အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ပြန်လည်ပတ်နိုင်ဖို့ လမ်းခင်းထားပါ
ဘာကြောင့် အရေးကြီး– စိတ်ဝင်စားသူကို တွေ့တဲ့အခါ သူ့ဆီကို ကျွန်ုပ်တို့ ပြန်သွားချင်ကြတယ်။ ဒါမှသာ ကျွန်ုပ်တို့စိုက်ခဲ့တဲ့ အမှန်တရားမျိုးစေ့ကို ရေလောင်းပေးနိုင်မှာဖြစ်တယ်။ (၁ ကော. ၃:၆) အဲဒီစိတ်ဝင်စားသူဆီကနေ ထွက်မလာခင် ဘယ်အချိန် ပြန်လာလို့ရမလဲဆိုတာမေးပြီး ပြန်လည်ပတ်နိုင်ဖို့ လမ်းခင်းထားရမယ်။ ဒါ့အပြင် နောက်တစ်ခါ သူ့ဆီ ပြန်သွားတဲ့အခါဆွေးနွေးဖို့ မေးခွန်းတစ်ခုကို မေးခဲ့တာလည်း ကောင်းပါတယ်။ ဒါမှ အိမ်ရှင်က ကျွန်ုပ်တို့ ပြန်လာမယ့်အချိန်ကို စောင့်နေမှာဖြစ်တယ်။ ကျွန်ုပ်တို့ ဝေငှခဲ့တဲ့ စာပေထဲမှာ မေးခွန်းရဲ့ အဖြေပါမယ်ဆိုရင် အဲဒီစာပေကို သူ ဖတ်ချင်ပါလိမ့်မယ်။ စကားပြောဆိုဖို့ လမ်းခင်းထားရင် နောက်တစ်ခေါက်ပြန်သွားဖို့ လွယ်ကူသွားတယ်။ အကြောင်းက ဘာဆွေးနွေးမလဲဆိုတာ ကိုယ်တိုင်ရော၊ အိမ်ရှင်ပါ သိထားလို့ပဲ။ သူနဲ့ ပြန်တွေ့တဲ့အခါ အရင်တစ်ခေါက်က မေးခဲ့တဲ့ မေးခွန်းကို အဖြေပေးဖို့ ပြန်လာတာပါလို့ ပြောပြီး ဆက်ဆွေးနွေးသွားနိုင်တယ်။
ဒီလအတွင်း ကြိုးစားကြည့်ပါ–
ဟောပြောနည်းပြင်ဆင်တဲ့အခါ ပြန်လည်ပတ်နိုင်ဖို့ မေးခွန်းတစ်ခုကိုလည်း ပြင်ဆင်ပါ။ တွဲအမှုဆောင်တဲ့သူကို ကိုယ်ပြင်ဆင်ထားတဲ့ မေးခွန်းကို ပြောပြပါ။