နိုင်ငံတော်သီချင်းတွေကို ကောင်းစွာအသုံးပြုနည်း
ယေဟောဝါရဲ့ကျေးကျွန်တွေဟာ တေးဂီတကို ကိုယ်တော်ဆီကရရှိတဲ့ ထူးမြတ်တဲ့ဆုကျေးဇူးအဖြစ် ယူမှတ်ကြပါတယ်။ (ယာ. ၁:၁၇) အသင်းတော် အတော်များများမှာ အစည်းအဝေးမစခင်နဲ့ ပြီးတဲ့နောက် နိုင်ငံတော်သီချင်းတွေကို တိုးတိုးလေး ဖွင့်ထားကြပါတယ်။ နိုင်ငံတော်သီချင်းတွေကို ဖွင့်ထားတာက အစည်းအဝေး တက်ရောက်လာတဲ့သူတွေကို စိတ်ကြည်နူးစေပါတယ်။ အစီအစဉ်တွေကို ကောင်းစွာ အာရုံစိုက်နိုင်အောင်လည်း အသင့်ဖြစ်စေပါတယ်။ ဒါ့အပြင် သီချင်းစာအုပ်ထဲက သံစဉ်အသစ်တွေနဲ့ နားယဉ်စေပြီး သီချင်းတွေကို မှန်မှန်ကန်ကန် သီဆိုစေနိုင်ပါတယ်။ အစည်းအဝေးပြီးနောက် တေးသီချင်းဖွင့်ထားတာက ပျော်ရွှင်စရာကောင်းပြီး အားပေးတည်ဆောက်မှုဖြစ်စေတဲ့ ဝန်းကျင်လေးကို ဖန်တီးပေးပါတယ်။ ဒါကြောင့် အစည်းအဝေး မစခင်နဲ့ ပြီးတဲ့နောက် စန္ဒရားနဲ့ တီးခတ်ထားတဲ့ သီချင်းခွေကိုဖွင့်ဖို့ အကြီးအကဲအဖွဲ့က သင့်တော်သလို စီစဉ်သင့်ပါတယ်။ သီချင်းဖွင့်တဲ့အခါ ညီအစ်ကိုညီအစ်မတွေ စကားပြောဆိုလို့မရတဲ့အထိ ကျယ်လောင်စွာ မဖွင့်ထားသင့်ပါဘူး။