ဇန်နဝါရီ ၁၉ အပတ်အတွက်ဇယား
ဇန်နဝါရီ ၁၉ မှာစမယ့်အပတ်
သီချင်း ၄၇ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၁၉၊ အပိုဒ် ၁-၈ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– တရားသူကြီး ၁-၄ (၈ မိ.)
နံပါတ် ၁– တရားသူကြီး ၃:၁-၁၁ (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ဘုရားသခင်အကြောင်း ဘယ်လိုသင်ယူနိုင်သလဲ—igw စ. ၄ အပိုဒ် ၁-၄ (၅ မိ.)
နံပါတ် ၃– ကာယနဲ့စိတ္တဘက် လွန်စွာချွတ်ယွင်းသောကလေးများ မွေးဖွားလာရန် အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း— rs စ. ၁၁၇ အပိုဒ် ၁-၄ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
ဒီလအတွက် အဓိကအကြောင်းအရာ– ‘အလွန်နှိမ့်ချသောစိတ်ရှိလျက် သခင်၏အမှုတော်ကို ဆောင်ရွက်ပါ။’—တမန်တော် ၂၀:၁၉။
၁၀ မိ– သမ္မာကျမ်းစာ လေ့လာမှုလမ်းညွှန်စာအုပ်ကို အသုံးပြုနေပါသလား။ အောက်ပါမေးခွန်းတွေကို အခြေခံပြီး ဆွေးနွေးပါ– (၁) လေ့လာမှုလမ်းညွှန်စာအုပ်က (က) တရားသူကြီး ၁၆:၁-၃ (ခ) လုကာ ၆:၁၇ (ဂ) ရောမ ၁၅:၁၉ တို့ကိုနားလည်ဖို့ ဘယ်လိုထောက်ကူပေးသလဲ။ (၂) လေ့လာမှုလမ်းညွှန်စာအုပ်က (က) “ဩမဲနဲ့ ဧဖာ” (ထွက်. ၁၆:၃၂၊ ၃၆)၊ (ခ) “တဲလင့်” (မ. ၂၅:၁၅)၊ (ဂ) “အဗိဗနဲ့ နိသန်” (တရား. ၁၆:၁) စတဲ့ အသုံးအနှုန်းတွေကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ ဘယ်လိုထောက်ကူပေးမလဲ။ ဒီစာအုပ်ကို အသုံးပြုဖို့ အားပေးရင်း နိဂုံးချုပ်ပါ။
၁၀ မိ– သခင်ရဲ့အမှုတော်ကို ကြိုးစားဆောင်ရွက်တဲ့အခါ ဇွဲရှိဖို့နဲ့ အစပြုလုပ်ဆောင်ဖို့လိုအပ်။ ၂၀၁၄ နှစ်ချုပ်စာအုပ် စာမျက်နှာ ၅၉ အပိုဒ် ၁ ကနေ စာမျက်နှာ ၆၂ အပိုဒ် ၁ အထိ၊ စာမျက်နှာ ၆၇ အပိုဒ် ၂ တို့ကို အခြေခံပြီး ဆွေးနွေးပါ။ ဘာသင်ခန်းစာတွေရသလဲဆိုတာ ပရိသတ်ကို မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါ။
၁၀ မိ– “အမှုတော်ဆောင်အဖြစ် တိုးတက်နေပါ။” မေးဖြေဆွေးနွေးပါ။
သီချင်း ၂၀ နဲ့ဆုတောင်းချက်