သမ္မာကျမ်းစာ—သင့်အသက်တာ၌ ယင်း၏သြဇာတန်ခိုး
သမ္မာကျမ်းစာက သန်းနဲ့ချီတဲ့လူတွေရဲ့အသက်တာကို ပိုကောင်းအောင် ကူညီပေးခဲ့တယ်။ မျက်မှောက်ခေတ်ပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အကူပြုတဲ့ ကျမ်းစာမူအချို့က ဘာတွေလဲ။ ဗီဒီယိုတင်ဆက်မှု သုံးခုပါတဲ့ သမ္မာကျမ်းစာ—ဖြစ်ရပ်မှန်နှင့် ပရောဖက်ပြုချက်စာအုပ် ဒီဗီဒီရဲ့ ဒုတိယဗီဒီယိုဖြစ်တဲ့ သမ္မာကျမ်းစာ—သင့်အသက်တာ၌ ယင်း၏သြဇာတန်ခိုး ကိုသုံးသပ်တဲ့အခါ အဲဒီမေးခွန်းရဲ့အဖြေကို သင်တွေ့ရပါလိမ့်မယ်။ ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အခါ အောက်ပါမေးခွန်းတွေကို သင်ဖြေဆိုနိုင်မလား။
(၁) သမ္မာကျမ်းစာဟာ ထူးခြားကောင်းမွန်တဲ့ စာအုပ်တစ်အုပ်မျှသာ မဟုတ်ဘူးလို့ ဘာကြောင့်ပြောနိုင်သလဲ။ (ဟေဗြဲ ၄:၁၂) (၂) သမ္မာကျမ်းစာက လူတွေရဲ့အသက်တာကို ပိုကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုရင် လူသားတွေဟာ ဘာကြောင့် များပြားလှတဲ့ပြဿနာတွေနဲ့ ကပ်သင့်နေရတာလဲ။ (၃) သမ္မာကျမ်းစာရဲ့ အဓိကအကြောင်းအရာက ဘာလဲ။ (၄) အိမ်ထောင်သည်တွေ (က) ပြောဆိုဆက်သွယ်ရေးမှာ တိုးတက်ဖို့နဲ့ (ခ) မိမိတို့ရဲ့ဒေါသကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်တဲ့ ဘယ်ကျမ်းချက်တွေကို ဖော်ပြထားသလဲ။ (၅) အိမ်ထောင်အပေါ် ခရစ်ယာန်တွေရဲ့ရှုမြင်ပုံက မိသားစုဘဝကို ပိုကောင်းအောင် ဘယ်လိုပြောင်းလဲပေးနိုင်သလဲ။ (ဧ. ၅:၂၈၊ ၂၉) (၆) ယေဟောဝါက မိဘတွေအတွက် စုံလင်တဲ့စံနမူနာကို ဘယ်လိုချမှတ်ခဲ့သလဲ။ (မာ. ၁:၉-၁၁) (၇) မိသားစုသင်အံမှုကို စိတ်ဝင်စားစရာဖြစ်အောင် မိဘတွေ ဘယ်လိုလုပ်နိုင်သလဲ။ (၈) ကျမ်းစာသင်အံမှုအပြင် မိမိတို့ရဲ့သားသမီးများအတွက် တခြားဘယ်အရာတွေ လုပ်ပေးဖို့ သမ္မာကျမ်းစာက မိဘတွေကို အားပေးသလဲ။ (၉) သမ္မာကျမ်းစာအကြံပြုချက်က ခက်ခဲတဲ့စီးပွားရေးအခြေအနေတွေကို ကျော်လွှားဖို့ မိသားစုတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ (၁၀) သန့်ရှင်းမှု၊ မူးယစ်ဆေးဝါးနဲ့ အရက်အလွဲသုံးခြင်း၊ စိတ်ဖိစီးမှုတွေနဲ့ပတ်သက်ပြီး ဘယ်ကျမ်းစာမူတွေကို ကျင့်သုံးမယ်ဆိုရင် ကျန်းမာရေးပြဿနာကို လျော့နည်းစေနိုင်သလဲ။ (၁၁) သမ္မာကျမ်းစာရဲ့ ဘယ်ကတိတော်တွေက ကျွန်ုပ်တို့ကို ထောက်မပေးသလဲ။ (ယောဘ ၃၃:၂၅; ဆာ. ၁၄၅:၁၆) (၁၂) သမ္မာကျမ်းစာပါ သွန်သင်ချက်တွေက သင့်အသက်တာကို ဘယ်လို တိုးတက်စေခဲ့ပြီလဲ။ (၁၃) အခြားသူတွေကို ကူညီဖို့အတွက် ဒီဗီဒီယိုကို သင် ဘယ်လို အသုံးပြုနိုင်သလဲ။