ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၄ အမှတ် ၁ စာ. ၁၀-၁၃
  • အမှားနဲ့ အမှန်– အကျိုးပြုတဲ့ လမ်းညွှန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှားနဲ့ အမှန်– အကျိုးပြုတဲ့ လမ်းညွှန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁။ အိမ်ထောင်ရေး
  • ၂။ တခြားသူတွေကို ဆက်ဆံပုံ
  • ၃။ ငွေ
  • ၄။ လိင်
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သင့်အိမ်ထောင်ခိုင်မြဲအောင် ယေဟောဝါကို ကာကွယ်စောင့်ရှောက်ခွင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • အိမ်ထောင်မင်္ဂလာ—ဘုရားသခင်ဆီက ဆုလက်ဆောင်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
ကလ၂၄ အမှတ် ၁ စာ. ၁၀-၁၃

အမှားနဲ့ အမှန်– အကျိုးပြုတဲ့ လမ်းညွှန်

ကျမ်းစာလမ်းညွှန်ချက်တွေ တကယ် အကျိုးပြုကြောင်း၊ စိတ်ချလို့ ရကြောင်း လူသန်းချီ သိလာတဲ့ ကဏ္ဍလေးခုကို သုံးသပ်ကြည့်ပါ။

၁။ အိမ်ထောင်ရေး

မောင်နှံတစ်စုံ ကြည်ကြည်နူးနူး လမ်းလျှောက်ထွက်နေ။

အိမ်ထောင်နဲ့ပတ်သက်ပြီး၊ အိမ်ထောင်သာယာမယ့် နည်းနဲ့ပတ်သက်ပြီး လူတွေမှာ အမြင်အမျိုးမျိုး ရှိကြတယ်။

ကျမ်းစာအဆို။ “ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်။”—ဧဖက် ၅:၃၃။

အဓိပ္ပာယ်။ အိမ်ထောင်ဆိုတာ ဘုရား အစပြုပေးခဲ့တဲ့ အစီအစဉ်ပါ။ ဒါကြောင့် အိမ်ထောင် ပျော်ရွှင်သာယာဖို့ ဘာလိုမှန်း ဘုရား သိတယ်။ (မာကု ၁၀:၆-၉) ကိုယ့်ကိုယ်ကိုယ်ထက် အိမ်ထောင်ဖက်ကို ဦးစားထားတဲ့အခါ နှစ်ယောက်စလုံး ပျော်ရွှင်ရတယ်။ ဇနီးကို ချစ်တဲ့ ခင်ပွန်းဟာ ချစ်တယ်ဆိုတာကို ကိုယ့်ဆက်ဆံပုံ၊ ဂရုစိုက်ပုံနဲ့ ပြမှာ ဖြစ်တယ်။ ခင်ပွန်းကို လေးစားတဲ့ ဇနီးဟာ လေးစားတယ်ဆိုတာကို ပြောဆိုပြုမူပုံနဲ့ ပြမှာ ဖြစ်တယ်။

ကျမ်းစာလမ်းညွှန်ချက် အကျိုးပြုပုံ။ ဗီယက်နမ်နိုင်ငံက ခွမ်နဲ့ သီတို့ဟာ အိမ်ထောင် မသာယာလို့ မွန်းကျပ်နေကြတယ်။ ခွမ် မကြင်နာတတ်ဘူး။ “သီရဲ့ ခံစားချက်ကို ဂရုမစိုက်ခဲ့ဘူး။ အရှက်ခွဲသလို လုပ်မိတဲ့အချိန်တွေ ရှိတယ်” လို့ ခွမ် ပြောတယ်။ သီ ကွာရှင်းချင်လာတယ်။ “ကျွန်မယောက်ျားကို ဘယ်လိုမှ မယုံနိုင်တော့ဘူး၊ မလေးစားနိုင်တော့ဘူး” လို့ ပြောတယ်။

ကျမ်းစာမှာ ဘာလမ်းညွှန်ထားသလဲ၊ ဧဖက် ၅:၃၃ လို လမ်းညွှန်ချက်ကို အိမ်ထောင်မှာ ဘယ်လို လက်တွေ့လိုက်နာနိုင်မလဲဆိုတာ ခွမ်နဲ့ သီ သိလာတယ်။ “ဒီကျမ်းချက် ဖတ်ပြီးနောက် ကြင်နာတတ်ဖို့၊ ငွေကြေးဥစ္စာပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ထောက်မပေးဖို့၊ အချစ်ခံရတယ်လို့ သီ ခံစားရဖို့ လိုမှန်း ကျွန်တော် သိလာတယ်။ သိလာတဲ့အတိုင်း ကြိုးစားလုပ်တဲ့အခါ သီ့ဆီက အချစ်တွေ၊ လေးစားမှုတွေ ရလာတယ်” လို့ ပြောတယ်။ “ဧဖက် ၅:၃၃ မှာ ပြောတဲ့အတိုင်း ခွမ့်ကို လေးစားကြောင်း ပြလေ ခွမ်လည်း ကျွန်မကို မေတ္တာ၊ လုံခြုံမှု၊ စိတ်အေးချမ်းမှု ပေးလေပါပဲ” လို့ သီ ပြောတယ်။

ထပ်သိချင်ရင် “မိသားစုအောင်မြင်ရေး လျှို့ဝှက်ချက် ၁၂ ချက်” ဆိုတဲ့ ၂၀၁၈ အမှတ် ၂ နိုးလော့! ကို jw.org မှာ ဖတ်ပါ။

မောင်နှံတစ်စုံကို အမျိုးသမီးတစ်ယောက် စတိုးဆိုင်မှာ ပစ္စည်း ကူရှာပေးနေ။ သူတို့ တက်တူး အများကြီး ထိုးထားပြီး မိုက်တီးမိုက်ကန်းပုံ ပေါက်ပေမဲ့ အမျိုးသမီး ကြင်ကြင်နာနာ ဆက်ဆံနေ။

၂။ တခြားသူတွေကို ဆက်ဆံပုံ

လူမျိုး၊ နိုင်ငံ၊ ပုံပန်းသွင်ပြင်၊ ဘာသာရေး၊ လိင်ခံယူချက်အပေါ် အခြေခံပြီး လူတွေ ခွဲခြားခွဲခြား ဆက်ဆံတတ်ကြတယ်။

ကျမ်းစာအဆို။ “လူအမျိုးမျိုးကို လေးစားကြပါ။”—၁ ပေတရု ၂:၁၇။

အဓိပ္ပာယ်။ ကိုယ်နဲ့ နိုင်ငံ၊ လူမျိုး မတူသူတွေ၊ လိင်တူသမားတွေကို မုန်းဖို့ ကျမ်းစာ သင်မပေးဘူး။ နိုင်ငံ၊ လူမျိုး၊ ဆင်းရဲချမ်းသာမရွေး လူအမျိုးမျိုးကို လေးစားဖို့ သင်ပေးတယ်။ (တမန်တော် ၁၀:၃၄) ကိုယ်နဲ့ အမြင်၊ လုပ်ပုံကိုင်ပုံ မတူသူတွေကိုတောင် ကြင်ကြင်နာနာ လေးလေးစားစား ပြောဆိုဆက်ဆံနိုင်ပါတယ်။—မဿဲ ၇:၁၂။

ကျမ်းစာလမ်းညွှန်ချက် အကျိုးပြုပုံ။ အာရှသားတွေဟာ မိမိနိုင်ငံအတွက် အန္တရာယ်ကောင်တွေ ဖြစ်တယ်လို့ ဒန်နီယယ် သွန်သင်ခံရတယ်။ ဒါကြောင့် အာရှနောက်ခံရှိသူတွေကို မုန်းတယ်။ လူကြားသူကြားထဲ အရှက်ခွဲလေ့ရှိတယ်။ “ဒီလိုလုပ်တာ ‘မျိုးချစ်စိတ်’ ကြောင့်ပဲလို့ ကျွန်တော် ထင်ခဲ့တယ်။ မှားတယ်လို့ကို မထင်တာ” ဆိုပြီး ဒန်နီယယ် ပြောတယ်။

ကျမ်းစာလမ်းညွှန်ချက်ကို ဒန်နီယယ် သိလာတယ်။ “ကျွန်တော့်အတွေးအခေါ်ကို လုံးဝ ပြောင်းပစ်မှ ရတော့မယ်။ လူတွေကို ဘုရား မြင်သလို မြင်ဖို့ လိုနေပြီ။ ဘယ်နိုင်ငံကပဲလာလာ အားလုံး အတူတူပါပဲ” လို့ ပြောတယ်။ အခု လူတွေနဲ့ ဆုံတဲ့အခါ ဒန်နီယယ် ဘယ်လို သဘောထားသလဲ။ “ဘယ်နိုင်ငံက လာကြတယ်ဆိုတာတောင် မတွေးမိသလောက်ပဲ။ အခု လူအမျိုးမျိုးကို ချစ်တတ်နေပြီ။ မိတ်ဆွေရင်းတွေ ကမ္ဘာအနှံမှာ ရှိနေပြီ” လို့ ပြောတယ်။

ထပ်သိချင်ရင် “မလိုမုန်းထားမှု မရှိတော့မယ့် အချိန် ရောက်လာပါဦးမလား” ဆိုတဲ့ ၂၀၂၀ အမှတ် ၃ နိုးလော့! ကို jw.org မှာ ဖတ်ပါ။

ထရပ်ကားနဲ့ အစားအစာ ရောင်းတဲ့ အမျိုးသားတစ်ယောက် ဝယ်သူအတွက် စားစရာ ပြင်ပေးနေ။

၃။ ငွေ

ပျော်ရွှင်ဖို့၊ နောင်ရေး စိတ်အေးရဖို့ လူတွေ ငွေနောက်လိုက်ကြတယ်။

ကျမ်းစာအဆို။ “ငွေက ကာကွယ်ပေးသလို ဉာဏ်ပညာကလည်း ကာကွယ်ပေးတယ်။ ဒါပေမဲ့ အသိပညာနဲ့ ဉာဏ်ပညာရဲ့ အားသာချက်ကတော့ ပိုင်ဆိုင်တဲ့သူကို အသက်ဆက်ရှင်စေတယ်။”—ဒေသနာ ၇:၁၂။

အဓိပ္ပာယ်။ ကျွန်တော်တို့ ငွေ လိုတယ်။ ဒါပေမဲ့ ငွေ ရှိတိုင်း ပျော်မယ်၊ နောင်ရေး အေးမယ်ဆိုတဲ့ အာမခံချက် မရှိဘူး။ (ပညာအလိမ္မာ ၁၈:၁၁။ ၂၃:၄၊ ၅) စစ်မှန်တဲ့ ပျော်ရွှင်မှု၊ လုံခြုံတဲ့ အနာဂတ်ဆိုတာ ဘုရားစကားတော် ကျမ်းစာမှာ ပါတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာတဲ့အပေါ်ပဲ မူတည်တာ။—၁ တိမောသေ ၆:၁၇-၁၉။

ကျမ်းစာလမ်းညွှန်ချက် အကျိုးပြုပုံ။ အင်ဒိုနီးရှားနိုင်ငံက ကာဒိုလို့ ခေါ်တဲ့ လူတစ်ယောက်ဟာ ချမ်းသာဖို့ပဲ အာရုံစိုက်ခဲ့တယ်။ “လူတိုင်း လိုချင်တဲ့ အရာတွေ ကျွန်တော့်မှာ ရှိတယ်။ ခရီးတွေ ထွက်နိုင်တယ်။ ဇိမ်ခံပစ္စည်းတွေ၊ ကားတွေ၊ အိမ်တွေ ဝယ်နိုင်တယ်” လို့ ပြောတယ်။ ဒါပေမဲ့ ငွေ ကြာကြာမခံပါဘူး။ “ကျွန်တော် အလိမ်ခံလိုက်ရတယ်။ ရေကုန်ရေခမ်း ရှာထားရတဲ့ ပိုက်ဆံတွေ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်သွားတယ်။ တစ်ဘဝလုံးနီးပါး ငွေရှာတာနဲ့ပဲ နပန်းလုံးနေခဲ့တာ။ အထီးကျန်တာ၊ စိတ်ပျက်ရတာ၊ တန်ဖိုးမရှိဘူးလို့ ခံစားရတာပဲ အဖတ်တင်တယ်” လို့ ပြောတယ်။

ငွေနဲ့ပတ်သက်တဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ကာဒို စလိုက်နာတယ်။ ချမ်းသာဖို့ မကြိုးစားတော့ဘူး။ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတယ်။ “ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိလို့ အခုမှ တကယ် ချမ်းသာနေတာ။ ညတိုင်း ကောင်းကောင်း အိပ်ပျော်တယ်။ တကယ် စိတ်ချမ်းသာတယ်ဗျာ” လို့ ပြောတယ်။

ထပ်သိချင်ရင် ၂၀၂၁ အမှတ် ၃ ကင်းမျှော်စင် မှာ ပါတဲ့ “ပညာရေးနဲ့ ငွေက လုံခြုံစိတ်ချရတဲ့ အနာဂတ် ရစေနိုင်သလား” ဆိုတဲ့ ဆောင်းပါးကို jw.org မှာ ဖတ်ပါ။

၄။ လိင်

လိင်မှုကိစ္စနဲ့ပတ်သက်ပြီး လူတွေမှာ အမြင်အမျိုးမျိုး ရှိကြတယ်။

ကျမ်းစာအဆို။ “လိင်အကျင့်ယိုယွင်းမှုကို ရှောင်ကြဉ် [ကြပါ။] ခင်ဗျားတို့အားလုံး သန့်ရှင်းသူတွေ၊ ဂုဏ်အသရေရှိသူတွေ ဖြစ်နိုင်ဖို့ ခန္ဓာကိုယ်ကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ သိရမယ်။”—၁ သက်သာလောနိတ် ၄:၃၊ ၄။

အဓိပ္ပာယ်။ လိင်ဆန္ဒ ဖော်ပြပုံနဲ့ပတ်သက်ပြီး ကျမ်းစာမှာ စည်းသတ်မှတ်ထားတယ်။ “လိင်အကျင့်ယိုယွင်းမှု” မှာ အိမ်ထောင်ရေးဖောက်ပြန်တာ၊ ပြည့်တန်ဆာလုပ်တာ၊ လက်မထပ်ဘဲ လိင်ဆက်ဆံတာ၊ လိင်တူဆက်ဆံတာ၊ တိရစ္ဆာန်နဲ့ဆက်ဆံတာတွေ ပါဝင်တယ်။ (၁ ကောရိန္သု ၆:၉၊ ၁၀) လိင်မှုကိစ္စဆိုတာ ဘုရားဆီက လက်ဆောင်ပါ။ လက်ထပ်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးအတွက်ပဲ ဘုရား ရည်ရွယ်တာ။—ပညာအလိမ္မာ ၅:၁၈၊ ၁၉။

ကျမ်းစာလမ်းညွှန်ချက် အကျိုးပြုပုံ။ သြစတြေးလျနိုင်ငံက ကိုင်လီလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ဒီလို ပြောတယ်– “ကျွန်မ တစ်ကိုယ်ရေဘဝတုန်းက လိင်ဆက်ဆံရင် စိတ်လုံခြုံမယ်၊ အချစ်ခံရမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ တခြားစီပဲ။ စိတ်မလုံမလဲ ဖြစ်ရတယ်။ ဝမ်းနည်းစရာတွေပဲ ကြုံရတယ်။”

လိင်နဲ့ပတ်သက်တဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ကိုင်လီ သိလာပြီး လိုက်နာတယ်။ “ကျွန်မတို့ကို မထိခိုက်စေချင်လို့၊ မနာကျင်စေချင်လို့ ဘုရား စံနှုန်းတွေ ပေးထားမှန်း သဘောပေါက်လာတယ်။ ဘုရားစံနှုန်းအတိုင်း လိုက်နာတယ်။ ဒါကြောင့် ခင်ပွန်းဆီကနေ လုံခြုံမှု၊ မေတ္တာတွေ ရတယ်။ ဝမ်းနည်းပက်လက် မဖြစ်တော့ဘူး” လို့ ပြောတယ်။

ထပ်သိချင်ရင် “လက်မထပ်ဘဲ အတူနေတာနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ” ဆောင်းပါးကို jw.org မှာ ဖတ်ပါ။

အမှားအမှန် ကျွန်တော်တို့ သဲသဲကွဲကွဲ သိနိုင်အောင် ဖန်ဆင်းရှင် ကူညီပေးတယ်။ ဘုရားလမ်းညွှန်ချက်ကို လိုက်နာရတာ အမြဲတော့ မလွယ်ဘူး။ ဒါပေမဲ့ လိုက်နာရကျိုးနပ်တယ်။ တည်မြဲတဲ့ ပျော်ရွှင်မှု အမြဲ ရစေမယ်ဆိုတာ စိတ်ချလို့ရတယ်။

ရှေ့ဆောင်းပါးတွေမှာ ပါတဲ့ လူငယ် သံကြိုးလက်ရန်း တပ်ထားတဲ့ မတ်စောက်ကျဉ်းမြောင်းတဲ့ လမ်းမှာ လျှောက်နေ။ ခပ်လှမ်းလှမ်းမှာ ကြိုးတံတားနဲ့ တောင်ထိပ် မြင်နေရ။
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ