ဖေဖော်ဝါရီ ၄ အပတ်အတွက်ဇယား
ဖေဖော်ဝါရီ ၄ မှာစမယ့်အပတ်
သီချင်းနံပါတ် ၇၀ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jr အခန်း ၅ အပိုဒ် ၁-၆၊ စာမျက်နှာ ၅၅ မှလေးထောင့်ကွက် (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– မဿဲ ၂၂-၂၅ (၁၀ မိ.)
နံပါတ် ၁– မဿဲ ၂၃:၂၅-၃၉ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ခရစ်ယာန်တွေဟာ ကျမ်းစာရဲ့အနာဂတ်ဟောချက်တွေကို ဘာကြောင့် အလေးအနက်စိတ်ဝင်စားသင့်သလဲ—rs စ. ၁၆၂ အပိုဒ် ၅–စ. ၁၆၃ အပိုဒ် ၃ (၅ မိ.)
နံပါတ် ၃– ဘယ်ကျမ်းစာပုံနမူနာတွေက သုတ္တံ ၃:၅ မှာမှတ်တမ်းတင်ထားတဲ့ ဉာဏ်ပညာစကားအတိုင်း လုပ်ဆောင်ခဲ့ကြသလဲ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ဖေဖော်ဝါရီလမှာဝေငှမယ့် မဂ္ဂဇင်းတွေအတွက် အကြံပြုချက်များ။ ဆွေးနွေးပါ။ (တကယ်လို့ သင်တို့အသင်းတော်မှာ ဖေဖော်ဝါရီမဂ္ဂဇင်းတွေနဲ့ ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု ရှိမယ်ဆိုရင် အဲဒါတွေကို သုံးနိုင်ပါတယ်။) ဒီမဂ္ဂဇင်းတွေကို ရပ်ကွက်က ဘာကြောင့် စိတ်ဝင်စားမှုရှိနိုင်သလဲဆိုတာ စက္ကန့် ၃၀-၆၀ လောက် အချိန်ယူပြောပြပါ။ ပြီးနောက် ကင်းမျှော်စင် မျက်နှာဖုံးဆောင်းပါးတွေကို အသုံးပြုပြီး စိတ်ဝင်စားမှုကို နှိုးဆွစေတဲ့ မေးခွန်းတစ်ခု အကြံပြုဖို့ ပရိတ်သတ်ကိုဖိတ်ခေါ်ပါ၊ ဖတ်ပြမယ့်ကျမ်းချက်တစ်ချက်ကိုလည်း အကြံပြုစေပါ။ နိုးလော့! မျက်နှာဖုံးဆောင်းပါးတွေနဲ့ အချိန်ရမယ်ဆိုရင် မဂ္ဂဇင်းတစ်စောင်စောင်က တခြားဆောင်းပါးတစ်ခုကိုလည်း အလားတူပြုလုပ်ပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ ဝေငှပုံကို သရုပ်ပြပါ။
၁၀ မိ– တစ်ယောက်ယောက်က ဒီလိုပြောရင်– ‘ကျွန်တော် ဘုရားသခင်ကိုမယုံဘူး။’ ကျိုးကြောင်းဆင်ခြင်စာအုပ် စာမျက်နှာ ၂၀၀ အပိုဒ် ၄ ကနေ စာမျက်နှာ ၂၀၂ အပိုဒ် ၁ အထိကို အခြေခံပြီး ဆွေးနွေးပါ။ အတိုချုပ်သရုပ်ပြတစ်ခု တင်ဆက်ပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
သီချင်း ၉၅ နဲ့ ဆုတောင်းချက်