ဘုရားသခင်၏နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံလော့’
၁။ မတ် ၁၄ ရက်အပတ်ကစပြီး အသင်းတော်ကျမ်းစာလေ့လာမှုမှာ ဘယ်စာအုပ်ကို လေ့လာကြမလဲ။
၁ ၂၀၁၁၊ မတ် ၁၄ ရက်အပတ်ကစပြီး အသင်းတော်ကျမ်းစာလေ့လာမှုမှာ ဘုရားသခင်၏နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံလော့’ စာအုပ်ကို စတင်လေ့လာမှာဖြစ်တယ်။ ဒီစာအုပ်မှာ တမန်တော်ကျမ်းတစ်ကျမ်းလုံးမှာပါတဲ့ အဖြစ်အပျက်တွေပါရှိပြီး စာဖတ်သူကို ဒီအဖြစ်အပျက်တွေ သက်ဝင်လှုပ်ရှားလာသလို ခံစားရစေမှာဖြစ်တယ်။ သက်သေခံစာအုပ်က အခန်းငယ်တစ်ခုချင်းစီကို သုံးသပ်ထားတာမဟုတ်ဘဲ တမန်တော်ကျမ်းမှတ်တမ်းမှာပါတဲ့ သင်ခန်းစာတွေကို ထုတ်နုတ်ထားပြီး လက်တွေ့ကျင့်သုံးနိုင်ပုံကို သိရှိစေတယ်။—ရော. ၁၅:၄။
၂။ သက်သေခံစာအုပ်ရဲ့ ဖွဲ့စည်းထားပုံတချို့ကို ရှင်းပြပါ။
၂ စာအုပ်ဖွဲ့စည်းထားပုံ– ဒီစာအုပ်ကနေ အကျိုးရရှိစေလိုကြောင်း ဖော်ပြထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ စိတ်လှုံ့ဆော်မှုဖြစ်စေတဲ့စာကို စာမျက်နှာ ၂ မှာ ဖော်ပြထားတယ်။ အခန်း ၂ ကစပြီး အခန်းတိုင်းရဲ့အစမှာ အဓိကစာကြောင်းပါရှိပြီး အဲဒါက ဒီအခန်းရဲ့ အဓိကအချက်ကို သိစေတယ်။ ညွှန်းထားတဲ့ကျမ်းချက်က အခြေခံထားတဲ့ ကျမ်းချက်တွေကို သိရှိစေတယ်။ အခန်းအတော်များများမှာပါတဲ့ လေးထောင့်ကွက်တွေက လူတွေ၊ နေရာတွေ၊ အဖြစ်အပျက်တွေရဲ့ နောက်ခံအချက်အလက်တွေကို သိရှိစေတယ်။ ဘေးကွက်လပ်တွေမှာ မှတ်ချက်ရေးနိုင်တယ်။ ဒီစာအုပ်မှာ အရေးကြီးတဲ့အဖြစ်အပျက်တွေကို မြင်ယောင်နိုင်ဖို့ ကျမ်းစာအဖြစ်အပျက်တွေကို အသေးစိတ်ပုံဖော်ထားတဲ့ ရုပ်ပုံများစွာပါရှိပြီး ဒီရုပ်ပုံတွေရဲ့အဖြစ်အပျက်တွေကို ဖော်ပြထားတဲ့ ရုပ်ပုံအညွှန်းကို နောက်ဆုံးစာမျက်နှာမှာ တွေ့နိုင်တယ်။ မျက်နှာဖုံးနဲ့ နောက်ကျောဖုံးရဲ့အတွင်းမှာ မြေပုံတွေပါရှိတဲ့အတွက် ပထမရာစုက ယုံကြည်သူချင်းတွေ “မြေကြီးစွန်းတိုင်အောင်” သတင်းကောင်းပျံ့နှံ့ဖို့ ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာ လိုက်ကြည့်နိုင်တယ်။—တ. ၁:၈။
၃။ တမန်တော်ကျမ်းကိုလေ့လာတဲ့အခါ ဘယ်အရေးကြီးတဲ့ မေးခွန်းတွေရဲ့အဖြေကို သိရမလဲ။
၃ အရေးကြီးတဲ့ မေးခွန်းတွေအတွက် အဖြေ– တမန်တော်ကျမ်းကို သုံးသပ်ခြင်းက ခရစ်ယာန်ဓမ္မအမှုနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ မေးခွန်းတွေရဲ့အဖြေကို ရှင်းရှင်းလင်းလင်းနားလည်စေတယ်။ ဥပမာ၊ ဘယ်လုပ်ငန်းနဲ့ သတင်းတရားက ယေရှုခရစ်ရဲ့နောက်လိုက်စစ်တွေဖြစ်ကြောင်း ဖော်ပြသလဲ။ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ဘယ်သူက ဘယ်လိုနည်းနဲ့ ညွှန်ကြားနေသလဲ။ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆန့်ကျင်မှုတွေကြောင့် ဓမ္မအမှုဆောင်တွေ ဘယ်အခွင့်အရေးရရှိခဲ့ကြသလဲ။ ဓမ္မအမှုမှာ သန့်ရှင်းသောစွမ်းအားတော်က ဘယ်အခန်းကဏ္ဍကနေ ပါဝင်သလဲ။
၄။ ဒီစာအုပ်ကို သုံးသပ်ခြင်းကနေ အကျိုးအပြည့်အဝရရှိဖို့ ဘာလုပ်နိုင် သလဲ။
၄ အကျိုးအပြည့်အဝရနိုင်ဖို့ ကြိုတင်လေ့လာပါ၊ အသင်းတော်ဆွေးနွေးမှုမှာ မှတ်ချက်တွေပေးနိုင်ဖို့ ပြင်ဆင်ပါ။ အစည်းအဝေးတိုင်းကို တက်ရောက်ပါ၊ သင်ယူသိရှိခဲ့တဲ့အချက်တွေကို သင့်ဓမ္မအမှုမှာ ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာ စဉ်းစားပါ။ ဒီစာအုပ်ကိုသုံးသပ်ခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းကို စေ့စေ့စပ်စပ်သက်သေခံဖို့ လှုံ့ဆော်ခံရကြပါစေ။—တ. ၂၈:၂၃။