ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၉ စာ. ၂
  • ကျောင်းတက်ဖို့ အသင့်ဖြစ်ပြီလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျောင်းတက်ဖို့ အသင့်ဖြစ်ပြီလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကလေး အသင့်ဖြစ်ပြီလား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • လူငယ်တို့—သင်တို့၏ကျောင်းပညာဆည်းပူးခြင်းမှ အကျိုးရယူပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ကျောင်းတွင်ရင်ဆိုင်ရသည့် စမ်းသပ်ချက်များအတွက်သင့်သားသမီးများ အသင့်ရှိနေပြီလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • မတွန့်ဆုတ်ပါနဲ့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၈/၀၉ စာ. ၂

ကျောင်းတက်ဖို့ အသင့်ဖြစ်ပြီလော

၁။ သင် ကျောင်းစတက်သောအခါ အဘယ်အခွင့်အလမ်းများ စောင့်ကြိုနေသနည်း။

၁ အသင်ခရစ်ယာန်လူငယ်များသည် ပထမဆုံးအကြိမ်ဖြစ်စေ၊ အတန်းသစ်တက်ရန်ဖြစ်စေ ကျောင်းအပ်ပြီးသောအခါ အသစ်သော စိန်ခေါ်ချက်များနှင့် ဖိအားပေးမှုများကို ရင်ဆိုင်ရပေတော့မည်။ သို့သော် “အမှန်တရားကို သက်သေခံရန်” သင်၌ အခွင့်အလမ်းသစ်များလည်း ရှိသည်။ (ယောဟန် ၁၈:၃၇) သင်သည် သက်သေခံရန် ကောင်းစွာပြင်ဆင်ထားပြီး အသင့်ဖြစ်နေပြီလော။

၂။ အဘယ်နည်းများဖြင့် ကျောင်းတက်ဖို့ အသင့်ဖြစ်နေပြီနည်း။

၂ သင့်ဘ၀ကဏ္ဍအသီးသီးတွင် အောင်မြင်မှုရစေဖို့ ယေဟောဝါထံမှ၊ သင့်မိဘများထံမှ၊ သစ္စာနှင့်သတိပညာရှိကျေးကျွန်ထံမှ လေ့ကျင့်မှုများစွာကို သင်ရရှိထားသည်။ (သု. ၁:၈; ၆:၂၀; ၂၃:၂၃-၂၅; ဧ. ၆:၁-၄; ၂ တိ. ၃:၁၆၊ ၁၇) ယခုဆိုလျှင် ကျောင်းတွင် အဘယ်စိန်ခေါ်ချက်များ ရင်ဆိုင်ရမည်ကို သင်သေချာသိထားသည်။ ဘုရားရေးရာလေ့ကျင့်မှုနှင့် သင်ရင်ဆိုင်ရမည့် ဝန်းကျင်အကြောင်း သိရှိထားခြင်းဖြင့် သက်သေခံရန် အသင့်ပြင်ထားပါ။ (သု. ၂၂:၃) လူငယ်များအမေး စာအုပ်နှင့် နိုးလော့! တွင် ပုံမှန်ပါရှိသည့် သက်ဆိုင်ရာဆောင်းပါးများပါ သွန်သင်ချက်များနှင့် ကျမ်းစာအကြံပြုချက်များကို အလေးအနက် သုံးသပ်ပါ။

၃။ အဘယ်နည်းများဖြင့် သင် သက်သေခံနိုင်မည်နည်း။

၃ သင်၏ကိုယ်ပိုင်ရပ်ကွက်တွင် နည်းအမျိုးမျိုးဖြင့် သက်သေခံခွင့်ရပါလိမ့်မည်။ အခြားသူများက စံနမူနာယူထိုက်သော သင်၏ ဝတ်စားဆင်ယင်ပုံ၊ ပြုမူပြောဆိုပုံ၊ အတန်းဖော်နှင့်ဆရာ၊ ဆရာမများကို ရိုသေလေးစားပုံ၊ သင်၏ပညာရည်အဆင့်ကိုပင် သတိပြုမိပြီး သင်၌ ခိုင်မာသောဘ၀အုတ်မြစ်ရှိကြောင်း သူတို့သိမြင်ကြသောအခါ အချို့က “မင်း ဘာကြောင့် သူများနဲ့မတူရတာလဲ” ဟုမေးကြပေမည်။ (၁ တိ. ၂:၉၊ ၁၀; မာလ. ၃:၁၈; ယော. ၁၅:၁၉) သက်သေခံရန်နှင့် သင်၏ခံယူချက်များကို ရှင်းပြရန် အခွင့်အလမ်းပေါ်လာနိုင်သည်။ စာသင်နှစ်တစ်လျှောက်တွင် အမျိုးသားရေးအခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များအစရှိသည့် အခက်အခဲများကို ကြုံတွေ့ရဖွယ်ရှိသည်။ ထိုတွင် သင် အဘယ်ကြောင့်မပါဝင်ကြောင်း မေးကြလျှင် “ကျွန်တော့်ဘာသာက ခွင့်မပြုဘူး။ ကျွန်တော်က ယေဟောဝါသက်သေတစ်ယောက်ပါ” ဟုသာပြောမည်လော၊ သို့မဟုတ် အခွင့်အရေးယူပြီး မေတ္တာရှင်ခမည်းတော် ယေဟောဝါအကြောင်း သက်သေခံမည်လော။ ယေဟောဝါ၏လမ်းညွှန်မှုဖြင့် ကောင်းစွာပြင်ဆင်ခြင်းက ဆရာ၊ ဆရာမများ၊ အတန်းဖော်များနှင့် အခြားသူများကို ကောင်းစွာသက်သေခံရန် အသင့်ရှိစေပါလိမ့်မည်။—၁ ပေ. ၃:၁၅။

၄။ ဤစာသင်နှစ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဟု အဘယ်ကြောင့် သင် ယုံကြည်စိတ်ချသနည်း။

၄ သင်သည် ကျောင်းသွားရန် အနည်းငယ်စိုးရိမ်မည်ဖြစ်သော်လည်း သင်၏စာသင်နှစ်ကို အောင်မြင်စွာ ကျော်ဖြတ်စေလိုသောသူတို့၏ ထောက်မမှုရရှိမည်ကို စိတ်ချပါ။ ထို့ပြင် သင်၏ကိုယ်ပိုင်ရပ်ကွက်တွင် အခြားသူများအား သက်သေခံရန် အလားအလာရှိသည့်အတွက် သင်နှင့်အတူ ကျွန်ုပ်တို့ ဝမ်းမြောက်ပါသည်။ ထို့ကြောင့် သတ္တိရှိရှိဖြင့် ကျောင်းတက်ရန်အသင့်ရှိပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ