ဖေဖော်ဝါရီ ၂၈ အပတ်အတွက်ဇယား
ဖေဖော်ဝါရီ ၂၈ တွင်စမည့်အပတ်
သီချင်း ၅ နှင့် ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
cf အခန်း ၁၈ ¶၁၀-၁၈ (၂၅ မိ.)
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ဧသတာ ၁-၅ (၁၀ မိ.)
သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း (၂၀ မိ.)
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– သတင်းတရားကို အပြုသဘောရှိရှိ ဟောပြောပါ။ ဓမ္မအမှုကျောင်းစာအုပ်၊ စာမျက်နှာ ၂၀၂ ကို အခြေခံ၍ဆွေးနွေးပါ။ နောက်လတွင်ဝေငှမည့်စာပေကိုသုံးပြီး နောက်ဆုံးစာပိုဒ်တွင်ပေးထားသည့် အကြံပြုချက်များအတိုင်း သရုပ်ပြပါ။
၁၀ မိ– ကျမ်းစာကိုနေ့စဉ်ဆန်းစစ်ပါ စာအုပ်မှ အကျိုးရယူပါ။ ကျမ်းစာကိုနေ့စဉ်ဆန်းစစ်ပါ—၂၀၁၁ ရဲ့ စကားချီးကိုအခြေခံပြီး ဆွေးနွေးပါ။ နေ့တိုင်း နေ့စဉ်ကျမ်းချက်ဖတ်ဖို့ အားလုံးကိုအားပေးပါ။ ကျမ်းချက်ကိုသုံးသပ်ဖို့ ဘယ်အချိန်ကိုသတ်မှတ်ထားကြောင်းနှင့် ဘယ်လိုအကျိုးရရှိကြောင်းတို့ကို ပရိသတ်အား ပြန်ပြောပြစေပါ။ ၂၀၁၁ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်ကို အတိုချုပ်သုံးသပ်ပါ။ “လယ်ကွင်းစုဆုံမှုများတွင် နေ့စဉ်ကျမ်းချက်ကို သုံးသပ်တော့မည်မဟုတ်” ကို ဆွေးနွေးပါ။
၁၀ မိ– မတ်လတွင်ဝေငှမည့် မဂ္ဂဇင်းများကို ပြင်ဆင်ပါ။ ဆွေးနွေးရန်။ မဂ္ဂဇင်းတွေရဲ့မာတိကာကို တစ်မိနစ်၊ နှစ်မိနစ် အချိန်ယူ သုံးသပ်ပါ။ အဲဒီနောက် ဆောင်းပါးနှစ်ခု၊ ဒါမှမဟုတ် သုံးခုကိုရွေးပြီး တင်ဆက်မှုမှာသုံးနိုင်တဲ့ မေးခွန်းတွေနဲ့ ကျမ်းချက်တွေကို အကြံပြုဖို့ ပရိသတ်ကိုဖိတ်ခေါ်ပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ ဝေငှပုံကို သရုပ်ပြပါ။
သီချင်း ၃၃ နှင့် ဆုတောင်းချက်