ဘာကြောင့် ချက်ချင်းသွားသင့်သလဲ
လယ်ကွင်းစုဆုံမှုမှာ ညီအစ်ကိုညီအစ်မတွေနဲ့ စကားပြောချင်ကြတာက အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ စုဆုံမှုပြီးသွားတာနဲ့ ရပ်ကွက်ကို ချက်ချင်းသွားဖို့ ကြိုးစားသင့်တယ်။ အခုချိန်မှာ ဟောပြောခြင်းလုပ်ငန်းကို အရေးတကြီးသဘောထားနဲ့ လုပ်ဆောင်ရမှာဖြစ်တယ်။ (၂ တိ. ၄:၂) အချိန်ဆွဲမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ပါဝင်ရမယ့်အချိန် နည်းသွားပါလိမ့်မယ်။ အမှုဆောင်ထွက်နေချိန်မှာ ညီအစ်ကိုညီအစ်မအချင်းချင်း ပေါင်းသင်းဖို့ အခွင့်အရေးအများကြီး ရရှိပါလိမ့်မယ်။ ရပ်ကွက်ကို ချက်ချင်းထွက်သွားတာက ယေဟောဝါဘုရားနဲ့ ယေရှုရဲ့အမှုတော်မှာ ကျွန်ုပ်တို့ ကြိုစားပါဝင်နေတယ်ဆိုတာ ဖော်ပြရာရောက်ပါတယ်။—ရော. ၁၂:၁၁။