သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၁၁၊ ဖေဖော်ဝါရီ ၂၈ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်ကြမည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၁၁၊ ဇန်နဝါရီ ၃ မှ ဖေဖော်ဝါရီ ၂၈ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၂၀ ပြန်လည်သုံးသပ်မည်။
၁။ နန်းထိုင်ချိန်အစပိုင်းမှာ ဟေဇကိဘာလုပ်ခဲ့သလဲ၊ ယနေ့ ကျွန်ုပ်တို့ သူ့ကို ဘယ်လိုတုပနိုင်သလဲ။ (၆ ရာ. ၂၉:၁၆-၁၈) [က၀၉ ၆/၁၅ စ. ၉ ပိုဒ်. ၁၃]
၂။ ၂ ရာဇဝင်ချုပ် ၃၆:၂၁ က ယေရမိ ၂၅:၈-၁၁ မှာမှတ်တမ်းတင်ထားတဲ့ ပရောဖက်ပြုချက်ပြည့်စုံခဲ့ကြောင်း ဘယ်လိုထင်ရှားစေသလဲ။ [က၀၆ ၁၁/၁၅ စ. ၃၂ ပိုဒ်. ၁-၄]
၃။ ဂျေရုဆလင်မြို့ အနှစ် ၇၀ ကြာလူသူကင်းမဲ့ခြင်းက သတ်မှတ်ထားချိန်အတိအကျမှာ ကုန်ဆုံးခဲ့တယ်ဆိုတဲ့ ကျမ်းစာအထောက်အထားကို ဧဇရ ၃:၁-၆ က ဘယ်လိုထောက်ခံသလဲ။ [က၀၆ ၁/၁၅ စ. ၁၉ ပိုဒ်. ၂]
၄။ တိုင်းတစ်ပါးသားများနဲ့ထိမ်းမြားကြကြောင်း ဧဇရကြားသိတဲ့အခါ ဘာကြောင့် သူမိန်းမောတွေဝေသွားတာလဲ။ (ဧဇ. ၉:၁-၃) [က၀၆ ၁/၁၅ စ. ၂၀ ပိုဒ်. ၁]
၅။ တေကော “မင်းတို့” ဆိုတာ ဘယ်သူတွေလဲ၊ သူတို့ရဲ့ဘယ်သဘောထားကို ကျွန်ုပ်တို့ရှောင်သင့်သလဲ။ (နေ. ၃:၅) [က၀၆ ၂/၁ စ. ၉ ပိုဒ်. ၉; က၈၆-E ၂/၁၅ စ. ၂၅]
၆။ မြို့ဝန်နေဟမိက ခရစ်ယာန်ကြီးကြပ်မှူးတွေအတွက် ဘယ်လိုပုံသက်သေကောင်းချမှတ်ခဲ့သလဲ။ (နေ. ၅:၁၄-၁၉) [bsi-01 စ. ၁၃ ပိုဒ်. ၁၆]
၇။ နေဟမိအချိန်က အစ္စရေးလူတွေလို “ဘုရားသခင်၏အိမ်တော်” ကိုစွန့်ပယ်တဲ့အဖြစ်မျိုးမရောက်အောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ (နေ. ၁၀:၃၂-၃၉) [က၉၈ ၁၀/၁၅ စစ. ၂၁-၂၂ ပိုဒ်. ၁၂]
၈။ နေဟမိရဲ့လမ်းစဉ်ကိုသုံးသပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမေးခွန်းတွေမေးဖို့ လှုံ့ဆော်မှုဖြစ်စေသလဲ။ (နေ. ၁၃:၃၁) [က၉၆ ၉/၁၅ စ. ၁၆ ပိုဒ်. ၃]
၉။ ဧသတာက ဘုရင်အာရွှေရုနဲ့ မတရားမေထုန်ပြုခဲ့သလား။ (ဧသ. ၂:၁၄-၁၇) [က၉၁ ၁/၁ စ. ၃၁ ပိုဒ်. ၆]
၁၀။ မော်ဒကဲက ဟာမန်ကို ဘာကြောင့် ဦးမချခဲ့တာလဲ။ (ဧသ. ၃:၂၊ ၄) [it-2-E စ. ၄၃၁ ပိုဒ်. ၇]