မတ် ၁၅ အပတ်အတွက်ဇယား
မတ် ၁၅ တွင်စမည့်အပတ်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
cf-BU အခန်း ၁ ¶၁၆-၂၀၊ စ. ၁၃ ရှိလေးထောင့်ကွက်
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ၁ ဓမ္မရာဇဝင် ၅-၉
နံပါတ် ၁– ၁ ဓမ္မရာဇဝင် ၆:၁-၉
နံပါတ် ၂– စာတန်နှင့် သူ၏နတ်ဆိုးများကိုတွန်းလှန်ရန် အဘယ်အကာအကွယ်များ ကျွန်ုပ်တို့ရရှိထားသနည်း
နံပါတ် ၃– သူဌေးနှင့် လာဇရုပုံဥပမာက အဘယ်အရာကိုဆိုလိုသနည်း (rs-BU စ. ၇၈¶၅ -စ. ၇၉ ¶၂)
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။
၁၅ မိ– ၂၀၁၀ နှစ်ချုပ်စာအုပ်ကို ကောင်းစွာအသုံးချပါ။ ပရိသတ်နှင့်ဆွေးနွေးရန်။ “အုပ်ချုပ်ရေးအဖွဲ့ထံမှစာ” ကိုဆွေးနွေး ပါ။ နှစ်ချုပ်စာအုပ်မှ ရွေးချယ်ထားသောတွေ့ ကြုံမှုများကိုသုံးကာ ယင်းတွေ့ ကြုံမှုများက ကျွန်ုပ်တို့၏ဓမ္မအမှုအတွက် မည်သို့အားပေးမှုဖြစ်စေပုံကို ထောက်ပြပါ။ ကမ္ဘာချီမှတ်တမ်းမှ ထူးခြားသောအသွင်အပြင်များကို မှတ်ချက်ပေးရန် ပရိသတ်အားဖိတ်ခေါ်ပါ။ နှစ်ချုပ်စာအုပ်ကို အစအဆုံးဖတ်ကြရန် အားလုံးကိုတိုက်တွန်းခြင်းဖြင့် နိဂုံးချုပ်ပါ။
၁၅ မိ– “အရေးအကြီးဆုံးလုပ်ငန်း။” မေးဖြေဆွေးနွေးရန်။ စာပိုဒ် ၃ ကိုသုံးသပ်ပြီးနောက် တိုးတက်သောကျမ်းစာသင်အံမှုတစ်ခု ကျင်းပခွင့်ရရှိသောကြေညာသူတစ်ဦးကို လူတွေ့မေးမြန်းပါ။ ကျမ်းစာသင်သားသည် အဘယ်ပြောင်းလဲမှုများပြုလုပ်ခဲ့သနည်း။ ယင်းက ကြေညာသူအပေါ် အဘယ်သက်ရောက်မှုရှိစေခဲ့သနည်း။