ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေရမိ ၁၂-၁၆
အစ္စရေးလူမျိုး ယေဟောဝါကို မေ့လျော့ခဲ့
ခေါင်းမာပြီး မာနကြီးတဲ့ ယုဒတစ်မျိုးလုံးနဲ့ ဂျေရုဆလင်မြို့ကို ဖျက်ဆီးမယ်ဆိုတဲ့ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်အကြောင်း ပြောပြဖို့ ခက်ခဲတဲ့တာဝန်ကို ယေရမိ ရခဲ့
ယေရမိက ချည်ခါးစည်းကြိုးကို ဝယ်ယူ
ခါးစည်းကို ခါးမှာချည်ထားတာက ယေဟောဝါနဲ့ အစ္စရေးလူမျိုး ရင်းနှီးတဲ့ဆက်ဆံရေး ရှိတာကို တင်စား
ယေရမိက ခါးစည်းကြိုးကို ယူဖရေးတီးမြစ်ကို ယူသွား
ခါးစည်းကြိုးကို ကျောက်ကြားမှာ ဝှက်ထားပြီး ဂျေရုဆလင်မြို့ကို ပြန်လာ
ခါးစည်းကြိုးကို ပြန်ယူဖို့ ယူဖရေးတီးမြစ်ဆီ သူပြန်သွား
ခါးစည်းကြိုးက ဆွေးမြေ့နေပြီ
ဒီတာဝန်ကို ယေရမိ လုပ်ဆောင်ပြီးတဲ့အခါ ယေဟောဝါက အကြောင်းစုံကို ရှင်းပြ
အရေးမပါဘူးလို့ထင်ရတဲ့ အလုပ်ကို ယေရမိ စိတ်နှလုံးအပြည့်နာခံ ပြုလုပ်ခဲ့တာက လူတွေရဲ့ နှလုံးကို ထိမိဖို့ ယေဟောဝါ ကြိုးစားလုပ်ဆောင်တာကို ဖော်ပြ