ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၁၂ စာ. ၈
  • နမူနာတင်ဆက်နည်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နမူနာတင်ဆက်နည်းများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • နမူနာတင်ဆက်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နဓ ၁/၁၂ စာ. ၈

နမူနာတင်ဆက်နည်းများ

ဖေဖော်ဝါရီလရဲ့ ပထမဆုံး စနေနေ့ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုများ စတင်ရန်

“သမ္မာကျမ်းစာက ယုံကြည်စိတ်ချရတဲ့ ကြိုဟောချက်ဆိုင်ရာစာအုပ် ဖြစ်တယ်လို့ တချို့က ယူမှတ်ကြတယ်။ တချို့ကျတော့လည်း ကျမ်းစာကြိုဟောချက်တွေက မသေမချာဖြစ်နေတဲ့အတွက် အမျိုးမျိုး ဖွင့်ဆိုလို့ရပါတယ်ဆိုပြီး ယူဆကြတယ်။ မိတ်ဆွေကော ဘယ်လိုယူဆသလဲ။” တုံ့ပြန်မှုကို စောင့်ပါ။ ပြီးတဲ့နောက် အိမ်ရှင်ကို ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်ပေးပြီး စာမျက်နှာ ၁၆ မှာပါတဲ့ ဦးဆုံးခေါင်းစဉ်ငယ်အောက်က အကြောင်းအရာကို အတူတူသုံးသပ်ကာ အနည်းဆုံး ညွှန်းထားတဲ့ ကျမ်းချက်တစ်ချက်ကို ဖတ်ပါ။ မဂ္ဂဇင်းတွေကိုဝေငှပြီး နောက်မေးခွန်းတစ်ခုကို ဆွေးနွေးဖို့ ပြန်လည်ပတ်ရန် စီစဉ်ပါ။

ကင်းမျှော်စင် ဇန်နဝါရီ ၁

“သမိုင်းတစ်လျှောက်က ကြီးမြတ်တဲ့ အမျိုးသားအမျိုးသမီးတွေနဲ့ပတ်သက်ပြီး သင်ယူစရာတွေ အများကြီးရှိနိုင်တယ်ဆိုတာကို မိတ်ဆွေ သဘောတူမှာပါ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကျမ်းစာအခန်းငယ်မှာ ‘ဘုရားသခင့်မိတ်ဆွေ’ လို့ ခေါ်ဆိုခံရတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်အကြောင်းကို ဖော်ပြထားပါတယ်။ [ယာကုပ် ၂:၂၃ ကိုဖတ်ပါ။] ဘုရားသခင်က ဘာဖြစ်လို့ အာဗြဟံလို့ခေါ်တဲ့ အဲဒီပုဂ္ဂိုလ်ကို မိတ်ဆွေအဖြစ် သတ်မှတ်တာလဲ၊ အဲဒီပုဂ္ဂိုလ်ဆီကနေ ဘာတွေ သင်ယူနိုင်တယ်ဆိုတာကို ဒီမဂ္ဂဇင်းမှာ ရှင်းပြထားပါတယ်။”

နိုးလော့! ဇန်နဝါရီ

“လာဘ်ပေးလာဘ်ယူ လုပ်တာတွေ၊ ဖြတ်စားလျှပ်စားလုပ်တာတွေ၊ မရိုးသားတဲ့ တခြားနည်းတွေကို ကနေ့စီးပွားရေးလောကမှာ အတော်လေး တွေ့နေမြင်နေရတယ်နော်။ တချို့က စီးပွားရေးလောကမှာ အောင်မြင်ချင်တယ်ဆိုရင် နည်းနည်းတော့ လိမ်လည်ရမယ်ဆိုပြီး ယူဆကြတယ်။ မိတ်ဆွေကော ဘယ်လိုမြင်လဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီကျမ်းစာပညာရှိစကားကို သတိပြုကြည့်ပါ။ [သုတ္တံ ၂၀:၁၇ ကိုဖတ်ပါ။] ရိုးသားတာက ဘာကြောင့် လက်တွေ့ကျတယ်ဆိုတဲ့အကြောင်းကို ဒီမဂ္ဂဇင်းမှာ ရှင်းပြထားပါတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ