို အသံတိတ် ဆုတောင်းနိုင်သလဲ

မင်းကြီးက ဘာဖြစ်လို့ ဝမ်းနည်းနေတာလဲလို့ မေးတော့ နေဟမိက အရင်ဆုံး အသံတိတ် ဆုတောင်းလိုက်တယ်။ အဲဒီနောက် ဝမ်းနည်းစိတ်ညစ်နေရတဲ့အကြောင်းရင်းကို ပြောပြပြီး မြို့ရိုးတွေကို ပြန်တည်ဆောက်ဖို့ ဂျေရုဆလင်မြို့ကို သွားခွင့်ပြုနိုင်မလားလို့ ခွင့်တောင်းတယ်။ ဘာဆက်ဖြစ်သလဲ။—

နေဟမိရဲ့ ဆုတောင်းချက်ကို ဘုရားသခင် ဖြေကြားခဲ့တယ်။ ဘုရင်က သွားခွင့်ပြုလိုက်တယ်။ မြို့ရိုးတည်ဆောက်ဖို့ လိုအပ်တဲ့ သစ်တွေ အများကြီးကိုပါ ပေးလိုက်သေးတယ်။ ဒါကြောင့် တို့တစ်တွေရဲ့ အသံတိတ် ဆုတောင်းချက်တွေကိုလည်း ဘုရား ဖြေကြားနိုင်တယ်။—နေဟမိ ၁:၂၊ ၃။ ၂:၄-၈။

ကဲ၊ စဉ်းစားကြည့်နော်။ ဆုတောင်းတဲ့အခါ ခေါင်းငုံ့ရမလား။ ဒူးထောက်ရမလား။ ကလေးတို့ ဘယ်လိုထင်သလဲ။— ယေရှု ဆုတောင်းတဲ့အခါ တစ်ခါတလေ ဒူးထောက်တယ်။ မတ်တတ်ရပ်တဲ့အခါလည်း ရှိတယ်။ တစ်ခါတလေကျတော့ လာဇရုအတွက် ဆုတောင်းပေးတုန်းကလို ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတတ်တယ်။

ဒီအချက်ကနေ ဘာသိရသလဲ။— ဟုတ်တယ်၊ ကိုယ်နေကိုယ်ဟန်က အရေးမကြီးဘူးဆိုတာ သိရတယ်။ တစ်ခါတလေ ခေါင်းငုံ့ မျက်စိမှိတ်ပြီး ဆုတောင်းတာ ကောင်းတယ်။ တစ်ခါတလေကျတော့ ယေရှုလို ဒူးထောက်ပြီး ဆုတောင်းချင်စိတ် ပေါ်ချင်ပေါ်လာမယ်။ ဒါပေမဲ့ မှတ်ထားရမှာက နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် အချိန်မရွေး ဘုရားသခင်ဆီ ဆုတောင်းနိုင်တယ်။ ဘုရားကလည်း နားထောင်ပေးမယ်။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး အရေးကြီးတဲ့အချက်က ယေဟောဝါ နားထောင်နေတယ်ဆိုတာ တကယ်ယုံကြည်ဖို့ပဲ။ ကလေးတို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ကြားတယ်ဆိုတာ ယုံသလား။—

 အိပ်ရာဘေးမှာ လူငယ်လေး ဒူးထောက်ဆုတောင်းနေစဉ်

ဘုရားသခင်ကို ဘာအကြောင်းတွေ ဆုတောင်းပြောပြနိုင်သလဲ

ယေဟောဝါဆီ ဆုတောင်းတဲ့အခါ ဘာတွေ ပြောရမလဲ။— ပြောကြည့်ပါဦး– ကလေးတို့ ဆုတောင်းတဲ့အခါ ဘုရားသခင်ကို ဘာအကြောင်းတွေ ပြောသလဲ။— ယေဟောဝါက တို့တစ်တွေကို ကောင်းတဲ့အရာအမျိုးမျိုး ပေးထားတယ်ဆိုတော့ ကျေးဇူးတင်ဖို့ ကောင်းတယ် မဟုတ်လား။— အစားအစာအတွက် ဘုရားကို ကျေးဇူးတင်နိုင်တယ်။ ပြာလဲ့လဲ့ မိုးကောင်းကင်၊ မြစိမ်းရောင် သစ်ပင်တွေ၊ ပန်းလှလှလေးတွေအတွက်ကော ကျေးဇူးတင်ဖူးသလား။— ဒါတွေအားလုံးကိုလည်း ဘုရား ဖန်ဆင်းထားတာ။

ဆုတောင်းနည်း သင်ပေးပါလို့ ယေရှုကို တပည့်တွေ တောင်းဆိုဖူးတယ်။ ဒါကြောင့် ကြီးမြတ်တဲ့ဆရာက ဆုတောင်းဖို့ အရေးအကြီးဆုံး အချက်တွေကို ပြောပြပြီး ဆုတောင်းနည်း သင်ပေးတယ်။ ဘာတွေလဲဆိုတာ ကလေးတို့ သိကြသလား။—ကျမ်းစာ ယူပြီး မဿဲ အခန်းကြီး ၆ ကို ဖွင့်လိုက်ပါ။ အခန်းငယ် ၉ ကနေ ၁၃ မှာ သခင့်ဆုတောင်းချက်ကို တွေ့ရတယ်။ အတူတူ ဖတ်ကြည့်ရအောင်။

ဒီမှာ ယေရှုက ဘုရားရဲ့ နာမည်အတွက် ဆုတောင်းခိုင်းတာ တွေ့ရတယ်။ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေလို့ ဆုတောင်းပါတဲ့။ ဘုရားသခင်နာမည် ဘယ်လို ခေါ်သလဲ။— ဟုတ်တယ်၊ ယေဟောဝါဖြစ်တယ်။ ဒီနာမည်ကို တို့တစ်တွေ မြတ်နိုးရမယ်။

ဒုတိယအနေနဲ့ နိုင်ငံတော် လာပါစေလို့ ယေရှု ဆုတောင်းခိုင်းတယ်။ ဘုရားနိုင်ငံတော်က ကမ္ဘာကြီး ငြိမ်းချမ်းသာယာအောင်၊ ပရဒိသုဖြစ်အောင် လုပ်ပေးမှာမို့လို့ ဒီနိုင်ငံတော် သိပ်အရေးပါတယ်။

တတိယအနေနဲ့ ကြီးမြတ်တဲ့ဆရာက ဘုရားအလိုတော် ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံဖို့ ဆုတောင်းခိုင်းတယ်။ အဲဒီလို ဆုတောင်းမယ်ဆိုရင် ဘုရားသခင် အလိုရှိတဲ့အတိုင်း လုပ်ဆောင်ကြရမယ်။

အဲဒီနောက် တစ်နေ့စာ လိုအပ်တဲ့ အစားအစာ ပေးသနားပါလို့ ဆုတောင်းပါတဲ့။ ပြီးတော့ အမှား လုပ်မိတဲ့အခါ ဘုရားသခင်ဆီ ဝန်ချတောင်းပန်ဖို့၊ ခွင့်လွှတ်ပေးဖို့ ဆုတောင်းရမယ်။ ဒါပေမဲ့ ဘုရားရဲ့ ခွင့်လွှတ်မှု မတောင်းခံခင် တို့တစ်တွေအပေါ် သူများ လုပ်မိတဲ့အမှားကို အရင် ခွင့်လွှတ်ရမယ်တဲ့။ ကလေးတို့ ခွင့်လွှတ်ရတာ လွယ်သလား။—

နောက်ဆုံးအနေနဲ့ ဆိုးညစ်သူ စာတန်မာရ်နတ်လက်ကနေ တို့တစ်တွေကို ကာကွယ်ပေးဖို့ ဆုတောင်းရမယ်လို့ ယေရှု ပြောတယ်။ ဒါတွေအားလုံးဟာ ဘုရားသခင်ဆီ ဆုတောင်းဖို့ ကောင်းတဲ့ အချက်တွေချည်းပါပဲ။

တို့တစ်တွေရဲ့ ဆုတောင်းသံကို ယေဟောဝါ ကြားတယ်ဆိုတာ ယုံကြည်ရမယ်။ တို့တစ်တွေကို ကူညီမစဖို့ တောင်းလျှောက်ရုံမက ယေဟောဝါကို ကျေးဇူးတင်ကြောင်းလည်း အမြဲ ပြောရမယ်။ စိတ်ရင်းအမှန်နဲ့ ဆုတောင်းမယ်၊ တောင်းသင့်တာတွေကို တောင်းမယ်ဆိုရင် ဘုရားသခင် စိတ်ပျော်ရွှင်မယ်။ တို့တစ်တွေ တောင်းတဲ့အတိုင်း ပေးမှာပဲ။ ကလေးတို့ ဒါကို ယုံသလား။—

ရောမ ၁၂:၁၂။ ၁ ပေတရု ၃:၁၂။ ၁ ယောဟန် ၅:၁၄ တို့မှာ ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့ အကြံကောင်းတွေ ထပ်တွေ့နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ