ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ အောက်တိုဘာ စာ. ၃၀-၃၁
  • အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်နှစ်ယောက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်နှစ်ယောက်
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အုပ်ချုပ်ရေး အဖွဲ့ဝင်သစ် နှစ်ယောက်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ဘာလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • အုပ်ချုပ်ရေးအဖွဲ့ဝင်အသစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ အောက်တိုဘာ စာ. ၃၀-၃၁

အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်နှစ်ယောက်

ညီအစ်ကို ဂျိုဒီ ဂျေဒလီနဲ့ ဂျေးကော့ ရမ့်ကို ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်လိုက်ကြောင်း ၂၀၂၄၊ အောက်တိုဘာ ၅ ရက် နှစ်ပတ်လည်အစည်းအဝေးမှာ ကြေညာခဲ့တယ်။ ညီအစ်ကိုနှစ်ယောက်စလုံးဟာ သက်တမ်းကြာ သစ္စာရှိ အမှုတော်ဆောင်တွေ ဖြစ်ကြတယ်။

ညီအစ်ကို ဂျိုဒီ ဂျေဒလီနဲ့ ဇနီး ဒမာရစ္စ

ညီအစ်ကို ဂျေဒလီဟာ အမေရိကန်ပြည်ထောင်စု၊ မစ်ဆူရီပြည်နယ်မှာ မွေးဖွားပြီး သက်သေခံမိဘတွေလက်ထဲ ကြီးပြင်းလာတယ်။ သူတို့မိသားစု နေတဲ့ နေရာနားမှာ သိပ်မဟောပြောဖြစ်တဲ့ အမှုဆောင်ရပ်ကွက် ရှိတယ်။ အဲဒီရပ်ကွက်မှာ ဟောပြောဖို့ ရောက်ရောက်လာတတ်တဲ့ နိုင်ငံတစ်ဝန်းက ညီအစ်ကို/မ အများကြီးနဲ့ ညီအစ်ကို ဂျေဒလီ တွေ့ဆုံခွင့် ရတယ်။ ညီအစ်ကို/မတွေရဲ့ မေတ္တာ၊ စည်းလုံးမှုကို မြင်ပြီး သိပ်စိတ်ထိမိသွားတယ်။ ၁၉၈၃၊ အောက်တိုဘာ ၁၅ ရက်မှာ နှစ်ခြင်းခံတယ်။ ဟောပြောခြင်းလုပ်ငန်းကို သိပ်ကြိုက်လို့ အထက်တန်းကျောင်းပြီးနောက် ၁၉၈၉၊ စက်တင်ဘာလမှာ မှန်မှန်ရှေ့ဆောင် စလုပ်တယ်။

ညီအစ်ကို ဂျေဒလီ ငယ်ငယ်တုန်းက သူတို့မောင်နှမနှစ်ယောက်ကို မိဘတွေက ဗေသလ အလည်အပတ် ခေါ်သွားတတ်တယ်။ ဒီလိုနဲ့ မောင်နှမနှစ်ယောက်စလုံး ဗေသလမှာ အမှုဆောင်ဖို့ ပန်းတိုင် ရှိလာကြတယ်။ တကယ်လည်း အမှုဆောင်ခွင့် ရလာကြတယ်။ ၁၉၉၀၊ စက်တင်ဘာလမှာ ဝေါကီးဗေသလကို ညီအစ်ကို ဂျေဒလီ ရောက်လာတယ်။ စစချင်း သန့်ရှင်းရေးဌာန၊ နောက်တော့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဌာနမှာ လုပ်တယ်။

အဲဒီအချိန်လောက်မှာပဲ အနီးအနားက စပိန်စကားပြောအသင်းတော်တွေ တိုးတက်လာပြီး ညီအစ်ကိုတွေ လိုအပ်နေတယ်။ ဒါနဲ့ စပိန်စကားပြောအသင်းတော်တစ်ခုမှာ ညီအစ်ကို ဂျေဒလီ ပူးပေါင်းပြီး စပိန်စကား စသင်ယူတယ်။ သိပ်မကြာခင်မှာပဲ တိုယ်နယ်တစ်ခုတည်းမှာ အမှုဆောင်နေတဲ့ ရှေ့ဆောင် ညီအစ်မ ဒမာရစ္စနဲ့ ဆုံတယ်။ နောက်တော့ လက်ထပ်ပြီး မောင်နှံစုံလိုက် ဗေသလမှာ အမှုဆောင်ကြတယ်။

၂၀၀၅ ခုနှစ်မှာ နှစ်ဖက်မိဘတွေကို ပြုစုစောင့်ရှောက်ပေးဖို့ ဗေသလကနေ ထွက်လိုက်ကြတယ်။ အဲဒီအတောအတွင်း မှန်မှန်ရှေ့ဆောင် လုပ်ကြတယ်။ ညီအစ်ကို ဂျေဒလီက ရှေ့ဆောင်လုပ်ငန်းသင်တန်း ပို့ချတယ်။ ဆေးရုံဆက်သွယ်ရေးကော်မတီနဲ့ ဒေသန္တရ ဆောက်လုပ်ရေးကော်မတီမှာ အမှုဆောင်တယ်။

၂၀၁၃ ခုနှစ်မှာ ဝေါဝစ်ဆောက်လုပ်ရေးစီမံကိန်းအတွက် ဗေသလကို ပြန်ဖိတ်ခေါ်ခံကြရတယ်။ အဲဒီနောက် ပက်တာစင်နဲ့ ဝေါကီးမှာလည်း အမှုဆောင်ကြတယ်။ ညီအစ်ကို ဂျေဒလီက ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနနဲ့ ဆေးရုံအချက်အလက် ဝန်ဆောင်မှုဌာနမှာ လုပ်တယ်။ ၂၀၂၃၊ မတ်လမှာ လုပ်ငန်းတော်ကော်မတီအကူအဖြစ် ခန့်အပ်ခံရတယ်။ ရခဲ့သမျှ တာဝန်တွေအကြောင်း ပြန်စဉ်းစားရင်း ဒီလိုပြောတယ်– “တာဝန်သစ်တွေ ရလာတဲ့အခါ တစ်ခါတလေ ထူပူသွားနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုအချိန်တွေဟာ ယေဟောဝါကို အားကိုးဖို့ သတိရရမယ့်အချိန်ပဲ။ ယေဟောဝါဟာ ဖြစ်ချင်တာမှန်သမျှ ဖြစ်လာစေတဲ့အရှင် ဖြစ်လို့ပါ။”

ညီအစ်ကို ဂျေးကော့ ရမ့်နဲ့ ဇနီး အင်းဂါ

ညီအစ်ကို ရမ့်ဟာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ မွေးဖွားတယ်။ ညီအစ်ကို ရမ့် ငယ်ငယ်တုန်းက မိခင်ဖြစ်သူဟာ အမှန်တရားမှာ မလှုပ်မရှားဖြစ်နေတယ်။ ဒါပေမဲ့ ညီအစ်ကို ရမ့်ကို ကျမ်းစာအမှန်တရား ကြိုးစားသွန်သင်ပေးတယ်။ ဒါ့အပြင် သစ္စာရှိ သက်သေခံတစ်ယောက် ဖြစ်တဲ့ အမေ့ဘက်က အဘွားဆီ ညီအစ်ကို ရမ့် နှစ်တိုင်း သွားလည်တတ်တယ်။ ကျမ်းစာအမှန်တရား ပိုစိတ်ဝင်စားလာအောင် အဘွား ကူညီပေးတယ်။ အသက် ၁၃ နှစ်မှာ ညီအစ်ကို ရမ့် ကျမ်းစာစလေ့လာတယ်။ ၁၉၉၂၊ စက်တင်ဘာ ၂၇ ရက်မှာ နှစ်ခြင်းခံတယ်။ ဝမ်းသာစရာက မိခင်ဖြစ်သူ ပြန်လှုပ်ရှားလာတယ်။ တစ်မိသားစုလုံး တိုးတက်လာပြီး နှစ်ခြင်းခံကြတယ်။

ရှေ့ဆောင်တွေ ဘယ်လောက် ပျော်ရွှင်ကြတယ်ဆိုတာ ညီအစ်ကို ရမ့် ငယ်ငယ်ကတည်းက သတိထားမိတယ်။ ဒါကြောင့် အထက်တန်းကျောင်းပြီးနောက် ၁၉၉၅၊ စက်တင်ဘာလမှာ ရှေ့ဆောင် စလုပ်တယ်။ ၂၀၀၀ ပြည့်နှစ်ရောက်တော့ ဟောပြောသူ ပိုလိုအပ်တဲ့ အီကွေဒေါနိုင်ငံမှာ သွားအမှုဆောင်တယ်။ ကနေဒါနိုင်ငံကနေ အီကွေဒေါကို လာအမှုဆောင်တဲ့ ရှေ့ဆောင် ညီအစ်မ အင်းဂါနဲ့ တွေ့ဆုံပြီး လက်ထပ်လိုက်တယ်။ လက်ထပ်ပြီးနောက် ကြေညာသူ အနည်းငယ်ပဲ ရှိတဲ့ အီကွေဒေါနိုင်ငံက မြို့လေးတစ်မြို့မှာ အမှုဆောင်ကြတယ်။ အခုဆိုရင် သိပ်တိုးတက်တဲ့ အသင်းတော်တစ်ခု အဲဒီမြို့မှာ ရှိနေပြီ။

နောက်တော့ အထူးရှေ့ဆောင် ခန့်အပ်ခံကြရတယ်။ အဲဒီနောက် တိုက်နယ်လုပ်ငန်းမှာ ပါဝင်ကြတယ်။ ၂၀၁၁ ခုနှစ်မှာ ၁၃၂ ကြိမ်မြောက် ဂိလဒ်သင်တန်း ဖိတ်ခေါ်ခံကြရတယ်။ သင်တန်းဆင်းပြီးနောက် ကမ္ဘာတစ်ဝန်းက ဒေသများစွာမှာ အမှုဆောင်ကြတယ်။ ဗေသလ၊ သာသနာပြု၊ တိုက်နယ် စသဖြင့် အမှုဆောင် အသွင်အပြင်အမျိုးမျိုးမှာ ပါဝင်ကြတယ်။ ညီအစ်ကို ရမ့်က သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းလည်း ပို့ချတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလ စတော့ အမေရိကန်ပြည်ထောင်စုကို ပြန်လာကြတယ်။ ဝေါကီးဗေသလကို ဖိတ်ခေါ်ခံရပြီး ညီအစ်ကို ရမ့်က လုပ်ငန်းတော်ဌာနမှာ လေ့ကျင့်ခံရတယ်။ နောက်တော့ အီကွေဒေါဌာနခွဲမှာ တာဝန်ပြန်ကျပြီး ညီအစ်ကို ရမ့်က ဌာနခွဲကော်မတီဝင်အဖြစ် အမှုဆောင်တယ်။ ၂၀၂၃ ခုနှစ်မှာ ဝေါဝစ်ကို ရောက်လာကြတယ်။ ၂၀၂၄၊ ဇန်နဝါရီလမှာ လုပ်ငန်းတော်ကော်မတီအကူအဖြစ် ညီအစ်ကို ရမ့် ခန့်အပ်ခံရတယ်။ ရခဲ့သမျှ တာဝန်တွေအကြောင်း ပြန်စဉ်းစားရင်း ဒီလိုပြောတယ်– “တာဝန်တစ်ခုကို ထူးခြားသွားစေတာက အမှုဆောင်ရတဲ့နေရာ မဟုတ်ဘူး။ တွဲအမှုဆောင်ရတဲ့သူတွေပဲ။”

ဒီညီအစ်ကိုတွေရဲ့ ကြိုးစားလုပ်ဆောင်မှုတွေကို ကျွန်တော်တို့ တန်ဖိုးထားကြပါတယ်။ ချစ်ခင်လေးစားကြပါတယ်။—ဖိ. ၂:၂၉။

အုပ်ချုပ်ရေးအဖွဲ့မှာ ဘိသိက်ခံ ညီအစ်ကို ၁၁ ယောက် ရှိပါတယ်– ကဲနက် ကွတ်၊ ဂေ့ချ် ဖလီဂါလ်၊ ဂဲရစ် လော့ရှ်၊ ဂျေးကော့ ရမ့်၊ ဂျိုဒီ ဂျေဒလီ၊ ဂျက်ဖရီ ဂျက်ဆင်၊ ဂျက်ဖရီ ဝင်ဒါ၊ စတီဗင် လက်၊ ဆယ်မြူအယ် ဟာ့ဒ်၊ ဒေးဗစ် စပလိန်း၊ မာ့ခ် ဆန်ဒါစန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ