ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb15 စာ. ၁၆-စာ. ၁၇ ပိုဒ်. ၄
  • ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန
  • ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို အရှိန်မြှင့်ခြင်း
    ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ဝတ်ပြုရာခန်းမတွေကို ဘာကြောင့် ဆောက်ရသလဲ။ ဘယ်လို ဆောက်ကြသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • ကပ်ရောဂါဘေး မတိုင်ခင် ဆောက်လုပ်ပြီးစီးသွားတဲ့ စီမံကိန်းများ
    အလှူငွေတွေကို အသုံးပြုပုံ
နောက်ထပ် ကြည့်ပါ
၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb15 စာ. ၁၆-စာ. ၁၇ ပိုဒ်. ၄
စာမျက်နှာ ၁၆ ပါ ရုပ်ပုံ

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

ကမ္ဘာချီ ဒီဇိုင်း/​ဆောက်လုပ်ရေးဌာန

ယေဟောဝါရဲ့အဖွဲ့အစည်းဟာ အရှိန်အဟုန်နဲ့တိုးတက်နေတာကြောင့် ဒေသများစွာမှာ နိုင်ငံတော်ခန်းမတွေ၊ စည်းဝေးပွဲခန်းမတွေ၊ သင်တန်းကျောင်းအဆောက်အအုံတွေ၊ ဘာသာပြန်ရုံးခွဲတွေ၊ ဌာနခွဲအဆောက်အအုံတွေ ပိုလိုအပ်လာတယ်။ ဒါကြောင့် ၂၀၁၃၊ အောက်တိုဘာလမှာ အုပ်ချုပ်ရေးအဖွဲ့က အဆောက်အအုံတွေ ဒီဇိုင်းဆွဲတာ၊ ဆောက်လုပ်တာ၊ မွမ်းမံတာ၊ ပြုပြင်ထိန်းသိမ်းတာကို အထိရောက်ဆုံးနဲ့ အသက်သာဆုံးလုပ်ဆောင်နိုင်ဖို့ ဌာနအသစ်တစ်ခုကို ဖွဲ့စည်းလိုက်တယ်။ အဲဒီဌာနသစ်ကို ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန လို့ခေါ်တယ်။ နယူးယောက်၊ ဘရွတ်ကလင် ကမ္ဘာ့ဌာနချုပ်မှာ တည်ရှိပြီး အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပုံနှိပ်ထုတ်ဝေရေးကော်မတီလက်အောက်မှာ လုပ်ဆောင်တယ်။

ဒီဌာနသစ်က ဩစတြေးလျ၊ ဂျာမနီ၊ တောင်အာဖရိက၊ အမေရိကန်ပြည်ထောင်စု ဌာနခွဲတွေမှာရှိတဲ့ ဒေသန္တရ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနတွေကို ကြီးကြပ်ပေးတယ်။ အဲဒီဌာနတွေက သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို စီမံညွှန်ကြားပေးတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးလုပ်ငန်းကို အရှိန်မြှင့်တင်ဖို့ပါပဲ။ အရင်တုန်းကဆိုရင် ဒေသန္တရဆောက်လုပ်ရေးကော်မတီရဲ့အကူအညီ ဒါမှမဟုတ် ငွေကြေးအခက်အခဲရှိတဲ့နိုင်ငံတွေအတွက်အစီအစဉ်ရဲ့ အကူအညီနဲ့ နိုင်ငံတော်ခန်းမတွေဆောက်လုပ်ခဲ့တယ်။ အခု အဲဒီအစီအစဉ်နှစ်ခုကို ပေါင်းလိုက်ပြီး နှစ်ခုစလုံးရဲ့နည်းစနစ်တွေကို ဆောက်လုပ်ရေးလုပ်ငန်း အရှိန်မြှင့်တင်ရာမှာ အကောင်းဆုံးအသုံးပြုနေပြီ။

နိုင်ငံတော်ခန်းမနဲ့စည်းဝေးပွဲခန်းမတွေ ပိုလိုအပ်နေတာကို ဖြည့်ဆည်းပေးနိုင်ဖို့ ဌာနခွဲတိုင်းမှာ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနကို ဖွဲ့စည်းခဲ့တယ်။ ဒီဌာနက ဌာနခွဲကော်မတီဆီ တိုက်ရိုက်အစီရင်ခံရတယ်။ အခုလို ပြုပြင်ပြောင်းလဲလိုက်တဲ့အတွက် ဌာနခွဲအားလုံးဟာ နိုင်ငံတော်ခန်းမနဲ့စည်းဝေးပွဲခန်းမတွေ ဆောက်လုပ်ရာမှာ ဒေသခံညီအစ်ကိုတွေကို ကူညီပေးမယ့် အချိန်ပြည့်ဆောက်လုပ်ရေးအမှုထမ်းတွေကို ခန့်အပ်နိုင်ပြီ။

၂၀၁၄၊ ဧပြီလမှာ ဘာသာပြန်ရုံးခွဲ ၉၀၊ စည်းဝေးပွဲခန်းမ ၃၅ ခုနဲ့ ဌာနခွဲဆောက်လုပ်ရေးစီမံကိန်း ၁၃၀ အပါအဝင် စီမံကိန်းကြီး ၂၇၀ ကျော်ကို ဆောက်လုပ်နေဆဲဖြစ်တယ်။ ဒါ့အပြင် နိုင်ငံတော်ခန်းမ ၁၄,၀၀၀ ကျော်ကို ဆောက်လုပ်ဖို့ ဒါမှမဟုတ် အကြီးစားပြုပြင်မွမ်းမံဖို့ အရေးတကြီးလိုအပ်နေတယ်။

ယေဟောဝါရဲ့ စည်းလုံးတဲ့လူမျိုးတော်ဟာ နိုင်ငံ၊ ယဉ်ကျေးမှု၊ ဘာသာစကားအတားအဆီးတွေကို ကျော်လွှားပြီး သန့်ရှင်းတဲ့နာမတော်ကို ချီးမွမ်းဂုဏ်တင်စရာဖြစ်စေတဲ့ အဆောက်အအုံတွေ ဆောက်လုပ်နေကြတယ်။ ဒါကိုတွေ့ရတာ တကယ့်ကိုယုံကြည်ခြင်းခိုင်ခံ့စေတယ် မဟုတ်လား။ ကမ္ဘာ့ဌာနချုပ်၊ ဝန်ထမ်းရေးရာကော်မတီရုံးခန်းမှာ အမှုဆောင်တဲ့ ဒန် မော်လ်ချန် အခုလိုပြောတယ်– “လုပ်စရာတွေ အများကြီးရှိနေသေးတယ်။ ဒါကြောင့် ဒီလုပ်ငန်းအတွက် ညီအစ်ကိုညီအစ်မတွေ ဆုတောင်းပေးတာ၊ အလှူငွေထည့်ဝင်တာကို ကျွန်တော်တို့ ကျေးဇူးတင်လေးမြတ်ပါတယ်။ စီမံကိန်းတွေမှာ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလားပေးဆပ်နေတဲ့ ညီအစ်ကိုညီအစ်မတွေကိုလည်း သိပ်ကျေးဇူးတင်ပါတယ်။”

၂၀၁၄၊ ဧပြီလမှာ စီမံကိန်းကြီး ၂၇၀ ကျော်ကို ဆောက်လုပ်နေဆဲဖြစ်တယ်။ အဲဒီမှာပါဝင်တာတွေက–

  • ဘာသာပြန်ရုံးခွဲ ၉၀

  • စည်းဝေးပွဲခန်းမ ၃၅ ခု

  • ဌာနခွဲဆောက်လုပ်ရေး စီမံကိန်း ၁၃၀

နိုင်ငံတော်ခန်းမ ၁၄,၀၀၀ ကျော်ကိုလည်း ဆောက်လုပ်ဖို့ ဒါမှမဟုတ် အကြီးစားပြုပြင် မွမ်းမံဖို့ အရေးတကြီးလိုအပ်နေတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ