ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၁၃ စာ. ၄
  • နမူနာတင်ဆက်နည်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နမူနာတင်ဆက်နည်းများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • နမူနာတင်ဆက်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၁/၁၃ စာ. ၄

နမူနာတင်ဆက်နည်းများ

ဖေဖော်ဝါရီလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစတင်ဖို့ ခုလိုပြောနိုင်တယ်

“မေးခွန်းတစ်ခုနဲ့ပတ်သက်ပြီး မိတ်ဆွေရဲ့အဖြေကို သိချင်ပါတယ်။ ဘုရားသခင်ရဲ့နာမည်က ဘာလဲလို့မေးရင် မိတ်ဆွေဘယ်လိုဖြေမလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမှာရေးထားတာကို သတိပြုကြည့်ပါ။” အိမ်ရှင်ကို ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် ပေးပါ၊ နောက်ကျောဖုံး မှာရှိတဲ့ ဆောင်းပါးကို ပြပါ၊ ပထမဆုံးခေါင်းစဉ်ငယ်အောက်က အကြောင်းအရာကို သုံးသပ်ပါ၊ အနည်းဆုံး ကျမ်းချက်တစ်ချက်ဖတ်ပါ။ မဂ္ဂဇင်းဝေငှပါ၊ နောက်တစ်ခါပြန်တွေ့ပြီး နောက်မေးခွန်းကို ဆွေးနွေးဖို့ စီစဉ်ပါ။

ကင်းမျှော်စင် ဇန်နဝါရီ ၁

“ကမ္ဘာပျက်မယ့်နေ့အကြောင်း လူအများ စိတ်ဝင်စားကြတယ်။ ကမ္ဘာပျက်မယ့်နေ့ကို ကြောက်ရွံ့သင့်ပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီကျမ်းစကားအရ အဲဒီနေ့မှာ လွတ်မြောက်တဲ့သူတွေရှိမယ်။ [၁ ယောဟန် ၂:၁၇ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ကမ္ဘာပျက်မယ့်နေ့နဲ့ပတ်သက်ပြီး လူအများစိတ်ဝင်စားကြတဲ့ မေးခွန်းလေးခုကို ဖြေဆိုပေးထားတယ်။”

နိုးလော့! ဇန်နဝါရီ

“မိသားစုတွေအတွက် အကူအညီဖြစ်မယ့် အကြောင်းအရာတွေကို ဒီနေ့ ကျွန်တော်တို့ လိုက်ပြောပြနေပါတယ်။ ယေရှုပြောခဲ့တဲ့ဒီစကားကို မိသားစုမှာ လက်တွေ့ကျင့်သုံးဖို့ အရေးကြီးတယ်လို့ ထင်ပါသလား။ [တမန်တော် ၂၀:၃၅ခ ကိုဖတ်ပါ။ ပြီးနောက် တုံ့ပြန်မှုကို စောင့်ပါ။] ဒီနေ့ခေတ်မှာ လူအများက ကိုယ့်အတွက်ပဲ စဉ်းစားနေကြပုံရတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ စာနာတတ်တဲ့စိတ်ရှိအောင် ကလေးတွေကိုလေ့ကျင့်ပေးဖို့ဆိုတာ လွယ်တော့မလွယ်ဘူး။ ကလေးတွေကို တခြားသူတွေအတွက် ထည့်စဉ်းစားပေးတတ်ဖို့ သင်ပေးနိုင်ပုံကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ