ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၇ စာ. ၇
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • တိကျသောမှတ်တမ်းရရှိရန် သင်ထောက်ကူသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • လယ်ကွင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • သတင်းကောင်း ကြေညာသူများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • သင့်အသင်းတော်စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးကို ကူညီပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၁/၉၇ စာ. ၇

မေးခွန်းသေတ္တာ

▪ ကျွန်ုပ်တို့၏လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကို လစဉ်အချိန်မီ အဘယ်ကြောင့်ပေးပို့သင့်ပါသနည်း။

ကျွန်ုပ်တို့အားလုံးသည် နိုင်ငံတော်သတင်းတရားဟောပြောရာတွင် ပြီးမြောက်အောင်မြင်ခဲ့သည့်အကြောင်းကောင်းများကို ကြားရသည့်အခါ ရွှင်လန်းမှုခံစားရသည်။ (သုတ္တံ ၂၅:၂၅ ရှု။) တမန်တော် ၂:၄၁ တွင် ပင်တေကုတ္တေပွဲနေ့၌ ပေတရု၏လှုံ့ဆော်မှုပါသောဟောပြောချက်ပြီးနောက် “သုံးထောင်မျှတိုး၍လာ၏” ဟုမှတ်တမ်းတင်ထားသည်။ မကြာမီမှာပင် ထိုအရေအတွက်သည် “ငါးထောင်ခန့်” သို့တိုးပွားလာသည်။ (တ. ၄:၄) ဤမှတ်တမ်းများက ပထမရာစုခရစ်ယာန်များကို မည်မျှ ရွှင်လန်းအားတက်ဖွယ်ဖြစ်စေပါမည်တကား! ယနေ့ ကျွန်ုပ်တို့သည် အားတက်ဖွယ်မှတ်တမ်းများကို ထိုနည်းအတိုင်းပင်တုံ့ ပြန်ကြသည်။ ကျွန်ုပ်တို့ညီအစ်ကိုများ၏ ကမ္ဘာချီသတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် ရရှိသည့်အောင်မြင်မှုအကြောင်းကြားရသည့်အခါ အလွန်အားရ ရွှင်လန်းကြသည်။

စာရင်းပြုစုထားသည့်ထိုသို့သောမှတ်တမ်းများတွင် အချိန်နှင့်ကြိုးစားအားထုတ်မှု များစွာပါဝင်သောကြောင့် နိုင်ငံတော်ကြေညာသူတိုင်း ပူးပေါင်းလုပ်ဆောင်မှုရှိဖို့လိုသည်။ သင့်မှတ်တမ်းကို လစဉ်အချိန်မီပေးပို့ခြင်းနှင့်ပတ်သက်၍ သင်တာဝန်သိတတ်ပါသလော။

တိုးတက်မှုရှိသောမှတ်တမ်းများက ကျွန်ုပ်တို့ကို အလွန်ရွှင်လန်းစေသည်။ ထို့အပြင် မှတ်တမ်းများက ကမ္ဘာချီလုပ်ငန်းတော်တိုးတက်မှုကို ကြည့်ရှုစစ်ဆေးရန် အသင်းမအားအကူအညီဖြစ်စေသည်။ မည်သည့်နေရာတွင် ပို၍အကူအညီလိုသည် သို့မဟုတ် ထုတ်လုပ်ရမည့်စာပေအမျိုးအစားနှင့် ပမာဏတို့တို့ကိုသိရှိစေသည်။ အသင်းတော်တိုင်းရှိအကြီးအကဲများသည် မည်သည့်ကဏ္ဍတွင် တိုးတက်နိုင်သည်ကိုဆုံးဖြတ်ရန် လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကို အသုံးပြုသည်။ တိုးတက်လာနိုင်ရန်အတွက် ကျွန်ုပ်တို့၏ဓမ္မအမှုကိုဆန်းစစ်ရန် မှတ်တမ်းကောင်းများက ကျွန်ုပ်တို့ကို တည်ဆောက်မှုနှင့်လှုံ့ဆော်မှုဖြစ်စေသည်။

ကြေညာသူတိုင်းသည် လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကို လစဉ်အချိန်မီပေးရန် တစ်ဦးစီတာဝန်ကိုသိဖို့လိုသည်။ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများသည် ဤတာဝန်ကို ကြေညာသူများအားသတိပေးရန် ကောင်းသောအနေအထားတွင်ရှိသည်။ အကြောင်းမှာ သူတို့သည် လယ်ကွင်းလုပ်ငန်းတွင် လစဉ်ပုံမှန်ပါဝင်ရန် အခက်အခဲတချို့တွေ့မည့်သူတစ်ဦးစီကို အကူအညီပေးဖို့နိုးကြားနေသောကြောင့်ဖြစ်သည်။ ဤသတိပေးချက်ကို လစဉ်နောက်ဆုံးအပတ်စာအုပ်ကြီးသင်တန်း သို့မဟုတ် အခြားသင့်လျော်သည့်အချိန်တွင်ပေးနိုင်သည်။ နိုင်ငံတော်ခန်းမတွင် လယ်ကွင်းလုပ်ငန်းမှတ်တမ်းပေးဖို့အခွင့်မသင့်ပါက အသင်းတော်စာအုပ်ကြီးသင်တန်းမှူးသည် ယင်းတို့ကိုစုသိမ်းနိုင်ပြီး အသင်းမသို့ပေးပို့သော အသင်းတော်၏ပုံမှန်လစဉ်မှတ်တမ်းတွင်ပါသွားရန် အတွင်းရေးမှူးကိုအချိန်မီပေးဖို့ဖြစ်သည်။

ကျွန်ုပ်တို့၏လယ်ကွင်းလုပ်ငန်းတော် လုပ်ဆောင်မှုကို အချိန်မီ သစ္စာရှိရှိမှတ်တမ်းပေးပို့ရာတွင် လုံ့လဝီရိယရှိခြင်းက ကျွန်ုပ်တို့၏ ဝိညာဏကောင်းကျိုးအတွက် တာဝန်ရှိသူများကို ပို၍ ဝန်ပေါ့စေပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ