လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှုများကို မှန်ကန်စွာ မှတ်တမ်းသွင်းပါ
၁။ လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှုကို မှန်ကန်စွာမှတ်တမ်းသွင်းရန် အဘယ်ကြောင့် လိုအပ်သနည်း။
၁ ယေဟောဝါ၏ မျက်မှောက်ခေတ်အဖွဲ့အစည်းသည် မဿဲ ၂၄:၁၄ ၏ပြည့်စုံချက်တွင် ပြီးမြောက်လျက်ရှိသောလုပ်ငန်းနှင့်ပတ်သက်၍ တိကျသောမှတ်တမ်းများထားရှိရန် ကြိုးစားအားထုတ်သည်။ အောက်ပါအချက်အလက်များသည် လယ်ကွင်းလုပ်ငန်းမှတ်တမ်းစာရွက်ကို အသုံးပြုပြီး သင့် လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှုကို မှန်ကန်စွာမှတ်တမ်းသွင်းနိုင်ရန် အထောက်အကူပြုပါလိမ့်မည်–
၂။ (က) မှတ်တမ်းသွင်းမည့် နာရီများကို မည်သို့ တွက်ချက်သင့်သနည်း။ (ခ) ရှေ့ဆောင်များသည် မိမိတို့၏နာရီများကို မည်သို့မှတ်တမ်းသွင်းသင့်သနည်း။
၂ လယ်ကွင်းလုပ်ငန်းတော်နာရီ– ဓမ္မအမှုပုံစံအားလုံး၌ ပါဝင်လုပ်ဆောင်ရာတွင် သင်အသုံးပြုခဲ့သည့် နာရီများကို ကျေးဇူးပြု၍ ရေးမှတ်ပါ။ သင့်လယ်ကွင်းလုပ်ငန်းတော်နာရီသည် သက်သေခံသည့်ကာလတစ်ခုချင်း၏ စသက်သေခံချိန်မှ နောက်ဆုံးအိမ်ပြီးသွားသည်အထိ ဖြစ်ပါသည်။ လယ်ကွင်းလုပ်ငန်းအချိန်အတွင်း အဆာပြေသုံးဆောင်ခြင်း သို့မဟုတ် ထမင်းစားခြင်းတို့အတွက် အချိန်များ ထည့်မရေတွက်ရပါ။ သင်သည် မှန်မှန် သို့မဟုတ် အရန်ရှေ့ဆောင်တစ်ဦးဆိုပါက ပြက္ခဒိန်၏ ထိုလအတွင်း ဓမ္မအမှုတွင် သင် အမှန်တကယ်လုပ်ဆောင်ခဲ့သည့် နာရီများကို မှတ်တမ်းသွင်းသင့်ပါသည်။ ယခင်လမှ နာရီများကို မရေးသွင်းပါနှင့်။
၃။ ပြန်လည်ပတ်မှုများကို မည်သို့ မှတ်တမ်းသွင်းသင့်သနည်း။
၃ ပြန်လည်ပတ်မှု– ယခင်က စိတ်ဝင်စားကြောင်းပြသခဲ့သူတစ်ဦးထံ ပြန်လည်ပတ်ခဲ့သည့် အကြိမ်စုစုပေါင်းကို ကျေးဇူးပြု၍ ရေးမှတ်ပါ။ အိမ်တွင် တစ်ဦးဦးကို ဟောပြောခြင်း၊ စာရေးခြင်း၊ ဖုန်းနှင့်သက်သေခံခြင်း သို့မဟုတ် စာပေတချို့ သွားပေးခြင်းဖြင့် ပြန်လည်ပတ်မှုတစ်ခုပြုလုပ်နိုင်ကြောင်း ကျေးဇူးပြု၍ မှတ်သားပါ။ ထို့ပြင်၊ အိမ်တွင်းကျမ်းစာသင်အံမှုတစ်ကြိမ် ပြုလုပ်တိုင်း ယင်းကို ပြန်လည်ပတ်မှုတစ်ခုအဖြစ် ရေတွက်သင့်ပါသည်။
၄။ အဘယ်စာပေမျိုးကို စာအုပ်ကြီးအဖြစ် မှတ်တမ်းသွင်းသင့်သနည်း။
၄ စာအုပ်ကြီး– ဓမ္မအမှုတွင် သင်ဝေငှခဲ့သော စာမျက်နှာ ၉၆ မျက်နှာကျော်ရှိသည့် စာအုပ်အရေအတွက်များကို ကျေးဇူးပြု၍ ရေးမှတ်ပါ။ ဥပမာ၊ ဤကော်လံတွင် ဝေငှခဲ့သည့် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်အရေအတွက်ကို ရေးမှတ်နိုင်သည်၊ အကြောင်းမှာ ယင်းတွင် ၂၂၄ မျက်နှာရှိသောကြောင့်ဖြစ်သည်။
၅။ အဘယ်စာပေမျိုးကို စာအုပ်ငယ်နှင့်ဘရိုရှာများအဖြစ် မှတ်တမ်းသွင်းသင့်သနည်း။
၅ စာအုပ်ငယ်နှင့်ဘရိုရှာ– ဤကော်လံတွင် စာမျက်နှာ ၉၆ မျက်နှာ သို့မဟုတ် ထို့ထက်နည်းသော ဝေငှခဲ့သည့် ဘရိုရှာများ သို့မဟုတ် စာအုပ်များကိုသာ ကျေးဇူးပြု၍ ရေးမှတ်ပါ။ ဝေငှခဲ့သည့် ဝေစာများ သို့မဟုတ် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်များကို စာအုပ်ငယ်နှင့်ဘရိုရှာကော်လံတွင် ကျေးဇူးပြု၍ မှတ်တမ်းမသွင်းပါနှင့်။