သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၉၊ အောက်တိုဘာ ၂၆ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။
၁။ ယေဟောဝါသည် ဗာလမ်ကို ဗာလက်မင်း၏ကျွန်တို့နှင့်အတူသွားရန် ပြောခဲ့သောကြောင့် ဗာလမ်သည် ထိုသူတို့နှင့်အတူသွားသောအခါ ယေဟောဝါ အဘယ်ကြောင့် သူ့ကိုအမျက်ထွက်ခဲ့သနည်း။ (တော. ၂၂:၂၀-၂၂) [က၀၄ ၈/၁ စ. ၂၇ ပိုဒ်. ၂]
၂။ ဖိနဟတ်၏ ယေဟောဝါ “ဘက်၌ စိတ်အားကြီး” ခြင်းသည် ဘုရားသခင်ထံ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုကို မည်သို့ ပြန်လည်တွေးတောဆင်ခြင်စေသနည်း။ (တော. ၂၅:၁၁) [က၉၅ ၃/၁ စ. ၁၆ ပိုဒ်. ၁၃]
၃။ မောရှေ၏အရိုက်အရာကို ဆက်ခံသူအဖြစ် ယောရှုကို အဘယ်ကြောင့်ရွေးချယ်ခဲ့သနည်း။ (တော. ၂၇:၁၅-၁၉) [က၀၂ ၁၂/၁ စ. ၁၂ ပိုဒ်. ၁]
၄။ တောလည်ရာ ၃၁:၂၇ သည် ယနေ့ခရစ်ယာန်များအတွက် မည်သို့အားပေးမှုဖြစ်စေနိုင်သနည်း။ [က၀၅ ၃/၁၅ စ. ၂၄]
၅။ ခိုလှုံရာမြို့များ စီမံပေးထားခြင်းက အစ္စရေးရှိလူတို့ကို မည်သည့်နည်းများဖြင့် အကျိုးပြုသနည်း။ (တော. ၃၅:၁၁၊ ၁၂) [က၉၅ ၁၁/၁၅ စ. ၁၄ ပိုဒ်. ၁၇]
၆။ သတိပညာရှိခြင်းသည် အဘယ်ကြောင့် အရေးကြီးသော ခရစ်ယာန်အရည်အသွေးတစ်ခုဖြစ်သနည်း၊ ယင်းက အဘယ်ရလဒ်များ ဖြစ်ပေါ်စေသနည်း။ (တရား. ၁:၁၃) [က၀၃ ၁/၁၅ ၃၀; က၀၀ ၁၀/၁ စ. ၃၂ ပိုဒ်. ၁-၃]
၇။ မောရှေပညတ်သည် ဘုရားသခင့်ဖြောင့်မတ်ခြင်းကို အဘယ်နည်းများဖြင့် ဖော်ပြသနည်း။ (တရား. ၄:၈) [က၀၂ ၆/၁ စ. ၁၄ ပိုဒ်. ၈–စ. ၁၅ ပိုဒ်. ၉-၁၀]
၈။ တရားဟောရာ ၆:၁၆-၁၈ နှင့်အညီ ယေဟောဝါအား စမ်းသပ်ရန် မှန်ကန်သောနည်းနှင့် မှားယွင်းသောနည်းတို့ကို ရှင်းပြပါ။ [က၀၄ ၉/၁၅ စ. ၂၆ ပိုဒ်. ၆]
၉။ အစ္စရေးလူတို့၏လိုအပ်ရာများသည် ယေဟောဝါ၏နှုတ်မြွက်စကားတော်အားဖြင့် မည်သို့ဖြည့်ဆည်းခံခဲ့ရသနည်း၊ ထိုနှုတ်မြွက်စကားတော်များသည် ယနေ့အချိန်တွင် ကျွန်ုပ်တို့ကို မည်သို့ထောက်ပံ့ပေးသနည်း။ (တရား. ၈:၃) [က၉၉ ၈/၁၅ စစ. ၂၅-၂၆]
၁၀။ တရားဟောရာ ၁၂:၁၆၊ ၂၄ သည် မိမိကိုယ်နှိုက်၏သွေးကို အသုံးပြုခြင်းပါဝင်သည့် ဆေးကုထုံးများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အမြင်ကို မည်သို့သက်ရောက်မှုရှိသနည်း။ [က၀၀ ၁၀/၁၅ စ. ၃၀ ပိုဒ်. ၇]