သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၂၊ ဖေဖော်ဝါရီ ၂၇ ရက်မှာ စတင်မယ့် အပတ်အတွင်း သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာ သုံးသပ်မှာဖြစ်တယ်။ လေ့လာသုံးသပ်တဲ့ အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြထားတာက ပတ်စဉ်ကျောင်းအစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
၁။ ယေဟောဝါရဲ့သနားစာနာမှုက ကိုယ်တော့်တရားမျှတကို လျှော့ပေါ့စေတယ်လို့ပြောတာ မှန်ကန်ပါသလား။ (ဟေရှာ. ၃၀:၁၈) [ဇန်. ၉၊ က၀၂ ၃/၁ စ. ၃၀]
၂။ ဟေဇကိရဲ့ဘဏ္ဍာစိုးရာထူးကနေ ထုတ်ပယ်ခံရတဲ့ ရှေဗနဆီက ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။ (ဟေရှာ. ၃၆:၂၊ ၃၊ ၂၂) [ဇန်. ၁၆၊ က၀၇ ၁/၁၅ စ. ၈ ပိုဒ်. ၆]
၃။ စိတ်ပူပန်သောကကို ဖြေရှင်းပုံနဲ့ပတ်သက်ပြီး ဟေရှာယ ၃၇:၁၊ ၁၄-၂၀ မှာပါတဲ့မှတ်တမ်းကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။ [ဇန်. ၁၆၊ က၀၇ ၁/၁၅ စ. ၉ ပိုဒ်. ၁-၂]
၄။ ဟေရှာယ ၄၀:၃၁ မှာပါတဲ့ သရုပ်ဖော်ချက်က ယေဟောဝါရဲ့ကျေးကျွန်တွေအတွက် ဘယ်လိုအားပေးမှုဖြစ်စေသလဲ။ [ဇန်. ၂၃၊ က၉၆ ၆/၁၅ စစ. ၁၀-၁၁]
၅။ ရောက်လာတော့မယ့် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဟေရှာယ ၄၁:၁၄ မှာပါတဲ့စကားတွေက အထူးသဖြင့် ဒီနေ့အချိန်မှာ ဘယ်လိုအားပေးမှုဖြစ်စေသလဲ။ [ဇန်. ၂၃၊ ip-2 စ. ၁၁ ပိုဒ်. ၁၆]
၆။ ကျွန်တော်တို့ဟာ “ဖြောင့်မတ်ခြင်းတရားသို့လိုက်” ကြောင်း ယေဟောဝါကို ဘယ်လိုတင်ပြနိုင်သလဲ။ (ဟေရှာ. ၅၁:၁) [ဖေ. ၆၊ ip-2 စ. ၇၅ ပိုဒ်. ၂]
၇။ ဟေရှာယ ၅၃:၁၂ မှာဖော်ပြထားတဲ့ “လူများ” ဆိုတာ ဘယ်သူတွေလဲ၊ သူတို့တွေနဲ့ ယေဟောဝါဆက်ဆံပုံကနေ ကျွန်တော်တို့ကို စိတ်နွေးထွေးစေတဲ့ ဘာ သင်ခန်းစာယူနိုင်သလဲ။ [ဖေ. ၁၃၊ ip-2 စ. ၉၇ ပိုဒ်. ၃၄]
၈။ ဟေရှာယ ၆၀:၁၇ မှာပါတဲ့ တင်စားချက်အတိုင်း ဒီနောက်ဆုံးသောနေ့ရက်တွေမှာ ယေဟောဝါရဲ့လူမျိုးတွေ ဘာတွေကို တွေ့ကြုံနေရသလဲ။ [ဖေ. ၂၀၊ ip-2 စ. ၁၄၇ ပိုဒ်. ၂၂]
၉။ ယေရှုနဲ့သူ့နောက်လိုက်တွေ ကြေညာဖို့ တာဝန်ပေးခံရတဲ့ “မင်္ဂလာနှစ်” က ဘာကိုဆိုလိုတာလဲ။ (ဟေရှာ. ၆၁:၂) [ဖေ. ၂၀၊ ip-2 စ. ၁၅၁ ပိုဒ်. ၇-၈]
၁၀။ ဟေရှာယ ၆၃:၉ မှာ အံ့သြဖွယ်ကောင်းတဲ့ ယေဟောဝါရဲ့ ဘယ်အရည်အသွေးကို အလေးပေးဖော်ပြထားသလဲ။ [ဖေ. ၂၇၊ က၀၃ ၇/၁ စ. ၁၉ ပိုဒ်. ၂၂-၂၃]