ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၁၁ စာ. ၂
  • သင့်ကလေး အသင့်ဖြစ်ပြီလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကလေး အသင့်ဖြစ်ပြီလား
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကလေးများရင်ဆိုင်နေရသည့် စိန်ခေါ်ချက်များစွာကို ဖြေရှင်းနိုင်ရန် ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကျောင်းတက်ဖို့ အသင့်ဖြစ်ပြီလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ကျောင်းတွင်ရင်ဆိုင်ရသည့် စမ်းသပ်ချက်များအတွက်သင့်သားသမီးများ အသင့်ရှိနေပြီလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၂
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နဓ ၇/၁၁ စာ. ၂

သင့်ကလေး အသင့်ဖြစ်ပြီလား

၁။ ကျောင်းတက်မယ့်ကလေးတွေကို အသင့်ပြင်ဆင်ပေးဖို့ ဘာကြောင့်လိုအပ်သလဲ။

၁ စာသင်နှစ်အသစ်မှာ ကလေးတွေ ကျောင်းစတတ်နေပြီ။ သင့်ကလေးတွေက စိန်ခေါ်ချက်အသစ်၊ ဖိအားအသစ်တွေနဲ့ ရင်ဆိုင်နေရပါလိမ့်မယ်။ “အမှန်တရားကို သက်သေခံ” ဖို့ အခွင့်အရေးအသစ်တွေလည်း ရှိနေမှာဖြစ်တယ်။ (ယော. ၁၈:၃၇) သူတို့ အသင့်ဖြစ်နေပြီလား။

၂။ အသင့်ပြင်ဆင်ပေးရာမှာ သင့်ကလေးတွေ ဘယ်အချက်တွေကို သိထားသင့်သလဲ။

၂ ဘယ်လိုလုပ်ရပ်တွေက အမျိုးသားရေးအခမ်းအနားတွေ၊ အယူမှားပွဲနေ့တွေမှာ ပါဝင်ခြင်းဖြစ်တယ်ဆိုတာနဲ့ အဲဒီမှာ ပါဝင်ခြင်းက ဘာကြောင့်မှားတယ်ဆိုတာ သင့်ကလေး ကောင်းကောင်းသိထားသလား။ အဆင့်မြင့်ပညာဆည်းပူးဖို့၊ ချိန်းတွေ့ဖို့၊ အရက်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဖိအားတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလား။ မိမိတို့ကိုးကွယ်တဲ့ဘာသာက ခွင့်မပြုဘူးလို့ပဲ ပြောသလား၊ ဒါမှမဟုတ် မိမိတို့ယုံကြည်ချက်တွေကို ဘယ်လိုရှင်းပြရမယ်ဆိုတာ သိသလား။—၁ ပေ. ၃:၁၅။

၃။ မိသားစုဝတ်ပြုမှုညချမ်းမှာ ကလေးတွေကို ဘယ်လို ပြင်ဆင်ပေးနိုင်သလဲ။

၃ မိသားစုဝတ်ပြုမှုညချမ်းကို အသုံးပြုပါ– စာသင်နှစ်တစ်လျှောက် သင့်ကလေး ပြဿနာပေါ်လာတဲ့အချိန်တိုင်းမှာ သင်တို့ဆွေးနွေးကြမှာပါ။ ကျောင်းနဲ့ဆက်နွှယ်တဲ့ ပြဿနာတွေမကြုံခင် ကြိုတင်ဆွေးနွေးထားမယ်ဆိုရင် သင့်ကလေးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိနေပါလိမ့်မယ်။ ဒါတွေကို မိသားစုဝတ်ပြုမှုညချမ်းတွေမှာ ဆွေးနွေးပါ။ ကျောင်းမှာ သင့်ကလေးတွေ အစိုးရိမ်ဆုံးက ဘာလဲဆိုတာ မေးကြည့်နိုင်ပါတယ်။ ကလေးတွေက အသက်ပိုကြီးလာပြီး ပိုသိနားလည်လာပြီဖြစ်တဲ့အတွက် လွန်ခဲ့တဲ့နှစ်တွေက ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို အခုပြန်ဆွေးနွေးသုံးသပ်နိုင်ပါတယ်။ (ဆာ. ၁၁၉:၉၅) သင်က ကျောင်းဆရာ ဒါမှမဟုတ် အတန်းဖော်အဖြစ် သရုပ်ဆောင်ပြီး လက်တွေ့လေ့ကျင့်တဲ့အစီအစဉ် ပြုလုပ်နိုင်တယ်။ သမ္မာကျမ်းစာ၊ ကျိုးကြောင်းဆင်ခြင်စာအုပ်၊ လူငယ်များအမေးစာအုပ်သုံးပြီး အဖြေပေးတတ်ဖို့ သင့်ကလေးတွေကို သင်ပေးပါ။ စာသင်နှစ်အစမှာ ဆရာဆရာမအသစ်တွေထံ ချဉ်းကပ်ပြီး မိမိတို့က ယေဟောဝါသက်သေတွေဖြစ်ကြောင်း ပြောပြဖို့ မိဘတစ်ဦးက မိမိကလေးတွေကို လက်တွေ့လေ့ကျင့်ပေးခဲ့တယ်။—ဒီဇင်ဘာ ၁၅၊ ၂၀၁၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃-၅ ကိုကြည့်ပါ။

၄။ ပညာရှိတဲ့မိဘတွေက ဘာလုပ်ကြမလဲ။

၄ နောက်ဆုံးသောနေ့ရက်များအတွင်း ခရစ်ယာန်လူငယ်တွေရင်ဆိုင်ရတဲ့ ပြဿနာတွေက ပို “ခက်ခဲ” လာတယ်။ (၂ တိ. ၃:၁) ပညာရှိတဲ့မိဘတွေက ဒီပြဿနာတွေဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်ပေးမှာဖြစ်တယ်။ (သု. ၂၂:၃) စာသင်နှစ်အသစ်မှာ သင့်သားသမီးတွေ အသင့်ဖြစ်နေဖို့ကူညီပေးရာမှာ အတတ်နိုင်ဆုံးကြိုးစားပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ