ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၂ စာ. ၇-၉
  • အဆုံး ဘယ်တော့ ရောက်လာမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဆုံး ဘယ်တော့ ရောက်လာမလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဆုံးနဲ့ပတ်သက်ပြီး ယေရှု ပြောခဲ့တဲ့ အချက်နှစ်ချက်ကို သုံးသပ်ကြည့်ပါ။
  • နိမိတ်
  • “နောက်ဆုံးကာလ”
  • ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာ ဖြစ်လာတော့မယ်
  • အဆုံးနဲ့ပတ်သက်တဲ့ မေးခွန်းလေးခုရဲ့ အဖြေများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလုနီးပြီ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • ဒီလောကရဲ့အဆုံး နီးပြီလား
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၂ စာ. ၇-၉
ယေရှုက နောက်ဆုံးကာလရဲ့ နိမိတ်အကြောင်း တမန်တော်တွေကို ပြောပြနေစဉ်။

အဆုံး ဘယ်တော့ ရောက်လာမလဲ

ပြီးခဲ့တဲ့ ဆောင်းပါးမှာ သိခဲ့ရတဲ့အတိုင်း ဒီလောကရဲ့ အဆုံးလို့ ကျမ်းစာ ပြောတဲ့အခါ ကမ္ဘာမြေကြီး ပျက်စီးပြီး လူသားမျိုးနွယ် ပျက်သုဉ်းသွားတာကို မဆိုလိုဘူး။ ပျက်စီးယိုယွင်းနေတဲ့ ဒီလောကစနစ်နဲ့ အဲဒါကို ထောက်ခံသူတွေအားလုံး ပျောက်ကွယ်ပျက်စီးသွားမှာကို ဆိုလိုတယ်။ ဒါပေမဲ့ ဒီဆိုးညစ်တဲ့ စနစ် ပျက်စီးသွားမယ့် အချိန်အကြောင်း ကျမ်းစာမှာ ဘာပြောသလဲ။

အဆုံးနဲ့ပတ်သက်ပြီး ယေရှု ပြောခဲ့တဲ့ အချက်နှစ်ချက်ကို သုံးသပ်ကြည့်ပါ။

“အဲဒီနေ့၊ အဲဒီအချိန်ကို ခင်ဗျားတို့ မသိတဲ့အတွက် သတိနဲ့ စောင့်နေကြပါ။”—မဿဲ ၂၅:၁၃။

“အဖဘုရား သတ်မှတ်ထားတဲ့ အချိန်ကို ခင်ဗျားတို့ မသိတဲ့အတွက် သတိနဲ့ စောင့်နေကြပါ။ နိုးနိုးကြားကြား ရှိနေကြပါ။”—မာကု ၁၃:၃၃။

ဒါကြောင့် ဒီလောကစနစ် အဆုံးတိုင်မယ့် အချိန် အတိအကျကို ဘယ်သူမှ မသိဘူး။ အဆုံးရောက်လာမယ့် ‘နေ့ နဲ့ အချိန်’ အတိအကျကိုတော့ ဘုရားသခင် “သတ်မှတ်ထား” ပြီးပြီ။ (မဿဲ ၂၄:၃၆) ဒါဆိုရင် အဆုံးရောက်လာမယ့်အချိန်ကို ဘယ်လိုမှ မသိနိုင်ဘူး ဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ ယေရှုက တပည့်တွေကို အဆုံးရောက်လာဖို့ နီးပြီဆိုတာ သိစေတဲ့ အဖြစ်အပျက်တွေ ပြောခဲ့တယ်။

နိမိတ်

ဒီအဖြစ်အပျက်တွေက “လောကစနစ် နိဂုံးပိုင်းကို” ရောက်နေပြီဆိုတဲ့ နိမိတ်မှန်း သိစေတယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ အစာခေါင်းပါးတာ၊ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။” (မဿဲ ၂၄:၃၊ ၇) “ကပ်ရောဂါဘေးတွေ” ဖြစ်လိမ့်မယ်လို့လည်း ပြောတယ်။ (လုကာ ၂၁:၁၁) ယေရှု ကြိုပြောခဲ့တဲ့ အဖြစ်အပျက်တွေကို တွေ့နေရပြီလား။

အသေအပျောက်များတဲ့ စစ်ပွဲတွေ၊ အစာရှားပါးမှုတွေ၊ ငလျင်တွေ၊ ဆိုးရွားလှတဲ့ ကပ်ရောဂါတွေရဲ့ ဒဏ်ကို ယနေ့ လူတွေ ခံစားနေရတယ်။ ဥပမာ၊ ၂၀၀၄ ခုနှစ်တုန်းက အိန္ဒိယ သမုဒ္ဒရာမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဆူနာမီ ဖြစ်ပေါ်လာပြီး လူပေါင်း ၂၂၅,၀၀၀ နီးပါး သေဆုံးခဲ့တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သုံးနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ ၆.၉ သန်းနီးပါး သေဆုံးခဲ့တယ်။ ဒီအဖြစ်အပျက်တွေက ဒီလောကစနစ် ကုန်ဆုံးဖို့ နီးနေပြီဆိုတာ ဖော်ပြတယ်လို့ ယေရှု ပြောခဲ့တယ်။

“နောက်ဆုံးကာလ”

လောကစနစ် အဆုံးမတိုင်ခင် အချိန်ကာလကို “နောက်ဆုံးကာလ” လို့ ကျမ်းစာက ဆိုတယ်။ (၂ ပေတရု ၃:၃၊ ၄) တိမောသေ ဒုတိယစောင် ၃:၁-၅ အရ နောက်ဆုံးကာလမှာ လူတွေဟာ ကိုယ်ကျင့်တရား ပျက်ပြားလာမယ်။ (“လောကစနစ် အဆုံးမတိုင်မီ” လေးထောင့်ကွက်ကို ကြည့်ပါ။) အတ္တကြီး၊ လောဘကြီး၊ ခက်ထန်ကြမ်းကြုတ်၊ မေတ္တာကင်းမဲ့တဲ့ လူစားတွေကို မြင်နေရသလား။ အဲဒါတွေက ဒီလောကစနစ် ကုန်ဆုံးတော့မယ့် အချိန်မှာ အသက်ရှင်နေရတယ်ဆိုတဲ့ အထောက်အထားတွေပါပဲ။

နောက်ဆုံးကာလ ဘယ်လောက် ကြာရှည်မလဲ။ “အချိန် နည်းနည်းပဲ” လို့ ကျမ်းစာက ဆိုတယ်။ “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို” ဘုရားသခင် “ဖျက်ဆီး” ပါတော့မယ်။—ဗျာဒိတ် ၁၁:၁၅-၁၈။ ၁၂:၁၂။

စစ်ပွဲများ

တိုက်ပွဲဝင်နေတဲ့ စစ်သားတွေ အကာအရံနောက်ကနေ သေနတ်ပစ်နေကြစဉ်။
  • ၂၀၀၇ ကနေ ၂၀၁၇ ခုနှစ်အထိ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးမှု ၁၁၈ ရာခိုင်နှုန်း တိုးများလာတယ်။

ရောဂါများ

လူနာတစ်ယောက် ဆေးရုံကုတင်မှာ လှဲနေစဉ်။
  • အသေအပျောက်များတဲ့ ရောဂါတချို့က နှလုံးရောဂါ၊ လေဖြတ်တာ၊ အဆုတ်ရောဂါ၊ မွေးကင်းစကလေး သေဆုံးမှု၊ ကာလဝမ်းရောဂါ၊ ကင်ဆာ၊ တီဘီရောဂါတွေ ဖြစ်တယ်။

ငတ်မွတ်မှု

ဆာလောင်နေတဲ့ မိန်းကလေးတစ်ယောက် ခွက်တစ်လုံး ကိုင်ထားစဉ်။
  • ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၉.၈ ရာခိုင်နှုန်း ငတ်မွတ်နေပြီး ငါးနှစ်အောက် ကလေး သုံးယောက်မှာ တစ်ယောက်လောက်ဟာ အာဟာရ ချို့တဲ့ပြီး ပိန်လှီနေတယ်။

ကမ္ဘာချီ ဟောပြောခြင်း

ယေဟောဝါသက်သေတွေ စာအုပ်လက်တွန်းစင်နားမှာ ရပ်ပြီး အမျိုးသားတစ်ယောက်နဲ့ စကားပြောနေစဉ်။
  • နိုင်ငံနဲ့ နယ်မြေပေါင်း ၂၄၀ မှာ အရည်အချင်း ပြည့်မီတဲ့ ဟောပြောသူ (ယေဟောဝါသက်သေ) ၈.၆ သန်းကျော်ဟာ ဘာသာစကား ၁,၀၀၀ ကျော်နဲ့ ထုတ်ဝေထားတဲ့ စာပေတွေ သုံးပြီး ဟောပြောနေကြတယ်။

ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာ ဖြစ်လာတော့မယ်

ဆိုးယုတ်တဲ့ လက်ရှိ လောကစနစ်ကို ဖျက်ဆီးမယ့် နေ့ရက်နဲ့ အချိန်ကို ဘုရားသခင် သတ်မှတ်ထားပြီးပြီ။ (မဿဲ ၂၄:၃၆) ဒါပေမဲ့ သတင်းကောင်းကတော့ ဘုရားသခင်က “ဘယ်သူ့ကိုမှ မပျက်စီးစေချင်” ဘူး။ (၂ ပေတရု ၃:၉) ဘုရားက မိမိရဲ့ စံနှုန်းတွေနဲ့အညီ အသက်ရှင်နေထိုင်ဖို့ လူသားတွေကို အခွင့်အရေး ပေးထားတယ်။ အကြောင်းကတော့ ကျွန်တော်တို့ကို ဒီလောကစနစ် အဆုံးကနေ ကယ်တင်ပြီး သာယာလှပတဲ့ ပရဒိသု ကမ္ဘာသစ်မှာ အသက်ရှင် နေထိုင်စေချင်လို့ပါပဲ။

ဘုရားသခင့် နိုင်ငံတော် အုပ်ချုပ်မှုအောက် ကမ္ဘာသစ်မှာ နေထိုင်ခွင့် ရစေဖို့ ကမ္ဘာချီ သွန်သင်ခြင်း အစီအစဉ်တစ်ခုကို ဘုရားသခင် စီစဉ်ပေးထားတယ်။ ဘုရားသခင့် နိုင်ငံတော်အကြောင်း သတင်းကောင်းကို “လူနေထိုင်ရာ မြေတစ်ခွင်လုံး” မှာ ဟောပြောကြလိမ့်မယ်လို့ ယေရှု ပြောခဲ့တယ်။ (မဿဲ ၂၄:၁၄) ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ ကျမ်းစာမျှော်လင့်ချက်အကြောင်း ဟောပြောသွန်သင်ရာမှာ နာရီပေါင်း သန်းချီ သုံးနေတယ်။ အဆုံးမရောက်ခင်အထိ ဒီဟောပြောခြင်း ကင်ပိန်းကို ကမ္ဘာတစ်ဝန်းမှာ လုပ်ဆောင်မယ်လို့ ယေရှု ပြောခဲ့တယ်။

လူ့အုပ်ချုပ်မှု ကုန်ဆုံးမယ့်အချိန် နီးနေပြီ။ သတင်းကောင်းကတော့ ဒီလောက အဆုံးတိုင်တဲ့အခါ သင် ကယ်တင်ခံရပြီး ဘုရား ကတိပေးထားတဲ့ သာယာလှပတဲ့ ကမ္ဘာမြေကြီးမှာ အသက်ရှင်ခွင့် ရနိုင်ပါတယ်။ အဲဒီကမ္ဘာသစ်မှာ အသက်ရှင်ခွင့်ရအောင် ဘာလုပ်နိုင်သလဲဆိုတာ နောက်ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

လောကစနစ် အဆုံးမတိုင်မီ

“နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကို တပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ ဘုရားကို စော်ကားပြောဆိုသူ၊ မိဘစကား နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ချစ်ခင်တွယ်တာစိတ် မရှိသူ၊ ညှိနှိုင်းလို့ မရသူ၊ သွားပုပ်လေလွင့် ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ၊ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို မချစ်ဘဲ အပျော်အပါးကိုသာ နှစ်သက်သူ၊ ဘုရားတရား ကြည်ညိုဟန် ရှိပေမဲ့ တရားကို လက်တွေ့မကျင့်သူတွေ ဖြစ်ကြလိမ့်မယ်။”—၂ တိမောသေ ၃:၁-၅။

“နောက်ဆုံးကာလ” အကြောင်း ယေရှုရဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံနေလို့ မျှော်လင့်ချက် ရှိ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ