လယ်ကွင်းစုဆုံမှုများတွင် နေ့စဉ်ကျမ်းချက်ကို သုံးသပ်တော့မည်မဟုတ်
အရင်ကတော့ နေ့စဉ်ကျမ်းချက်က ဓမ္မအမှုနဲ့သက်ဆိုင်တယ်ဆိုရင် လယ်ကွင်းစုဆုံမှုမှာ အတိုချုပ်သုံးသပ်ကြတယ်။ ဒါကို ပြောင်းလဲလိုက်ပါပြီ။ လယ်ကွင်းစုဆုံမှုမှာ ကျမ်းစာကို နေ့စဉ်ဆန်းစစ်ပါ စာအုပ်ကိုအခြေခံပြီး သုံးသပ်တော့မှာမဟုတ်ဘူး။ ယခင်ကလိုပဲ စုဆုံမှုကို ဦးဆောင်တဲ့ညီအစ်ကိုက သမ္မာကျမ်းစာ၊ ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု၊ ဓမ္မအမှုကျောင်းစာအုပ်၊ ကျိုးကြောင်းဆင်ခြင်စာအုပ်နဲ့ ဓမ္မအမှုနဲ့သက်ဆိုင်တဲ့ တခြားအကြောင်းအရာတွေကို အသုံးပြုမှာဖြစ်တယ်။ စုဆုံမှုကိုကိုင်တွယ်ဖို့တာဝန်ရထားသူက အဲဒီနေ့အမှုဆောင်ထွက်မယ့်သူတွေအတွက် အကူအညီဖြစ်စေမယ့် လက်တွေ့ကျတဲ့အချက်တွေကို ကြိုတင်ပြင်ဆင်ထားသင့်တယ်။ အရင်ကလိုပဲ စုဆုံမှုအချိန်က ၁၀ မိနစ်၊ ၁၅ မိနစ်ထက် ပိုမကြာသင့်ဘူး။ အသင်းတော်အစည်းအဝေးရှိမယ်ဆိုရင် အဲဒီထက်ပိုတိုသင့်တယ်။