မေးခွန်းသေတ္တာ
◼ ပုံမှန်မိသားစုသင်အံမှုအတွက် အသုံးပြုသောအချိန်ကို မိဘနှစ်ဦးစလုံး မှတ်တမ်းသွင်းနိုင်သလော။
သားသမီးများကို ‘သခင်ဘုရား၏အလိုတော်နှင့်အညီ ဆုံးမသွန်သင်’ ရန် ဖခင်တွင် အဓိကတာဝန်ရှိသော်လည်း မိဘနှစ်ဦးစလုံးက သူတို့ကို လေ့ကျင့်သွန်သင်ပေးရမည်။ (ဧ. ၆:၄) “ငါ့သား အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်” ဟု သားသမီးများကို ကျမ်းစာကတိုက်တွန်းသည်။ (သု. ၁:၈) မိဘတို့လေ့ကျင့်မှု၏အဓိကကဏ္ဍမှာ မိသားစုကျမ်းစာသင်အံမှုဖြစ်သည်။
ယခင်က၊ နှစ်ခြင်းမခံသေးသောသားသမီးများနှင့် မိသားစုသင်အံမှုကျင်းပရာတွင် မိဘနှစ်ဦးစလုံးပါဝင်သည့်တိုင် ယင်းကိုကိုင်တွယ်သူသာ အချိန်ကို မှတ်တမ်းသွင်းပေမည်။ သို့သော် ယင်းကို ပြုပြင်လိုက်ပါသည်။ မိသားစုသင်အံမှု၌ သားသမီးများကို သင်ကြားရာတွင် မိဘနှစ်ဦးစလုံးပါဝင်ပါက လယ်ကွင်းလုပ်ငန်းကဲ့သို့ပင် တစ်ပတ်လျှင် အများဆုံးတစ်နာရီအထိ နှစ်ဦးစလုံး မှတ်ထားနိုင်ပါသည်။ မိဘများသည် သားသမီးများကို သင်ကြားပေးရာတွင် တစ်ပတ်လျှင် တစ်နာရီထက်မက အချိန်များစွာအသုံးပြုလေ့ရှိပါသည်။ သားသမီးများကို လေ့ကျင့်သင်ကြားပေးရာတွင် မိဘနှစ်ဦးစလုံး မပြတ်ကြိုးစားအားထုတ်ရန် လိုအပ်သည်။ (တရား. ၆:၆-၉) သို့သော် လစဉ်လယ်ကွင်းလုပ်ငန်းမှတ်တမ်းသည် လယ်ကွင်းတွင် ပြီးမြောက်ခဲ့ရာများကိုသာ အဓိကမှတ်တမ်းသွင်းသင့်သည်။ ထို့ကြောင့် သင်အံမှုသည် တစ်နာရီထက် ပိုကြာလျှင်ပင်၊ တစ်ပတ်တစ်ကြိမ်ထက်မက ပိုကျင်းပလျှင်ပင်၊ သားသမီးတစ်ဦးစီကို ခွဲသင်လျှင်ပင် တစ်ပတ်လျှင် တစ်နာရီထက်ပို၍ မမှတ်ထားသင့်ပေ။ မိဘတစ်ဦးသာ မိသားစုကျမ်းစာသင်အံမှုနှင့် သင်အံမှုကျင်းပသော အပတ်တိုင်းအတွက် ပြန်လည်ပတ်မှုတစ်ခုကို မှတ်တမ်းသွင်းနိုင်ပါလိမ့်မည်။