ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၁၀ စာ. ၂
  • အရေးအကြီးဆုံးလုပ်ငန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရေးအကြီးဆုံးလုပ်ငန်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ သင် ပါဝင်နိုင်မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ဟောပြောခြင်းလုပ်ငန်းမှာ ယေရှုရဲ့ ထက်သန်မှုကို အတုယူပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဓမ္မအမှုတွင် ကျွန်ုပ်တို့ ဇွဲထက်သန်နေရမည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • မြင့်မြတ်သောနာမတော်ကိုသိရှိစေခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
နဓ ၃/၁၀ စာ. ၂

အရေးအကြီးဆုံးလုပ်ငန်း

၁။ ဓမ္မအမှုကိုအလွန်လေးမြတ်တန်ဖိုးထားခြင်းက အဘယ်အရာများပေးဆက်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်မည်နည်း။

၁ ကျွန်ုပ်တို့၏အချိန်၊ ခွန်အားနှင့် ပိုင်ဆိုင်ရာများကို ဓမ္မအမှုတွင် အသုံးပြုရန် အဘယ်ကြောင့် မှန်မှန်အားပေးခံခဲ့ရသနည်း။ အကြောင်းမှာ ဤလုပ်ငန်းထက် ပို၍အရေးကြီးသောလုပ်ငန်းမရှိသောကြောင့်ဖြစ်သည်။ ဤလုပ်ငန်း၏ရေရှည်အကျိုးသက်ရောက်မှုများကို သုံးသပ်ခြင်းက ဘယ်တော့မျှပြန်လုပ်ရမည်မဟုတ်သည့် ဤလုပ်ငန်းတွင် ပို၍ပါဝင်လိုစိတ်ရှိစေပါလိမ့်မည်။—တ. ၂၀:၂၄။

၂။ ဟောပြောခြင်းက ယေဟောဝါ၏ကြီးမြတ်သောနာမတော်သန့်ရှင်းမြင့်မြတ်စေရန် မည်သို့အထောက်အကူပြုသနည်း။

၂ ယေဟောဝါ၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခြင်း– ခရစ်တော်ယေရှုအုပ်စိုးသော ယေဟောဝါ၏နိုင်ငံတော်သည် လူ့အစိုးရရှိသမျှကို အစားထိုးမည်ဖြစ်ပြီး လူ့ပြဿနာအားလုံးကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဟောပြောခြင်းလုပ်ငန်းက အလေးပေးဖော်ပြသည်။ (မ. ၆:၉၊ ၁၀) ကျွန်ုပ်တို့ကို ဖျားနာခြင်းနှင့်သေခြင်းမှ ကယ်နုတ်ပေးနိုင်သော တစ်ဦးတည်းသောပုဂ္ဂိုလ်မှာ ယေဟောဝါဖြစ်ကြောင်း ထင်ရှားမည်။ (ဟေရှာ. ၂၅:၈; ၃၃:၂၄) ကျွန်ုပ်တို့သည် ကိုယ်တော့်နာမတော်ခံယူထားသောကြောင့် ကျွန်ုပ်တို့၏အမူအကျင့်ကောင်းနှင့် ထက်သန်မှုကို တွေ့မြင်ကြသောအခြားသူများသည် ကိုယ်တော်အား ချီးမွမ်းကြပေမည်။ (၁ ပေ. ၂:၁၂) အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါ၏နာမတော်ကို ကမ္ဘာတစ်ဝန်းကြားသိစေခွင့်ရကြခြင်းသည် အလွန်စိတ်ကျေနပ်စရာကောင်းပါသည်။—ဆာ. ၈၃:၁၈။

၃။ နိုင်ငံတော်သတင်းစကားကို ကောင်းစွာတုံ့ပြန်သူတို့အတွက် အဘယ်ကောင်းချီးများရရှိစေသနည်း။

၃ အသက်များကို ကယ်တင်ပါ– ယေဟောဝါသည် ‘မည်သူမျှ ဖျက်ဆီးခြင်းမခံရဘဲ ရှိသမျှတို့သည် နောင်တရစေရန် အလိုရှိတော်မူ၏။’ (၂ ပေ. ၃:၉) သို့တိုင် သူတို့ကိုသင်ပေးသူမရှိပါက သင့်လျော်သော သို့မဟုတ် မသင့်လျော်သောအမူအကျင့်နှင့်ပတ်သက်၍ ယေဟောဝါ၏သဘောထားကို လူတို့ မည်သို့သင်ယူကြမည်နည်း။ (ယောန ၄:၁၁; ရော. ၁၀:၁၃-၁၅) သတင်းကောင်းကို လူတို့တုံ့ပြန်ကြသောအခါ ဘေးဖြစ်စေသောအကျင့်များကို စွန့်ကြသည်နှင့်အမျှ သူတို့အသက်တာ၏အရည်အသွေး တိုးတက်လာသည်။ (မိ. ၄:၁-၄) ထို့ပြင် သူတို့သည် ထာဝရအသက်ရှင်ဖို့မျှော်လင့်ချက် ရှိလာကြသည်။ ဟောပြောခြင်းနှင့် သွန်သင်ခြင်းတွင် တက်တက်ကြွကြွရှိခြင်းက ကျွန်ုပ်တို့ကိုယ်တိုင်နှင့် နားထောင်သူတို့ကို ကယ်တင်သည်။ (၁ တိ. ၄:၁၆) ကျွန်ုပ်တို့သည် ဤအရေးအကြီးဆုံးလုပ်ငန်းတွင် အလွန်ဂုဏ်ယူဖွယ်အခန်းကဏ္ဍ ရရှိထားကြသည်။

၄။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် တက်ကြွစွာပါဝင်သင့်သနည်း။

၄ မကြာမီတွင် ကြီးစွာသောဆင်းရဲဒုက္ခသည် မဖြောင့်မတ်သောဤလောကကို အဆုံးတိုင်စေပါလိမ့်မည်။ ယေဟောဝါဘက်၌ ရပ်တည်သူတို့ ကယ်တင်ခံရကြမည်။ ထို့ကြောင့် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းသည် ယနေ့အချိန်တွင် အရေးအကြီးဆုံး၊ အကျိုးအပေးဆုံးလုပ်ငန်းဖြစ်သည်။ ယင်းကို ကျွန်ုပ်တို့အသက်တာတွင် ဦးဆုံးနေရာ၌ထားကြပါစို့။—မ. ၆:၃၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ