ဇူလိုင် ၂၅ အပတ်အတွက်ဇယား
ဇူလိုင် ၂၅ တွင်စမည့်အပတ်
သီချင်း ၉၇ နှင့်ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
bt အခန်း ၇ အပိုဒ် ၁-၈၊ စ. ၅၃ မှလေးထောင့်ကွက် (၂၅ မိ.)
သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ဆာလံ ၇၉-၈၆ (၁၀ မိ.)
နံပါတ် ၁– ဆာလံ ၈၄:၁–၈၅:၇ (၄ မိ. သို့မဟုတ် ထိုထက်နည်း)
နံပါတ်၂– ဘုရားသခင့်နိုင်ငံတော်သည် သတ္တဝါအပေါင်းအား တစည်းတလုံးတည်း ဘုရားမှန်ကို ကိုးကွယ်စေမည်—rs စ. ၁၄၆ အပိုဒ် ၂-၃ (၅ မိ.)
နံပါတ် ၃– နတ်ဆိုးအားလုံး အဘယ်ကြောင့် ဘုရားသခင်တည်ရှိကြောင်း ယုံကြည်ကြသနည်း—ယာ. ၂:၁၉ (၅ မိ.)
လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။ ဩဂုတ်လမှာ ဝေငှမယ့်စာပေကို ဖော်ပြပြီး တင်ဆက်ပုံသရုပ်ပြတစ်ခု ပါဝင်စေပါ။
၂၀ မိ– “လူအမျိုးမျိုးအတွက် ရည်ရွယ်ထုတ်ဝေထားတဲ့ မဂ္ဂဇင်းများ။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၂ ကိုဆွေးနွေးပြီးတဲ့နောက်မှာ ဇူလိုင် နိုးလော့! မှာပါတဲ့အကြောင်းအရာကို မိနစ်အနည်းငယ်အချိန်ယူပြီး ဆွေးနွေးပါ။ အဲဒီနောက် မဂ္ဂဇင်းဝေငှရာမှာအသုံးပြုနိုင်တဲ့ မေးခွန်းများနဲ့ ကျမ်းချက်များကို အကြံပြုဖို့ ပရိသတ်ကိုဖိတ်ခေါ်ပါ၊ နိုးလော့!ဝေငှနိုင်ပုံကို သရုပ်ပြပါ။ အပိုဒ် ၃ ကိုဆွေးနွေးပြီးနောက် ဇူလိုင် ၁ ကင်းမျှော်စင်ကို အလားတူပြုလုပ်ပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
သီချင်း ၁၃၄ နှင့်ဆုတောင်းချက်