မေ ၁၁ အပတ်အတွက်ဇယား
မေ ၁၁ တွင်စမည့်အပတ်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
lv-BU နောက်ဆက်တွဲ စ. ၂၀၉ ခေါင်းစဉ်ငယ်မှ စ. ၂၁၂ ခေါင်းစဉ်ငယ်အထိ
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ထွက်မြောက်ရာ ၂၇-၂၉
နံပါတ် ၁– ထွက်မြောက်ရာ ၂၉:၁-၁၈
နံပါတ် ၂– ပျော်ရွှင်ဖို့နည်းလမ်း (lr-BU အခန်း ၁၇)
နံပါတ် ၃– သစ္စာစောင့်သိမှုကို လွဲမှားစွာတင်ပြခြင်းနှင့် ၎င်း၏အန္တရာယ်
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– သင် အရန်ရှေ့ဆောင်လုပ်နိုင်မည်လော။ ဖွဲ့စည်းထားခြင်းစာအုပ် စာမျက်နှာ ၁၁၂-၁၁၃ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးပါ။ တောင်းဆိုချက်များကို အကြမ်းဖျင်းဖော်ပြပြီးနောက် အရန်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ခဲ့သူများကို သူတို့ခံစားခဲ့ရသည့်ကောင်းချီးများအကြောင်း မှတ်ချက်ပေးစေပါ။
၁၀ မိ– ဓမ္မအမှုအတွက် မိသားစုလိုက်ပြင်ဆင်ပါ။ မိသားစုဝတ်ပြုမှုတွင် ဓမ္မအမှုအတွက်ပြင်ဆင်သည့်အစီအစဉ်ကိုပါဝင်စေသော အိမ်ထောင်ဦးစီးနှစ်ဦးကို အတိုချုပ်လူတွေ့မေးမြန်းပါ။ သူတို့မည်သို့ပြင်ဆင်သနည်း။ ထိုပြင်ဆင်မှုများသည် မည်သို့အကျိုးဖြစ်ထွန်းခဲ့သနည်း။ မဂ္ဂဇင်းဝေငှမှုကိုပြင်ဆင်သည့်အနေဖြင့် မည်သို့အစမ်းလေ့ကျင့်ကြောင်း အိမ်ထောင်ဦးစီးတစ်ဦးကို သရုပ်ပြစေပါ။
၁၀ မိ– “ရိုးရိုးရှင်းရှင်း သွန်သင်ပါ။” မေးဖြေဆွေးနွေးရန်။