မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇန်နဝါရီ ၁
“လူတိုင်းသာ သမ္မာကျမ်းစာမူတွေနဲ့အညီ နေထိုင်ကြမယ်ဆိုရင် ကမ္ဘာကြီးက ပိုကောင်းတဲ့နေရာတစ်ခုဖြစ်လာမယ်လို့ မိတ်ဆွေထင်ပါသလား။ [ရောမ ၁၂:၁၈ ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] ဒါဆိုရင် ရှေးတုန်းက ဘုရားသခင်က စစ်တိုက်ဖို့ သူ့လူတွေကို တစ်ခါတလေ ဘာကြောင့်ညွှန်ကြားခဲ့တယ်ဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။ ဒီဆောင်းပါးက သမ္မာကျမ်းစာရဲ့ ရှင်းလင်းတဲ့အဖြေကို ဖော်ပြပေးတယ်။” စာမျက်နှာ ၁၃ မှ ဆောင်းပါးကို ပြပါ။
နိုးလော့! ဇန်နဝါရီ
“‘အသက်ရှင်ဖို့အလုပ်လုပ်နေတာလား ဒါမှမဟုတ် အလုပ်လုပ်ဖို့အသက်ရှင်နေတာလား’ ဆိုတဲ့အဆိုကို မိတ်ဆွေ ကြားဖူးပါလိမ့်မယ်။ လူတော်တော်များများကတော့ အလုပ်တွေအများကြီးလုပ်ပြီးတဲ့နောက် စိတ်ဖိစီးခံရ၊ ကျန်းမာရေးချို့တဲ့မှုတွေရင်ဆိုင်ရ၊ ပိုပြီးဆိုးတာက မိသားစုအတွင်း ဆက်သွယ်မှုမကောင်းတော့တဲ့ ပြဿနာတွေကို ရင်ဆိုင်ကြရတယ်။ ပညာရှိအကြံပြုချက်တစ်ခုကို ဖတ်ပြပါရစေ။ [မဿဲ ၁၆:၂၆ ကိုဖတ်ပါ။] အလုပ်နဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ကို ဘယ်လိုထိန်းသိမ်းနိုင်တယ်၊ ရိုးရှင်းပြီးမျှတတဲ့အသက်တာက ဘယ်လိုအကျိုးပြုတယ်ဆိုတာကို ဒီမဂ္ဂဇင်းက အသေးစိတ်သုံးသပ်ဆွေးနွေးထားပါတယ်။ မိတ်ဆွေအတွက် ထားပေးခဲ့ပါရစေ။”
ကင်းမျှော်စင် ဖေဖော်ဝါရီ ၁
“သေသွားတဲ့အခါ ကောင်းကင်သွားမယ်လို့ လူများစွာက မျှော်လင့်ကြတယ်။ ဒီအချက်ကို သင်နှစ်သက်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူကောင်းအများစု ရရှိမယ့်ဆုအကြောင်း သမ္မာကျမ်းစာက ဘာပြောတယ်ဆိုတာ သတိပြုပါ။ [ဆာလံ ၃၇:၂၉ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းမှာ ဘယ်သူတွေကောင်းကင်သွားမယ်၊ အဲဒီမှာ သူတို့ဘာတွေလုပ်မယ်ဆိုတဲ့ ကျမ်းစာဖော်ပြချက်ကို ဖော်ပြထားတယ်။”
နိုးလော့! ဖေဖော်ဝါရီ
“ဒီနေ့ခေတ်မှာ ကွာရှင်းခြင်းက သာမန်အရာလိုဖြစ်နေတယ်။ ကွာရှင်းဖို့မဆုံးဖြတ်ခင်မှာ မောင်နှံစုံအများစုက ပါဝင်ပတ်သက်တဲ့ အကြောင်းအရာအားလုံးကို ထည့်စဉ်းစားတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ယင်းနောက် သုတ္တံ ၁၄:၁၅ ကိုဖတ်ပါ။] ကွာရှင်းဖို့စဉ်းစားတဲ့အခါ ထည့်သုံးသပ်ရမယ့် အချက်လေးချက်ကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”