ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၁၀ စာ. ၂
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • မြင့်မြတ်သောမိန့်မြွက်ချက်များကို အာရုံစိုက်လော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • သတင်းကောင်းနှင့်ထိုက်လျော်စွာ ပြုမူကြလော့
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
နဓ ၁/၁၀ စာ. ၂

မေးခွန်းသေတ္တာ

◼ အသင်းတော်အစည်းအဝေးများတွင် လေ့လာ သင်ယူရာ၌ အကျိုးဖြစ်ထွန်းစေသည့် ဝန်းကျင်တစ်ခုကို ထိန်းသိမ်းရန် ကျွန်ုပ်တို့ယောက်တိုင်း မည်သို့ကူညီနိုင်သနည်း။ (တရား. ၃၁:၁၂)

ယေဟောဝါနှင့် ကိုယ်တော်ပြင်ဆင်ပေးသော အသင်းတော်အစည်းအဝေးများကို လေးစားသည့်အနေနှင့် စောစောရောက်ရှိပြီး ကိုယ်တော်၏သွန်သင်မှုကို ခံယူဖို့အသင့်ရှိရန် ကျွန်ုပ်တို့အားလုံး အားပေးခံရသည်။ ခန်းမ၏ ရှေ့ပိုင်းခုံများတွင်နေရာယူခြင်းဖြင့် အနောက်ပိုင်းရှိခုံများကို ကလေးငယ်ရှိသူများနှင့် တစ်ခါတစ်ရံ နောက်ကျ၍ရောက်လာတတ်သူများအတွက် ချန်ထားခြင်းက အကူအညီဖြစ်စေသည်။ ပရိသတ်အားအနှောင့်အယှက်မဖြစ်စေရန် အစည်းအဝေးမစမီတွင် အီလက်ထရောနစ်ပစ္စည်းများကို ချိန်ညှိထားသင့်သည်။ အစည်းအဝေးတစ်လျှောက်လုံးတွင် တက်ရောက်လာသူအားလုံး ရိုသေလေးမြတ်သည့်သဘော တင်ပြမည်ဆိုလျှင် အနှောင့်အယှက် နည်းပေမည်။—ဒေ. ၅:၁; ဖိ. ၂:၄။

လူသစ်များ အစည်းအဝေးများကို စတင်တက်ရောက်သောအခါ အသင်းတော်မှ သူတို့နှင့်သိကျွမ်းသူတစ်ဦးဦးက သူတို့နှင့်အတူ ထိုင်ပေမည်။ လေ့ကျင့်ပေးရန်လိုသည့် ကလေးငယ်များရှိသည်ဆိုလျှင် ယင်းသည် အထူးအထောက်အကူဖြစ်မည်။ အစည်းအဝေးများတက်ရောက်ခြင်းသည် မိသားစုအတွက် အတွေ့အကြုံအသစ်ဖြစ်ပေမည်။ ထိုသို့ဖြစ်မည်ဆိုလျှင် မိဘများ ကလေးငယ်လေးများ၏လိုအပ်ရာများကို လုပ်ဆောင်ပေးရန် ပင်မခန်းမထဲမှ ခဏတစ်ဖြုတ်ထွက်ဖို့လိုအပ်ခဲ့သည်ရှိသော် အခြားသူများအား အနှောင့်အယှက်ဖြစ်မှုနည်းစေရန် အနောက်ပိုင်းခုံတန်းများတွင် ထိုင်ခြင်းက ပို၍အဆင်ပြေပေမည်။ (သု. ၂၂:၆၊ ၁၅) ကလေးငယ်ရှိသောမိသားစုများသည် ကလေးများလွတ်လွတ်လပ်လပ် အော်ဟစ်ဆူညံနိုင်သော သီးခြားအခန်းတွင် မထိုင်သင့်ချေ။ မိဘများသည် လိုအပ်သလိုဆုံးမခြင်း သို့မဟုတ် အခြားလိုအပ်ရာများကို ခန်းမအပြင်ဘက်တွင် လုပ်ဆောင်ပေးပြီးနောက် ကလေးများနှင့်အတူ ပင်မခန်းမအတွင်း ပြန်ဝင်လာခြင်းသည် ယေဘုယျအားဖြင့် အကောင်းဆုံးဖြစ်သည်။

ဧည့်ကြိုများသည် ဝတ်ပြုသည့်နေရာနှင့် သင့်လျော်သည့် ဝန်းကျင်တစ်ခုဖြစ်စေရန် လုပ်ဆောင်ကြသည်။ သူတို့သည် မိသားစုများနှင့် တစ်ခါတစ်ရံ နောက်ကျမှရောက်လာသူများ နေရာရရှိရန် ကူညီပေးကြသည်။ သူတို့သည် မလိုအပ်သည့် အနှောင့်အယှက်မဖြစ်စေဘဲ အခြားသူများအား သက်သောင့်သက်သာထိုင်နိုင်ဖို့ ကူညီရာတွင် လိမ္မာပါးနပ်မှုနှင့် သတိပညာရှိကြသည်။ သူတို့သည် မမျှော်လင့်ဘဲပေါ်လာသည့် အနှောင့်အယှက်များကို ကိုင်တွယ်ရာတွင် ကောင်းစွာချင့်ချိန်နိုင်စွမ်းကို အသုံးပြုကြသည်။ ကလေးတစ်ဦး၏အပြုအမူသည် အခြားသူများကို အနှောင့်အယှက်ဖြစ်စေသောအခါ ဧည့်ကြိုများက ကြင်နာစွာ အကူအညီပေးပေမည်။

ဝတ်ပြုရေးအတွက် အစည်းအဝေးများတွင် ရောက်ရှိနေသူအားလုံးသည် ယေဟောဝါနှင့် ငြိမ်းချမ်းပြီး ဖြောင့်မတ်သည့်ကမ္ဘာသစ်နှင့်ပတ်သက်သည့် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း လေ့လာသင်ယူရာ၌ အကျိုးဖြစ်ထွန်းစေသည့် ဝန်းကျင်တစ်ခုကို ထိန်းသိမ်းနိုင်ပါသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ