ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၁၅ စာ. ၂
  • အမှုတော်ဆောင်အဖြစ် တိုးတက်နေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှုတော်ဆောင်အဖြစ် တိုးတက်နေပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘များစွာသောအသီးကို သီးနေလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • တိုးတက်နေသော ဓမ္မအမှုဆောင်တစ်ဦးဖြစ်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • တပည့်များဖြစ်စေရန် ဟောပြောလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ထပ်၍တိုးတက်ခြင်းငှာ အပြုသဘောပါပါလုပ်ကိုင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
နဓ ၁/၁၅ စာ. ၂

အမှုတော်ဆောင်အဖြစ် တိုးတက်နေပါ

၁။ အမှုတော်ဆောင်အဖြစ် တိုးတက်နေရမယ်ဆိုတာ ပထမရာစုရှိ ဘယ်ဥပမာတွေက ဖော်ပြသလဲ။

၁ ခရစ်ယာန်တွေဟာ အမှုတော်ဆောင်အဖြစ် တိုးတက်နေသင့်တယ်။ ဒါကြောင့် ယေရှုက ဟောပြောခြင်းစွမ်းရည် တိုးတက်လာဖို့ နောက်လိုက်တွေကို လေ့ကျင့်ပေးခဲ့တယ်။ (လု. ၉:၁-၅; ၁၀:၁-၁၁) ပြစ်ကိလနဲ့ အာကုလတို့ဟာ အာပေါလုနဲ့ ပေါင်းသင်းပြီး သူ့ကို “ဘုရားသခင်၏ လမ်းစဉ်တော်အကြောင်းကို သာ၍မှန်ကန်စွာ ရှင်းလင်းဖော်ပြ” ပေးခဲ့ကြတယ်။ (တ. ၁၈:၂၄-၂၆) အလားတူပါပဲ၊ သွန်သင်ခြင်းလုပ်ငန်းမှာ တိုးတက်အောင် ကြိုးစားနေဖို့ အတွေ့အကြုံရှိတဲ့ အမှုတော်ဆောင်တိမောသေကို ပေါလု အားပေးခဲ့တယ်။ ဒါမှသာ တိမောသေရဲ့တိုးတက်မှုက “လူအပေါင်းတို့ရှေ့” ထင်ရှားလာမှာဖြစ်တယ်။ (၁ တိ. ၄:၁၃-၁၅) ဟောပြောသူအဖြစ် သခင်ရဲ့လုပ်ငန်းမှာ အမှုဆောင်ခဲ့တာ ဘယ်လောက်ပဲ ကြာခဲ့ပါစေ ကျွန်ုပ်တို့အားလုံးဟာ ဟောပြောခြင်းစွမ်းရည် ဆက်လက်တိုးတက်အောင် ကြိုးစားနေရမှာဖြစ်တယ်။

၂။ အချင်းချင်းဆီကနေ ဘယ်လိုသင်ယူနိုင်မလဲ။

၂ အချင်းချင်းဆီကနေ သင်ယူပါ– စွမ်းရည်တိုးတက်နိုင်မယ့် နည်းလမ်းတစ်ခုက အချင်းချင်းဆီကနေ သင်ယူခြင်းဖြစ်တယ်။ (သု. ၂၇:၁၇) ဒါကြောင့် ညီအစ်ကိုညီအစ်မတွေ ဟောပြောနေချိန်မှာ အာရုံစိုက်နားထောင်ပါ။ ဟောပြောခြင်းစွမ်ရည်ရှိတဲ့သူတွေဆီကနေ သတ်သတ်မှတ်မှတ် အကြံပြုချက် တောင်းပါ။ သူတို့ရဲ့အကြုံပြုချက်ကို သေသေချာချာ နားထောင်ပါ။ (သု. ၁:၅) လည်ပတ်မှု၊ ကျမ်းစာသင်အံမှုနဲ့ အမှုဆောင်လုပ်ငန်းရဲ့ အသွင်ပြင်တစ်ခုခုကို ဘယ်လိုလုပ်ရမှန်း မရေရာမသေချာ ဖြစ်နေပါသလား။ ဒါဆို လေ့ကျင့်မှုခံယူဖို့ အုပ်စုကြီးကြပ်မှူး ဒါမှမဟုတ် အတွေ့အကြုံရှိတဲ့ ကြေညာသူတွေဆီသွားပြီး ကိုယ့်ဘက်က အစပြု တောင်းဆိုပါ။ ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော်ကလည်း သင့်ရဲ့စွမ်းရည်တွေ တိုးတက်လာအောင် ကူညီပေးနိုင်တယ်ဆိုတာ သတိရပါ။ ဒါကြောင့် စွမ်းအားတော်ရဖို့ မှန်မှန် ဆုတောင်းပါ။—လု. ၁၁:၁၃။

၃။ ကိုယ်က မတောင်းဆိုဘဲ အကြံပြုချက် ရရှိတဲ့အခါ ဘယ်လိုတုံ့ပြန်သင့်သလဲ။

၃ တိုးတက်မှုအတွက် ကိုယ်ကမတောင်းဆိုဘဲ အကြံပြုချက်ရရှိတဲ့အခါ စိတ်မဆိုးပါနဲ့။ (ဒေ. ၇:၉) အာပေါလုလိုပဲ အကူအညီကို ကျေးဇူးတင်လေးမြတ်စိတ်နဲ့ နှိမ့်ချစွာ လက်ခံပါ။ အဲဒီလိုလက်ခံတာက ပညာရှိကြောင်း ပြသရာရောက်တယ်။—သု. ၁၂:၁၅။

၄။ ဟောပြောသူအဖြစ် ဆက်လက်တိုးတက်ဖို့လိုကြောင်း ဘယ်ခိုင်လုံတဲ့အကြောင်းရင်းကို ယေရှု ပေးခဲ့သလဲ။

၄ တိုးတက်မှုက ဘုရားသခင့် ဘုန်းတော်ထင်ရှားစေ– နောက်လိုက်တွေ အမှုတော်ဆောင်သူတွေအဖြစ် တိုးတက်လာအောင် ပုံဥပမာတစ်ခုသုံးပြီး ယေရှု အားပေးခဲ့ပါတယ်။ ယေရှုက သူ့ကိုယ်သူ စပျစ်ပင်အဖြစ်၊ ဘိသိက်ခံခရစ်ယာန်တွေကို အကိုင်းအခက်တွေအဖြစ် တင်စားဖော်ပြခဲ့တယ်။အသီးသီးတဲ့အကိုင်းအခက်တွေကို ဘုရားသခင် ရှင်းလင်းပေးတယ်၊ ဒါမှ “သာ၍အသီးသီး” နိုင်မှာဖြစ်တယ်လို့ ယေရှု ပြောခဲ့တယ်။ (ယော. ၁၅:၂) စပျစ်ခြံပိုင်ရှင်က စပျစ်ပင်တွေရဲ့ အကိုင်းအခက်တွေမှာ ဝေဝေဆာဆာ အသီးသီးတာကို လိုချင်သလို ယေဟောဝါဘုရားသခင်ကလည်း “နှုတ်ခမ်းအသီး” သီးနိုင်ဖို့ ကျွန်ုပ်တို့စွမ်းရည်ကို တိုးတက်စေချင်ပါတယ်။ (ဟေဗြဲ ၁၃:၁၅) ဟောပြောသူတစ်ဦးအဖြစ် တိုးတက်အောင် လုပ်ဆောင်တဲ့အခါ ကျေနပ်ဖွယ်ကောင်းတဲ့ ဘယ်ရလဒ်ထွက်ပေါ်လာမလဲ။ “သင်တို့သည် အသီးများစွာ သီးနေခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော် ထင်ရှား” စေတယ်လို့ ယေရှု ဖြေဆိုပေးခဲ့တယ်။—ယော. ၁၅:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ